Wednesday 29 April 2015

နိုင်ငံသား နှစ်ဦးကို အင်ဒိုနီးရှားက မူးယစ်မှုဖြင့် ကွပ်မျက်လိုက်၍ သံအမတ်ဖြစ်သူကို သြစတြေးလျနိုင်ငံက ပြန်ခေါ်

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ဖမ်းမိထားသည့် သြစတြေးလျနိုင်ငံသား နှစ်ဦးကို ကွပ် မျက် လိုက်၍ သြစတြေးလျ သံအမတ်ဖြစ်သူကို သြစတြေးလျနိုင်ငံက ပြန်လည်ခေါ်ယူလိုက်သည်။

အင်ဒရူးချန်းနှင့် မိုင်ုရန်ဆူကူမာရန်းတို့ နှစ်ဦးသည် မူးယစ်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံက သေဒဏ်ပေးကွပ်မျက် သည့် လူရှစ်ဦးတွင် အပါအဝင်ဖြစ်ခဲ့သည်။ ၎င်းတို့ကို ဗုဒ္ဓဟူးနေ့ ညလယ်က နုဆာကမ်ဘန်ဂန်းတစ်ကျွန်း တွင် သေနတ်ဖြင့် ပစ်သတ်သေဒဏ် စီရင်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ကွပ်မျက်စီရင်သည့် အထဲတွင် ဘရာဇီးနိုင်ငံသား ရိုဒရီဂိုဂူလတ်တီလည်း ပါဝင်သဖြင့် ဘရာဇီးအစိုးရ ကလည်း ယင်းကိစ္စအပေါ် အလွန်စိတ်ပျက်ခြောက်ခြားကြောင်း ဖော်ပြသည်။

သြစတြေးလျနိုင်ငံသည် ၂၀၀၆ ခုနှစ်ကတည်းက ဖမ်းဆီးပြစ်ဒဏ်ပေးခြင်းခံရသည့် ၎င်းတို့ နိုင်ငံသား နှစ်ဦး ၏ သေဒဏ်မှ လွတ်ငြိမ်းရန် သံတမန်ရေးအရ ရေရှည်စည်းရုံး လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ပေးကွပ်မျက်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး လိုလည်းမလိုအပ်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ချန်းနှင့် ဆူကူမာရန်းတို့နှစ်ဦးက အကျဉ်းထောင်ကျနေစဉ် ပြန်လည်ထူထောင်ကာ ကောင်းကောင်းမွန်မွန် နေထိုင် လာသူများဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပြောခဲ့သည်။

REF : BBC

No comments:

Post a Comment