Friday 16 January 2015

ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ ပြသခဲ့တဲ့ လိင်ပညာပေး အစီအစဉ် ဝေဖန်ခံရ

Photo: ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ ပြသခဲ့တဲ့ လိင်ပညာပေး အစီအစဉ် ဝေဖန်ခံရ
Friday, January 16, 2015

ဆွီဒင်နိုင်ငံမှာ အမျိုးသားလိင်အင်္ဂါနဲ့ အမျိုးသမီးလိင် အင်္ဂါတို့ကို ကာတွန်းပုံစံ ပြုလုပ်ပြီး လိင်ပညာပေးအစီအစဉ်အဖြစ် ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ  ပြသခဲ့တဲ့အတွက် မိဘတွေက အလွန်အမင်း ဒေါသထွက်နေကြပါတယ်။

ဒါပေမယ့်လည်း ထိုအစီအစဉ်ဟာ YouTube မှာ အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုနိုင်တဲ့ အစီအစဉ်နဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုပြီးဖြစ်ပါတယ်။

မိနစ်ပိုင်းသာ ရှည်ကြာတဲ့ ထို Animation ဗီဒီယိုဟာဆွီဒင် နိုင်ငံရဲ့ ကလေးအစီအစဉ် တစ်ခုဖြစ်တဲ့ Bacillakutenမှာ ပြီးခဲ့တဲ့ အပတ်က ပြသခဲ့တာဖြစ်ပါတယ်။

ထိုဗီဒီယိုထဲမှာတော့ ကလေးငယ်တွေအတွက် ပိုမိုရင်းနှီးမှုရရှိစေရန် အမျိုးသားလိင် အင်္ဂါရဲ့ ကာတွန်းဇာတ်ကောင်အမည်ကို Snippလို့ အမည်ပေးထားပြီး အမျိုးသမီးလိင်အင်္ဂါရဲ့ ကာတွန်းဇာတ်ကောင်အမည်ကို Snoppလို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

ထိုဗီဒီယိုနဲ့ ပတ်သက်ပြီးတော့လည်း Facebook နဲ့ YouTube တို့မှာ ဝေဖန်မှုတွေ ကြုံတွေ့နေရပြီး Bacillakuten အစီအစဉ်ရဲ့ မန်နေဂျာ ဖြစ်တဲ့ Kajsa Peters ကတော့ ဒါဟာ ကလေးတွေကို လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့  လုပ်ဆောင်ချက်တွေကို နားလည်စေဖို့ သင်ကြားပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Ref:mirror.co.uk
Trend Myanmar
ဆွီဒင်နိုင်ငံမှာ အမျိုးသားလိင်အင်္ဂါနဲ့ အမျိုးသမီးလိင် အင်္ဂါတို့ကို ကာတွန်းပုံစံ ပြုလုပ်ပြီး လိင်ပညာပေး အစီ အစဉ်အဖြစ် ကလေးငယ်တွေရဲ့ တီဗွီအစီအစဉ်မှာ  ပြသခဲ့တဲ့အတွက် မိဘတွေက အလွန်အမင်း ဒေါသ ထွက်နေ ကြပါတယ်။

ဒါပေမယ့်လည်း ထိုအစီအစဉ်ဟာ YouTube မှာ အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုနိုင်တဲ့ အစီအစဉ်နဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုပြီးဖြစ်ပါတယ်။

မိနစ်ပိုင်းသာ ရှည်ကြာတဲ့ ထို Animation ဗီဒီယိုဟာဆွီဒင် နိုင်ငံရဲ့ ကလေးအစီအစဉ် တစ်ခုဖြစ်တဲ့ Bacillakutenမှာ ပြီးခဲ့တဲ့ အပတ်က ပြသခဲ့တာဖြစ်ပါတယ်။

ထိုဗီဒီယိုထဲမှာတော့ ကလေးငယ်တွေအတွက် ပိုမိုရင်းနှီးမှုရရှိစေရန် အမျိုးသားလိင် အင်္ဂါရဲ့ ကာတွန်း ဇာတ်ကောင်အမည်ကို Snippလို့ အမည်ပေးထားပြီး အမျိုးသမီးလိင်အင်္ဂါရဲ့ ကာတွန်းဇာတ်ကောင် အမည်ကို Snoppလို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

ထိုဗီဒီယိုနဲ့ ပတ်သက်ပြီးတော့လည်း Facebook နဲ့ YouTube တို့မှာ ဝေဖန်မှုတွေ ကြုံတွေ့နေရပြီး Bacillakuten အစီအစဉ်ရဲ့ မန်နေဂျာ ဖြစ်တဲ့ Kajsa Peters ကတော့ ဒါဟာ ကလေးတွေကို လူ တစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့  လုပ်ဆောင်ချက်တွေကို နားလည်စေဖို့ သင်ကြားပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Ref:mirror.co.uk
Trend Myanmar 

No comments:

Post a Comment