Friday 16 January 2015

လူကုန်ကူးမှုက ကျေးလက်ကနေ မြို့ပြကို တက်လာပြီ

Photo: လူကုန်ကူးမှုက ကျေးလက်ကနေ မြို့ပြကို တက်လာပြီ
Friday, January 16, 2015

မြန်မာနိုင်ငံအတွင်း နေရာအနှံ့ ဖြစ်ပေါ်နေသည့် ပြဿနာများထဲတွင် လူကုန်ကူးမှုလည်း ပါဝင်သည်။
လူကုန်ကူးခံရသည့် ဖြစ်ရပ်များ မကြာခဏ ပေါ်ထွက်နေသော်လည်း ဤအကြောင်းအရာကို အလေးထား ဆွေးနွေးပြောဆိုမှုများ နည်းပါးနေသေးသည်။
အလေးထားဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထဲတွင် အငြိမ်းစား ရဲမှူးကြီး ရာလျန်မုန်းလည်း ပါဝင်သည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး (ဗဟို) အဖွဲ့တွင် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးသည့် အငြိမ်းစား ရဲမှူးကြီးက မြန်မာနိုင်ငံ လူကုန်ကူးမှု အခြေအနေ၊ ပစ်မှတ် ဖြစ်ခံနေရသူများ၊ အနာဂတ်တွင် ဖြစ်လာနိုင်သည့် အနေအထား စသည့် အကြောင်းအရာများကို The Yangon Globe သတင်းဌာနသို့ မကြာသေးမီက ပြောပြခဲ့သည်။
 သတင်းထောက် ရဲကိုကို  ဆက်သွယ်မေးမြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

 ~   လူကုန်ကူးမှုဆိုတာ ဘာလဲ၊ ဘယ်အရာတွေကို လုပ်ဆောင်ရင် လူကုန်ကူးမှုမြောက်သလဲ။   

  -  လူကုန်ကူးမှုမြောက်တဲ့ ပြစ်မှု အင်္ဂါရပ် ၃ ခု နဲ့ ငြိစွန်းရင် လူကုန်ကူးမှုမြောက်ပါတယ်။ ပြုလုပ်မှု၊ အသုံးပြုမှုနည်းလမ်းနဲ့ အဓိကအနေနဲ့ ခေါင်းပုံဖြတ်ဖို့  ရည်ရွယ်ချက်ဖြစ်ပါတယ်။
 အလုပ်အကိုင် ပေးမယ်ဆိုပြီး လိမ်လည်လှည့်ဖြားပြီး သွေးဆောင်ခေါ်ဆောင်မှု၊  ၎င်းအပေါ် အမြတ်ထုတ်ရင် ဒါက ပြစ်မှုမြောက်တာပဲ။
နောက်တစ်ခု ... အလုပ်သမားတစ်ယောက်ဆီက ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရင် ဒါကပြစ်မှုမြောက်တာပဲလေ။
ဒီအချက်တွေနဲ့ ကင်းလွတ်တယ်ဆိုရင် အလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီပဲ ဖြစ်ဖြစ်၊ တခြား အလုပ်သမားပွဲစားတွေပဲ ဖြစ်ဖြစ် လူကုန်ကူးမှု မမြောက်ပါဘူး။

 ~     လူကုန်ကူးမှု ဖြစ်စေတာက ဘယ်လိုအကြောင်းအရာမျိုးတွေက တွန်းအားပေးနေတာလဲ။

 -  ကျွန်တော်တို့နိုင်ငံမှာ လူကုန်ကူးမှုအများဆုံးဖြစ်စေတဲ့အကြောင်းအရင်းက အလုပ်အကိုင် အခွင့်အလမ်း နည်းတယ်၊ ဆင်းရဲတဲ့လူဦးရေက များတော့ အနီးဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့မှာ အလုပ်သမားအဖြစ်နဲ့ သွားရောက်လုပ်ကိုင်တယ်။  
ဒီလို သွားရောက်လုပ်ကိုင်တဲ့ အထဲက လူကုန်ကူးမှုခံရတဲ့ အကြောင်းအရင်း ၅၀ ရာခိုင်နှုန်းက တရားမ၀င် သွားရောက် လုပ်ကိုင်တဲ့လူတွေပဲ။  အဲဒီလူတွေက လူကုန်ကူးမှုခံရတာ အများဆုံးဖြစ်တာတွေ့ရတယ်။

 ~   ဒီလိုကိစ္စမျိုးတွေ မဖြစ်အောင်  အစိုးရပိုင်းက  ဘယ်လိုဆောင်ရွက်သင့်လဲ။

 -  လူကုန်ကူးမှုကိစ္စဟာ ပျောက်ကွယ်သွားဖို့ မလွယ်ဘူး။  အစိုးရပိုင်းက ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို မှန်မှန်ကန်ရှာပြီး ဆောင်ရွက်ဖို့ လိုပါတယ်။  ဥပမာ ထိုင်းနိုင်ငံဆိုရင် စက်မှုထွန်းကားတဲ့နိုင်ငံဖြစ်တော့ သူတို့စီမှာ  အလုပ်သမား ခေါင်းပုံဖြတ်မှုတွေ၊ လူကုန်ကူးမှု ပြဿနာတွေ ကြီးထွားတယ်။  လိင်မှုဆိုင်ရာပိုင်းနဲ့ ပတ်သက်ပြီး နေရာရှိတော့ မိန်းကလေးတွေကို အရောင်းအ၀ယ် လုပ်တာတွေများတာ တွေ့ရတယ်။  နောက်ပြီး စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ ထွန်းကားတော့ အလုပ်သမားတွေ အများကြီးသုံးရတယ်။  အဲဒါတွေကို ကြည့်ရင် တဘက် က အကျိုးရှိပေမယ့် တဘက်မှာတော့ လူကုန်ကူးမှုကို အမြောက်အများ ဖြစ်စေတယ်။  အဲဒီတော့ သူတို့နိုင်ငံကလည်း ဒီလို ကိစ္စမျိုးတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ထုတ်ပြီး ဆောင်ရွက်ရမယ်။  အဲဒါဆိုရင် လူကုန်ကူးမှုတွေ လျော့ကျသွားမယ်။
လူကုန်ကူးမှုဖြစ်တဲ့အကြောင်းအရင်းကို အခုဆို သိနေပြီ၊  ဘယ်ကစဖြစ်လဲ ဆိုတာပေါ့၊   ဒါကို အစိုးရက ဘယ်လို လုပ်မှာလည်း ကိုယ့်နိုင်ငံက လူတွေ ခိုးမသွားနိုင်အောင် တရားဝင် အလုပ်သွားလုပ်လို့ ရအောင် နည်းလမ်းတွေ ရှာရတော့မှာပေါ့။  အလုပ်သမားအများဆုံး သွားရောက်တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့  အစိုးရခြင်း အလုပ်လုပ်လို့ရအောင် သဘောတူ စာချုပ်တွေ ချုပ်ဆိုပြီး တရားဝင် လုပ်ကိုင်ခွင့်ရအောင် လုပ်ပေးရမယ်။  ဒါမှ တရားမ၀င် အလုပ်သမားတွေ အနေနဲ့ အစိုးရရဲ့ လက်အောက်မှာ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ခွင့်ရရင် လူကုန်ကူးမှုတွေက လျော့နည်းသွားမယ်။

 ~   လက်ရှိ လူကုန်ကူးမှု အခြေအနေတွေကို ကြည့်မယ်ဆို နောက်ပိုင်း ပိုများလာဖို့ ရှိလား၊ ဒါမှ မဟုတ် လျော့နည်းသွားမှာလား။

  -  ဒီကိစ္စတွေကို ပြုလုပ်ပေးနိုင်တာက ဘယ်သူလဲ ဆိုတော့ ရဲလည်းမဟုတ်ဘူး။  ၀န်ကြီးဌာနကလည်း မဟုတ်ဘူး။   
နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးတော့ တရားမ၀င် ခိုးသွားစရာ မလိုအောင် ဖန်တီးပေးပြီး လုပ်ဆောင်ပေးရမှာပါ။  
ဒါကို နိုင်ငံတော်အစိုးရက မျက်နှာလွဲထားမှာလား။  ချက်ချင်းလုပ်ပေးရမယ့် အလုပ်တစ်ခုပါ။
 ဒါကိုမလုပ်ပေးရင်တော့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွေမှာလည်း လူကုန်ကူးမှုဟာ ရှေ့လျှောက် ပိုများလာဖို့ပဲ ရှိတယ်။

 ~  ဒါဆို အစိုးရပိုင်းက ပေါ်လစီပိုင်းတွေအပြင် တခြား ဘယ်လိုအပိုင်းတွေနဲ့ရော လူကုန်ကူးမှု လျော့နည်းသွားအောင် လုပ်ပေးနိုင်မလဲ။

 နောက်တနည်းက ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာအောင် လုပ်ပေးရမယ်။  နောက်ပြီး ပေးနေတဲ့ လုပ်အားခကိုလည်း အနီးစပ်ဆုံး နိုင်ငံတွေနဲ့ တန်းတူပေးနိုင်ရင် ကိုယ့်နိုင်ငံထဲက လူတွေကလည်း တခြားနိုင်ငံမှာ မလုပ်ကိုင်တော့ဘူး။
ဒီလိုမှ မလုပ်ပေးနိုင်ရင်လည်း တခြားနိုင်ငံမှာ တရားမ၀င်သွားလုပ်နေတဲ့ အလုပ်သမားတွေကို အစိုးရက တရားဝင် လုပ်ကိုင်ခွင့်ရအောင် အကာအကွယ်ပေးဖို့ လုပ်ဆောင်ပေးမယ်ဆိုရင် လူကုန်ကူးမှုက လျော့နည်းသွားလိမ့်မယ်။  ကျွန်တော်တို့ အဖွဲ့အစည်းတွေက လူကုန်ကူးမှု လျော့နည်းအောင် လုပ်ပေးနိုင်တာ ကိုင်းအဖျားလေးပဲ ပြုလုပ်ပေးနိုင်တယ်။  
တကယ် ပင်စည်ကြီးကို ခုတ်လှဲဖို့ဆိုရင် အစိုးရပိုင်းမှာ တာဝန်ရှိတယ်။

 ~  လူကုန်ကူးတဲ့ သူတွေက ဘယ်သူတွေကို အဓိက ပစ်မှတ်ထားပြီး ကျူးလွန်ကြတာလဲ။

 လူကုန်ကူးခံရတဲ့ သူတွေထဲမှာ အများဆုံး ပစ်မှတ်ထားခံရတာ ၁၀၀ ရာခိုင်နှုန်းမှာ မိန်းကလေးက ၈၀ ရာခိုင်နှုန်းလောက် ပါတယ်။  
လူကုန်ကူးတဲ့သူတွေက မိန်းကလေးတွေကို အဓိက ထားတာပဲ။  မိန်းကလေးဆိုရင် သူတို့အတွက် ပိုက်ဆံပိုရတယ်။  နောက်ပြီး လူကုန်ကူးခံရတဲ့ မိန်းကလေးတော်တော်များများက လိင်လုပ်သားကျေးကျွန်ဘ၀တွေ အများဆုံးရောက်သွားတယ်။  ယောင်္ကျားလေးတွေကျတော့ ငါးဖမ်းသဘောင်္တို့လို အလုပ်ကြမ်းနေရာတွေမှာဘဲ အသုံးပြုတာ တွေ့ရတယ်။

 ~  လူကုန်ကူးမှု ပြဿနာက နှစ်စဉ်လိုလို မြှင့်တက်နေတာ တွေ့ရတယ်။  အဲဒါဘာကြောင့်လို့ထင်ပါသလဲ။

  -  ဟိုတုန်းက တပ်မတော်အစိုးရလက်ထက်က ဆိုတော့ ဘယ်ဟာမဆို တင်းတင်းကျပ်ကျပ် လုပ်တာတွေ့ရတယ်။  
လုပ်တာကိုင်တာက စည်းနဲ့ ကမ်းနဲ့ လုပ်တာပေါ့။  ဟိုတုန်းကဆိုရင် အလုပ်အကြောင်းအရာနဲ့ ပတ်သက်ပြီး အခုလို လာရင် ကျနော်တို့က ခေါ်ပြီး မေးမြန်းလိုက်တယ်။  
လူကုန်ကူးမယ့်သူတွေဘက်က လှုပ်ရှားမှု ခက်တာပေါ့။  အခုကျတော့ ပြောရေးဆိုခွင့်လည်း ရှိတယ်၊ သွားလာခွင့်လည်း ရှိတယ်ဆိုတော့ သူတို့အတွက် ၀င်၊ ထွက်ရတာ လွတ်လပ်လာပြီလေ။  ဒီမိုကရေစီဆိုတာ တဘက်က ကောင်းတယ်။  တဘက်က ဆိုးကျိုးတွေလည်း ရှိတာပဲ။
 
~ တဘက်နိုင်ငံတွေအထိ လူကုန်ကူးခံရပြီး လိင်လုပ်သားတွေအဖြစ် လုပ်ကိုင်ရာကနေ   ပြန်ရောက်လာတဲ့ သူတွေ    အတွက်   မြန်မာပြည်မှာ ဘယ်လိုဆောင်ရွက်ပေးမှုတွေ ရှိပါသလဲ။

 -  လူကုန်ကူးမှု ခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူတွေကို ရှေ့ဆက် ဘ၀ ရပ်တည်နိုင်ဖို့အတွက် ဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။  
လူကုန်ကူးမှု တိုက်ဖျက်ရေး ရန်ပုံငွေ ထူထောင်ခွင့် ပေးထားတယ်၊ နိုင်ငံတော်ကလည်း ထည့်ရမယ်၊  ပြည်တွင်း၊ ပြည်ပအလှူရှင်တွေနဲ့ လုပ်ရမယ်ဆိုပြီး
အဲဒီက ရတဲ့ငွေတွေနဲ့ လူကုန်ကူးခံထားရတဲ့ သူတွေရဲ့ ဘ၀ကို ပြည်လည် ထူထောင်ပေးရမယ်ဆိုပြီး ဥပဒေက ပြဌာန်းထားတယ်။  
၂၀၀၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာ အခုဆို ၁၀ နှစ် ရှိသွားပြီ။  ဒီကိစ္စနဲ့ ပတ်သက်လို့ လုပ်ပေးတာ အရမ်း နည်းပါတယ်။  
အခု ဥပဒေကို ပြင်ဆင်  ရေးဆွဲဖို့ ကြိုးစားနေတယ်လို့ ပြောတယ်။  ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း ပြဋ္ဌာန်းချက်တွေကို အကောင်အထည်မဖော်ရင် ဒီဥပဒေက ဘာမှ ထူးလာမှာ မဟုတ်ဘူး။
လက်ရှိ ထောက်ပံ့ထားတဲ့ ငွေအနည်းငယ်နဲ့ သူတို့ဘ၀ ဘယ်လို ရပ်တည်ရမလဲ။  
အဲဒီအတွက် တချို့ဆို တဘက်နိုင်ငံကနေ လိင်လုပ်သားဘ၀က လွတ်မြောက်လာပေမယ့် ဒီနိုင်ငံထဲမှာ မိသားစုအတွက် လုံလောက်အောင် ထောက်ပံ့နိုင်တဲ့ အလုပ်ကောင်းကောင်း မရှိတာရယ်၊ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း သူတိုတွေရဲ့ဘ၀က ဒီလိင်လုပ်သားဘ၀တွေပဲ ပြန်ရောက်ရတာတွေ အများကြီးတွေ့ရတယ်။
တချို့ ဆိုရင် သူတို့ကိုယ်တိုင် ပိုက်ဆံရလွယ် (တယ် ဆိုပြီး) လူကုန်ကူးမှု ပြုလုပ်လာတာလည်း တွေ့ရတယ်။

 ~   လူကုန်ကူးတဲ့သူတွေဘက်က ဘယ်လို ဆောင်ရွက်လာတာ တွေ့ရသလဲ။

 -  အခုနောက်ပိုင်းဆို လူကုန်ကူးတဲ့သူတွေက ကျေးရွာတွေဘက်မှာ သိပ် မလှုပ်ရှားတော့ဘူး၊ မြို့ဘက်ကို အာရုံပြောင်းလာပြီ၊
ဘာလို့ဆို မြို့ပေါ်မှာက ရှာရတာ ပိုလွယ်လာလို့လို့ ပြောရမယ်။  ဟိုတုန်းကလို ကျေးရွာတွေမှာ ရှာမယ်ဆို နယ်ခံအသိတွေရှိမှ စည်းရုံးလို့ရတာလေ၊
 အခုဆိုရင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ပုဒ်တွေက နေရာအနှံ့မှာ ရှိနေတော့ သတိထားစရာတွေ ဖြစ်လာတယ်။  
  မြို့ပေါ်မှာက အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးမယ်၊ တယောက်နဲ့တယောက် ချိတ်ဆက်တာကလည်း လွယ်ကူတော့ မြို့ပေါ်မှာ အဖြစ်များလာတာ တွေ့ရတယ်။

 ~  လူကုန်ကူးမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ဆိုရင် ဘာတွေလုပ်သင့်သလဲ။   

 -   လူကုန်ကူးမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ကို တိုင်းတာတဲ့အခါမှာ များများဖမ်းရင်လည်း အဓိပ္ပာယ်က လူကုန်ကူးမှု များများဖြစ်တယ်လို့ ယူဆလို့ရတယ်။  
တချို့ကတော့   များများဖမ်းပြီး ထောင်ချနိုင်ရင် လုပ်ငန်းအောင်မြင်တယ်လို့ ပြောလို့ရတယ်ပေါ့ဗျာ။
 တဘက်ကပြန်ကြည့်ရင် ဒီလို အမှုများများ ဖမ်းနိုင်တော့ လူကုန်ကူးမှု များများဖြစ်လို့ အမှုဖြစ်တယ်ဆိုတဲ့ လက္ခဏာအညွှန်းကိန်း ဖြစ်နေတယ်။
 ကျွန်တော်တို့ အနေနဲ့တော့ အများကြီး ဖမ်းပြီး ထောင်ချနိုင်တာကို အောင်မြင်တယ်လို့ မယူဆဘူး။  
ကျွန်တော်တို့နိုင်ငံမှာ လူကုန်ကူးမှု ဖြစ်တဲ့ အကြောင်းအရင်းတွေကို ရှာပြီးတော့ ဒီဟာကို ဖြေရှင်းနိုင်သလား၊  ဒီလိုဖြေရှင်းနည်းဟာ လျော့ပါးသွားတယ်ဆိုရင် အောင်မြင်တယ်လို့ ယူဆတယ်၊  မလျှော့ချနိုင်ဘူးဆိုရင် မအောင်မြင်သေးဘူး ဒီအတိုင်းပဲ ဖြစ်နေဦးမယ်လို့ ယူဆပါတယ်။

 ~  အငြိမ်းစားယူပြီးနောက်ပိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာများ ရှိပါသလား။  

 -  လူကုန်ကူးမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်း အသင်း တည်ထောင်ဖို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး
လုပ်ဖို့ စီစဉ်နေပါတယ်။   အခု ဖောင်ဒေးရှင်းကတော့ လောလောဆယ်မှာ မှတ်ပုံတင်ထားဆဲပဲ ရှိသေးတယ်။
 အခု ကျွန်တော်တို့အသင်း အနေနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အခြေခံလိုအပ်ချက်များ ကူညီပေးနေတာတွေ၊ စခန်းတွေ ကူညီထောက်ပံ့တာတွေ ပြုလုပ်ပေးနေပါတယ်။
 ရောဂါဖြစ်ပွားနေတဲ့သူတွေ၊ ဆေးရုံမတင်နိုင်ရင် ကျွန်တော်တို့က ကူညီပြီး ကုသပေးနိုင်အောင် လုပ်ပေးနေပါတယ်။
လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံက လှူဒါန်းတဲ့ အဟာရ ဆန်များကို အာဟာရ ချို့တဲ့တဲ့ ကလေးများကို ကျွေးမွေးနေပါတယ်။     

