Wednesday 29 April 2015

ဧပြီလ နောက်ဆုံးပတ်အတွင်း ဦးပိန် တံတာသို့ ခရီးသွား ၀င်ရောက်မှု ထက်ဝက်ကျော် လျော့ကျ

ဧပြီလ နောက်ဆုံးပတ် အတွင်း ဦးပိန်တံတားသို့ ပြည်တွင်း ပြည်ပမှ လာရောက် လည်ပတ်သူ ထက်ဝက် ကျော် လျော့နည်း သွားကြောင်း ဦးပိန် တံတား ပြုပြင် ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။  ခုသင်္ကြန် ပြီးချိန်မှာတော့ ဦးပိန်တံတားကို လာတာ တော်တော် နည်းသွား တယ်။ သင်္ကြန် မတိုင်ခင် ရက်က တစ်ရက်ကို တစ်သိန်းလောက် လာတယ်။ သင်္ကြန် မတိုင်ခင် တစ်လလောက်က တစ်ရက်ကို ငါးသောင်းခွဲလောက် ရှိတယ်။
ခုတော့ တစ်နေ့ကို တစ်သောင်း ခွဲလောက်ပဲ လာတယ် ဟု ဦးစိုးဝင်းက ပြောသည်။ အဆိုပါ တံတား ကြီးသည် နိုင်ငံခြားသားများ စိတ်ဝင်တစား လာရောက် လည်ပတ်ရာ နေရာ တစ်ခုတွင် ပါဝင်သော တံတားကြီး ဖြစ်သည်။ ဦးပိန်တံတားအား ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် တတိယ အကြိမ် ပြင်ဆင်မှု ပြီးစီးခဲ့ပြီး ကျပ်(၄၇) သိန်းကျော် ကုန်ကျခဲ့သည်။

အဓိကတော့ ပူတဲ့ရာသီ ရောက်လာပြီလေ။ နည်းတာတော့ တော်တော်လေး နည်းသွားတယ်။ အရင်ရက်က သင်္ကြန်းတွင်းမှာ တစ်သိန်းကျော် လောက်လာတယ်။ ခုကျ တစ်ရက်ကို တစ်သောင်းကျော် လောက်ပဲ လာတော့တယ်။ ခုနစ်လပိုင်းလောက် ဆိုရင်တော့ ပြန်များလာ နိုင်တယ်။ မိုးပြန်ရွာ တဲ့အချိန် ပေါ့။ ဒီနှစ်ပိုများလာ နိုင်တယ်။ နိုင်ငံရေး အခြေအနေ တည်ငြိမ်ဖို့ပဲ လိုတာပါ ဟု ဦးပိန်တံတား ပြုပြင် ထိန်းသိမ်းရေး ဘဏ္ဍာရေးမှူး ဦးကိုကိုအောင် က ပြောသည်။ ယခင်ရက်များတွင်း ဦးပိန် တံတား တည်ရှိရာ တောင်သမန်အင်း အတွင်းရှိ ငှက်လှေများ စီးနင်းမှုမှာ နိုင်ငံခြားသား ခရီးသွားများဖြင့် ပြည့်နေပြီး ယခု သီတင်းပတ် အတွင်း စီနင်းမှုမှာ တစ်ရက် (၁၆) စီးခန့်သာ စီးနင်းမှု ရှိကြောင်း ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း ကပြောသည်။

Messenger News Journal 

No comments:

Post a Comment