Sunday 26 May 2013

ဂျပန်နိုင်ငံ သည် အာရှဒေသ အတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြား ခဲ့သည့် စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong

Photo: ဂျပန်နိုင်ငံသည် အာရှဒေသ အတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည့် စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong

ဂျပန်နိုင်ငံသည် အာရှဒေသ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ်

Lee Hsien Loong က ယမန်နေ့က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အနေဖြင့် အရှေ့တောင် အာရှဒေသ တစ်ခုလုံးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ချိတ်ဆက်မှုများ တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ၊ စီးပွားရေး ကဏ္ဍ အနေဖြင့်လည်း အာရှပစိဖိတ် ဒေသများနှင့်ပါ လွတ်လပ်စွာ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ၊

လက်ရှိ တရုတ်နှင့် ဂျပန်နှစ်နိုင်ငံ အကြား ရေပိုင်နက် အငြင်းပွားမှုများကြောင့် တင်းမာမှုများ ရှိနေခြင်းနှင့် ပတ်သက်၍လည်း နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စေ့စပ်ညှိနှိုင်းကာ ဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်စေရန် လုပ်ဆောင်သင့်ကြောင်း ၊

ကုန်သွယ်ရေး ၊ ဆိုက်ဘာ ထောက်လှမ်းရေး ၊ လူ့အခွင့်အရေး အစရှိသည့် ကဏ္ဍများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား ဖြစ်ပေါ်လာနိုင်သည့် အရေးကိစ္စများနှင့် ပတ်သက်ပြီးလည်း နှစ်ဦးနှစ်ဘက် ခေါင်းဆောင်များအကြား ယုံကြည်မှုနှင့် နားလည်မှု ရှေ့ထားကာ အကောင်းဆုံး စေ့စပ် ညှိနှိုင်းသင့်ကြောင်း ပြောကြားခဲ့သည်။

ဖော်ပြပါ အင်အားကြီး နိုင်ငံများ အနေဖြင့် အချင်းချင်း ဆက်ဆံမှု များအား ထိခိုက်လာနိုင်သည့် ကိစ္စရပ်များကို ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စည်းမျဉ်းသစ်များ ရေးဆွဲကာ ဆွေးနွေးညှိနှိုင်းမှသာ မလိုလားအပ်သည့် ပဋိပက္ခများအား တားဆီးရာ ရောက်မည့်အပြင်

ပိုမိုငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာတစ်ခုဆီသို့ ဆက်လက် ချီတက်နိုင်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ် Mr.Lee က တိုကျိုမြို့တွင် ကျင်းပပြုလုပ်သော အာရှဒေသ၏ အနာဂတ် ညီလာခံတွင် အလေးအနက်ထား ပြောကြား သွားခဲ့သည်။

Source: CNA

MRTV4
ဂျပန်နိုင်ငံသည် အာရှဒေသ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong က ယမန်နေ့က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ အနေဖြင့် အရှေ့တောင် အာရှဒေသ တစ်ခုလုံးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ချိတ်ဆက်မှုများ တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ၊ စီးပွားရေး ကဏ္ဍ အနေဖြင့်လည်း အာရှပစိဖိတ် ဒေသ များနှင့်ပါ လွတ်လပ်စွာ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက် သင့်ကြောင်း ၊လက်ရှိ တရုတ်နှင့် ဂျပန်နှစ်နိုင်ငံ အကြား ရေပိုင်နက် အငြင်းပွားမှုများကြောင့် တင်းမာမှုများ ရှိနေခြင်းနှင့် ပတ်သက်၍လည်း နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စေ့စပ်ညှိနှိုင်းကာ ဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်စေရန် လုပ်ဆောင်သင့်ကြောင်း ၊
ကုန်သွယ်ရေး ၊ ဆိုက်ဘာ ထောက်လှမ်းရေး ၊ လူ့အခွင့်အရေး အစရှိသည့် ကဏ္ဍများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား ဖြစ်ပေါ်လာနိုင်သည့် အရေးကိစ္စများနှင့် ပတ်သက်ပြီး လည်း နှစ်ဦးနှစ် ဘက် ခေါင်းဆောင်များအကြား ယုံကြည်မှုနှင့် နားလည်မှု ရှေ့ထားကာ အကောင်းဆုံး စေ့စပ် ညှိနှိုင်း သင့်ကြောင်း ပြောကြားခဲ့သည်။
ဖော်ပြပါ အင်အားကြီး နိုင်ငံများ အနေဖြင့် အချင်းချင်း ဆက်ဆံမှု များအား ထိခိုက်လာနိုင်သည့် ကိစ္စရပ်များကို ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စည်းမျဉ်း သစ်များ ရေးဆွဲကာ ဆွေးနွေးညှိနှိုင်း မှသာ မလိုလားအပ်သည့် ပဋိပက္ခများအား တားဆီးရာ ရောက်မည့်အပြင်
ပိုမိုငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာတစ်ခုဆီသို့ ဆက်လက် ချီတက်နိုင်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ် Mr.Lee က တိုကျိုမြို့တွင် ကျင်းပပြုလုပ်သော အာရှဒေသ၏ အနာဂတ် ညီလာခံတွင် အလေးအနက်ထား ပြောကြား သွားခဲ့သည်။
Source: CNA
MRTV4

No comments:

Post a Comment