The Yangon Globe 

ရန်ကုန်မြို့နေအိမ်တွင် မကြာသေးမီက တွေ့ရသော အငြိမ်းစား ရဲမှူးကြီး ရာလျန်မုန်း (ဓာတ်ပုံ  - ရဲကိုကို / The Yangon Globe)

မြန်မာနိုင်ငံအတွင်း နေရာအနှံ့ ဖြစ်ပေါ်နေသည့် ပြဿနာများထဲတွင် လူကုန်ကူးမှုလည်း ပါဝင်သည်။ လူကုန်ကူးခံရသည့် ဖြစ်ရပ်များ မကြာခဏ ပေါ်ထွက်နေသော်လည်း ဤအကြောင်းအရာကို အလေးထား ဆွေးနွေးပြောဆိုမှုများ နည်းပါးနေသေးသည်။

အလေးထားဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထဲတွင် အငြိမ်းစား ရဲမှူးကြီး ရာလျန်မုန်းလည်း ပါဝင်သည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး (ဗဟို) အဖွဲ့တွင် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးသည့် အငြိမ်းစား ရဲမှူးကြီးက မြန်မာနိုင်ငံ လူကုန်ကူးမှု အခြေအနေ၊ ပစ်မှတ် ဖြစ်ခံနေရသူများ၊ အနာဂတ်တွင် ဖြစ်လာနိုင် သည့် အနေအထား စသည့် အကြောင်းအရာများကို The Yangon Globe သတင်းဌာနသို့ မကြာသေးမီက ပြောပြခဲ့သည်။  သတင်းထောက် ရဲကိုကို  ဆက်သွယ်မေးမြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက် ပါသည်။

 ~   လူကုန်ကူးမှုဆိုတာ ဘာလဲ၊ ဘယ်အရာတွေကို လုပ်ဆောင်ရင် လူကုန်ကူးမှုမြောက်သလဲ။   

  -  လူကုန်ကူးမှုမြောက်တဲ့ ပြစ်မှု အင်္ဂါရပ် ၃ ခု နဲ့ ငြိစွန်းရင် လူကုန်ကူးမှုမြောက်ပါတယ်။ ပြုလုပ်မှု၊ အသုံးပြုမှုနည်းလမ်းနဲ့ အဓိကအနေနဲ့ ခေါင်းပုံဖြတ်ဖို့  ရည်ရွယ်ချက်ဖြစ်ပါတယ်။
 အလုပ်အကိုင် ပေးမယ်ဆိုပြီး လိမ်လည်လှည့်ဖြားပြီး သွေးဆောင်ခေါ်ဆောင်မှု၊  ၎င်းအပေါ် အမြတ်ထုတ်ရင် ဒါက ပြစ်မှုမြောက်တာပဲ။
နောက်တစ်ခု ... အလုပ်သမားတစ်ယောက်ဆီက ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရင် ဒါကပြစ်မှုမြောက်တာပဲလေ။
ဒီအချက်တွေနဲ့ ကင်းလွတ်တယ်ဆိုရင် အလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီပဲ ဖြစ်ဖြစ်၊ တခြား အလုပ်သမားပွဲစားတွေပဲ ဖြစ်ဖြစ် လူကုန်ကူးမှု မမြောက်ပါဘူး။

 ~     လူကုန်ကူးမှု ဖြစ်စေတာက ဘယ်လိုအကြောင်းအရာမျိုးတွေက တွန်းအားပေးနေတာလဲ။

 -  ကျွန်တော်တို့နိုင်ငံမှာ လူကုန်ကူးမှုအများဆုံးဖြစ်စေတဲ့အကြောင်းအရင်းက အလုပ်အကိုင် အခွင့်အလမ်း နည်းတယ်၊ ဆင်းရဲတဲ့လူဦးရေက များတော့ အနီးဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့မှာ အလုပ်သမားအဖြစ်နဲ့ သွားရောက်လုပ်ကိုင်တယ်။  
ဒီလို သွားရောက်လုပ်ကိုင်တဲ့ အထဲက လူကုန်ကူးမှုခံရတဲ့ အကြောင်းအရင်း ၅၀ ရာခိုင်နှုန်းက တရားမ၀င် သွားရောက် လုပ်ကိုင်တဲ့လူတွေပဲ။  အဲဒီလူတွေက လူကုန်ကူးမှုခံရတာ အများဆုံးဖြစ်တာတွေ့ရတယ်။

 ~   ဒီလိုကိစ္စမျိုးတွေ မဖြစ်အောင်  အစိုးရပိုင်းက  ဘယ်လိုဆောင်ရွက်သင့်လဲ။

 -  လူကုန်ကူးမှုကိစ္စဟာ ပျောက်ကွယ်သွားဖို့ မလွယ်ဘူး။  အစိုးရပိုင်းက ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို မှန်မှန်ကန်ရှာပြီး ဆောင်ရွက်ဖို့ လိုပါတယ်။  ဥပမာ ထိုင်းနိုင်ငံဆိုရင် စက်မှုထွန်းကားတဲ့နိုင်ငံဖြစ်တော့ သူတို့စီမှာ  အလုပ်သမား ခေါင်းပုံဖြတ်မှုတွေ၊ လူကုန်ကူးမှု ပြဿနာတွေ ကြီးထွားတယ်။  လိင်မှုဆိုင်ရာပိုင်းနဲ့ ပတ်သက်ပြီး နေရာရှိတော့ မိန်းကလေးတွေကို အရောင်းအ၀ယ် လုပ်တာတွေများတာ တွေ့ရတယ်။  နောက်ပြီး စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ ထွန်းကားတော့ အလုပ်သမားတွေ အများကြီးသုံးရတယ်။  အဲဒါတွေကို ကြည့်ရင် တဘက် က အကျိုးရှိပေမယ့် တဘက်မှာတော့ လူကုန်ကူးမှုကို အမြောက်အများ ဖြစ်စေတယ်။  အဲဒီတော့ သူတို့နိုင်ငံကလည်း ဒီလို ကိစ္စမျိုးတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ထုတ်ပြီး ဆောင်ရွက်ရမယ်။  အဲဒါဆိုရင် လူကုန်ကူးမှုတွေ လျော့ကျသွားမယ်။
လူကုန်ကူးမှုဖြစ်တဲ့အကြောင်းအရင်းကို အခုဆို သိနေပြီ၊  ဘယ်ကစဖြစ်လဲ ဆိုတာပေါ့၊   ဒါကို အစိုးရက ဘယ်လို လုပ်မှာလည်း ကိုယ့်နိုင်ငံက လူတွေ ခိုးမသွားနိုင်အောင် တရားဝင် အလုပ်သွားလုပ်လို့ ရအောင် နည်းလမ်းတွေ ရှာရတော့မှာပေါ့။  အလုပ်သမားအများဆုံး သွားရောက်တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့  အစိုးရခြင်း အလုပ်လုပ်လို့ရအောင် သဘောတူ စာချုပ်တွေ ချုပ်ဆိုပြီး တရားဝင် လုပ်ကိုင်ခွင့်ရအောင် လုပ်ပေးရမယ်။  ဒါမှ တရားမ၀င် အလုပ်သမားတွေ အနေနဲ့ အစိုးရရဲ့ လက်အောက်မှာ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ခွင့်ရရင် လူကုန်ကူးမှုတွေက လျော့နည်းသွားမယ်။

 ~   လက်ရှိ လူကုန်ကူးမှု အခြေအနေတွေကို ကြည့်မယ်ဆို နောက်ပိုင်း ပိုများလာဖို့ ရှိလား၊ ဒါမှ မဟုတ် လျော့နည်းသွားမှာလား။

  -  ဒီကိစ္စတွေကို ပြုလုပ်ပေးနိုင်တာက ဘယ်သူလဲ ဆိုတော့ ရဲလည်းမဟုတ်ဘူး။  ၀န်ကြီးဌာနကလည်း မဟုတ်ဘူး။   
နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးတော့ တရားမ၀င် ခိုးသွားစရာ မလိုအောင် ဖန်တီးပေးပြီး လုပ်ဆောင်ပေးရမှာပါ။  
ဒါကို နိုင်ငံတော်အစိုးရက မျက်နှာလွဲထားမှာလား။  ချက်ချင်းလုပ်ပေးရမယ့် အလုပ်တစ်ခုပါ။
 ဒါကိုမလုပ်ပေးရင်တော့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွေမှာလည်း လူကုန်ကူးမှုဟာ ရှေ့လျှောက် ပိုများလာဖို့ပဲ ရှိတယ်။

 ~  ဒါဆို အစိုးရပိုင်းက ပေါ်လစီပိုင်းတွေအပြင် တခြား ဘယ်လိုအပိုင်းတွေနဲ့ရော လူကုန်ကူးမှု လျော့နည်းသွားအောင် လုပ်ပေးနိုင်မလဲ။

 နောက်တနည်းက ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာအောင် လုပ်ပေးရမယ်။  နောက်ပြီး ပေးနေတဲ့ လုပ်အားခကိုလည်း အနီးစပ်ဆုံး နိုင်ငံတွေနဲ့ တန်းတူပေးနိုင်ရင် ကိုယ့်နိုင်ငံထဲက လူတွေကလည်း တခြားနိုင်ငံမှာ မလုပ်ကိုင်တော့ဘူး။
ဒီလိုမှ မလုပ်ပေးနိုင်ရင်လည်း တခြားနိုင်ငံမှာ တရားမ၀င်သွားလုပ်နေတဲ့ အလုပ်သမားတွေကို အစိုးရက တရားဝင် လုပ်ကိုင်ခွင့်ရအောင် အကာအကွယ်ပေးဖို့ လုပ်ဆောင်ပေးမယ်ဆိုရင် လူကုန်ကူးမှုက လျော့နည်းသွားလိမ့်မယ်။  ကျွန်တော်တို့ အဖွဲ့အစည်းတွေက လူကုန်ကူးမှု လျော့နည်းအောင် လုပ်ပေးနိုင်တာ ကိုင်းအဖျားလေးပဲ ပြုလုပ်ပေးနိုင်တယ်။  
တကယ် ပင်စည်ကြီးကို ခုတ်လှဲဖို့ဆိုရင် အစိုးရပိုင်းမှာ တာဝန်ရှိတယ်။

 ~  လူကုန်ကူးတဲ့ သူတွေက ဘယ်သူတွေကို အဓိက ပစ်မှတ်ထားပြီး ကျူးလွန်ကြတာလဲ။

 လူကုန်ကူးခံရတဲ့ သူတွေထဲမှာ အများဆုံး ပစ်မှတ်ထားခံရတာ ၁၀၀ ရာခိုင်နှုန်းမှာ မိန်းကလေးက ၈၀ ရာခိုင်နှုန်းလောက် ပါတယ်။  
လူကုန်ကူးတဲ့သူတွေက မိန်းကလေးတွေကို အဓိက ထားတာပဲ။  မိန်းကလေးဆိုရင် သူတို့အတွက် ပိုက်ဆံပိုရတယ်။  နောက်ပြီး လူကုန်ကူးခံရတဲ့ မိန်းကလေးတော်တော်များများက လိင်လုပ်သားကျေးကျွန်ဘ၀တွေ အများဆုံးရောက်သွားတယ်။  ယောင်္ကျားလေးတွေကျတော့ ငါးဖမ်းသဘောင်္တို့လို အလုပ်ကြမ်းနေရာတွေမှာဘဲ အသုံးပြုတာ တွေ့ရတယ်။

 ~  လူကုန်ကူးမှု ပြဿနာက နှစ်စဉ်လိုလို မြှင့်တက်နေတာ တွေ့ရတယ်။  အဲဒါဘာကြောင့်လို့ထင်ပါသလဲ။

  -  ဟိုတုန်းက တပ်မတော်အစိုးရလက်ထက်က ဆိုတော့ ဘယ်ဟာမဆို တင်းတင်းကျပ်ကျပ် လုပ်တာတွေ့ရတယ်။  
လုပ်တာကိုင်တာက စည်းနဲ့ ကမ်းနဲ့ လုပ်တာပေါ့။  ဟိုတုန်းကဆိုရင် အလုပ်အကြောင်းအရာနဲ့ ပတ်သက်ပြီး အခုလို လာရင် ကျနော်တို့က ခေါ်ပြီး မေးမြန်းလိုက်တယ်။  
လူကုန်ကူးမယ့်သူတွေဘက်က လှုပ်ရှားမှု ခက်တာပေါ့။  အခုကျတော့ ပြောရေးဆိုခွင့်လည်း ရှိတယ်၊ သွားလာခွင့်လည်း ရှိတယ်ဆိုတော့ သူတို့အတွက် ၀င်၊ ထွက်ရတာ လွတ်လပ်လာပြီလေ။  ဒီမိုကရေစီဆိုတာ တဘက်က ကောင်းတယ်။  တဘက်က ဆိုးကျိုးတွေလည်း ရှိတာပဲ။

~ တဘက်နိုင်ငံတွေအထိ လူကုန်ကူးခံရပြီး လိင်လုပ်သားတွေအဖြစ် လုပ်ကိုင်ရာကနေ   ပြန်ရောက်လာတဲ့ သူတွေ    အတွက်   မြန်မာပြည်မှာ ဘယ်လိုဆောင်ရွက်ပေးမှုတွေ ရှိပါသလဲ။

 -  လူကုန်ကူးမှု ခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သူတွေကို ရှေ့ဆက် ဘ၀ ရပ်တည်နိုင်ဖို့အတွက် ဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။  
လူကုန်ကူးမှု တိုက်ဖျက်ရေး ရန်ပုံငွေ ထူထောင်ခွင့် ပေးထားတယ်၊ နိုင်ငံတော်ကလည်း ထည့်ရမယ်၊  ပြည်တွင်း၊ ပြည်ပအလှူရှင်တွေနဲ့ လုပ်ရမယ်ဆိုပြီး
အဲဒီက ရတဲ့ငွေတွေနဲ့ လူကုန်ကူးခံထားရတဲ့ သူတွေရဲ့ ဘ၀ကို ပြည်လည် ထူထောင်ပေးရမယ်ဆိုပြီး ဥပဒေက ပြဌာန်းထားတယ်။  
၂၀၀၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာ အခုဆို ၁၀ နှစ် ရှိသွားပြီ။  ဒီကိစ္စနဲ့ ပတ်သက်လို့ လုပ်ပေးတာ အရမ်း နည်းပါတယ်။  
အခု ဥပဒေကို ပြင်ဆင်  ရေးဆွဲဖို့ ကြိုးစားနေတယ်လို့ ပြောတယ်။  ဥပဒေတွေ ဘယ်လောက်ပဲ ကောင်းကောင်း ပြဋ္ဌာန်းချက်တွေကို အကောင်အထည်မဖော်ရင် ဒီဥပဒေက ဘာမှ ထူးလာမှာ မဟုတ်ဘူး။
လက်ရှိ ထောက်ပံ့ထားတဲ့ ငွေအနည်းငယ်နဲ့ သူတို့ဘ၀ ဘယ်လို ရပ်တည်ရမလဲ။  
အဲဒီအတွက် တချို့ဆို တဘက်နိုင်ငံကနေ လိင်လုပ်သားဘ၀က လွတ်မြောက်လာပေမယ့် ဒီနိုင်ငံထဲမှာ မိသားစုအတွက် လုံလောက်အောင် ထောက်ပံ့နိုင်တဲ့ အလုပ်ကောင်းကောင်း မရှိတာရယ်၊ နောက်ပြီး ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း သူတိုတွေရဲ့ဘ၀က ဒီလိင်လုပ်သားဘ၀တွေပဲ ပြန်ရောက်ရတာတွေ အများကြီးတွေ့ရတယ်။
တချို့ ဆိုရင် သူတို့ကိုယ်တိုင် ပိုက်ဆံရလွယ် (တယ် ဆိုပြီး) လူကုန်ကူးမှု ပြုလုပ်လာတာလည်း တွေ့ရတယ်။

 ~   လူကုန်ကူးတဲ့သူတွေဘက်က ဘယ်လို ဆောင်ရွက်လာတာ တွေ့ရသလဲ။

 -  အခုနောက်ပိုင်းဆို လူကုန်ကူးတဲ့သူတွေက ကျေးရွာတွေဘက်မှာ သိပ် မလှုပ်ရှားတော့ဘူး၊ မြို့ဘက်ကို အာရုံပြောင်းလာပြီ၊
ဘာလို့ဆို မြို့ပေါ်မှာက ရှာရတာ ပိုလွယ်လာလို့လို့ ပြောရမယ်။  ဟိုတုန်းကလို ကျေးရွာတွေမှာ ရှာမယ်ဆို နယ်ခံအသိတွေရှိမှ စည်းရုံးလို့ရတာလေ၊
 အခုဆိုရင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ပုဒ်တွေက နေရာအနှံ့မှာ ရှိနေတော့ သတိထားစရာတွေ ဖြစ်လာတယ်။  
  မြို့ပေါ်မှာက အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးမယ်၊ တယောက်နဲ့တယောက် ချိတ်ဆက်တာကလည်း လွယ်ကူတော့ မြို့ပေါ်မှာ အဖြစ်များလာတာ တွေ့ရတယ်။

 ~  လူကုန်ကူးမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ဆိုရင် ဘာတွေလုပ်သင့်သလဲ။   

 -   လူကုန်ကူးမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ကို တိုင်းတာတဲ့အခါမှာ များများဖမ်းရင်လည်း အဓိပ္ပာယ်က လူကုန်ကူးမှု များများဖြစ်တယ်လို့ ယူဆလို့ရတယ်။  
တချို့ကတော့   များများဖမ်းပြီး ထောင်ချနိုင်ရင် လုပ်ငန်းအောင်မြင်တယ်လို့ ပြောလို့ရတယ်ပေါ့ဗျာ။
 တဘက်ကပြန်ကြည့်ရင် ဒီလို အမှုများများ ဖမ်းနိုင်တော့ လူကုန်ကူးမှု များများဖြစ်လို့ အမှုဖြစ်တယ်ဆိုတဲ့ လက္ခဏာအညွှန်းကိန်း ဖြစ်နေတယ်။
 ကျွန်တော်တို့ အနေနဲ့တော့ အများကြီး ဖမ်းပြီး ထောင်ချနိုင်တာကို အောင်မြင်တယ်လို့ မယူဆဘူး။  
ကျွန်တော်တို့နိုင်ငံမှာ လူကုန်ကူးမှု ဖြစ်တဲ့ အကြောင်းအရင်းတွေကို ရှာပြီးတော့ ဒီဟာကို ဖြေရှင်းနိုင်သလား၊  ဒီလိုဖြေရှင်းနည်းဟာ လျော့ပါးသွားတယ်ဆိုရင် အောင်မြင်တယ်လို့ ယူဆတယ်၊  မလျှော့ချနိုင်ဘူးဆိုရင် မအောင်မြင်သေးဘူး ဒီအတိုင်းပဲ ဖြစ်နေဦးမယ်လို့ ယူဆပါတယ်။

 ~  အငြိမ်းစားယူပြီးနောက်ပိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာများ ရှိပါသလား။  

 -  လူကုန်ကူးမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်း အသင်း တည်ထောင်ဖို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး
လုပ်ဖို့ စီစဉ်နေပါတယ်။   အခု ဖောင်ဒေးရှင်းကတော့ လောလောဆယ်မှာ မှတ်ပုံတင်ထားဆဲပဲ ရှိသေးတယ်။
 အခု ကျွန်တော်တို့အသင်း အနေနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အခြေခံလိုအပ်ချက်များ ကူညီပေးနေတာတွေ၊ စခန်းတွေ ကူညီထောက်ပံ့တာတွေ ပြုလုပ်ပေးနေပါတယ်။
 ရောဂါဖြစ်ပွားနေတဲ့သူတွေ၊ ဆေးရုံမတင်နိုင်ရင် ကျွန်တော်တို့က ကူညီပြီး ကုသပေးနိုင်အောင် လုပ်ပေးနေပါတယ်။
လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံက လှူဒါန်းတဲ့ အဟာရ ဆန်များကို အာဟာရ ချို့တဲ့တဲ့ ကလေးများကို ကျွေးမွေးနေပါတယ်။     

The Yangon Globe 

No comments:

Post a Comment