Friday 16 August 2013

လှိုင် သာယာမြို့နယ် တွင် မီးလောင်မှုဖြစ်

Photo: လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုဖြစ်
 Friday, August 16, 2013

၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ ထိုအိမ်မှ တဆင့်ရွှေမိတ်ဆွေဝပ်ရှော့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့်မီးသတ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး ဖြင့်ငြိမ်းသတ်ခဲ့၍ ၀၉၅၁ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်ပွါးရာသို့ အမှတ်(၂)ပြည်နယ်/တိုင်းမီးသတ်ရုံးများကွပ်ကဲရေးရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်တာဝန်ရှိသူများရောက်ရှိစစ်ဆေးခဲ့ပါသည်။

မီးလောင်မှုကြောင့်တန်ဘိုးငွေကျပ်(၂၁၀၀၀၀)ဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲသူ သန်းနိုင်စိုးအားလှိုင်သာယာမြို့မရဲစခန်း (ပ)၉၂၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့
ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ ထိုအိမ်မှ တဆင့်ရွှေမိတ်ဆွေဝပ်ရှော့သို့ ကူးစက်လောင် ကျွမ်း ခဲ့သဖြင့်မီးသတ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး ဖြင့်ငြိမ်းသတ်ခဲ့၍ ၀၉၅၁ အချိန်တွင် မီးငြိမ်း သွားခဲ့ ပါသည်။

အခင်းဖြစ်ပွါးရာသို့ အမှတ်(၂)ပြည်နယ်/တိုင်းမီးသတ်ရုံးများကွပ်ကဲရေးရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့် တာဝန်ရှိသူ များရောက်ရှိ စစ်ဆေးခဲ့ပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ် (၂၁၀၀၀၀)ဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲသူ သန်းနိုင်စိုး အား လှိုင်သာယာမြို့မရဲစခန်း (ပ)၉၂၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment