Friday 16 January 2015

Apple Pay စနစ်ကို အမေရိကန်ဘဏ်(Bank of America) တစ်ခုတည်းမှာပင် 1.1 မီလီယံအထိ အသုံးပြုနေ

Photo: Apple Pay စနစ်ကို အမေရိကန်ဘဏ်(Bank of America) တစ်ခုတည်းမှာပင် 1.1 မီလီယံအထိ အသုံးပြုနေ
Friday, January 16, 2015

အမေရိကန်ဘဏ်(Bank of America) ဟာ Apple Pay ရဲ့ အဓိက ပါတနာဘဏ် တစ်ခု ဖြစ်ပြီး အဆိုပါဘဏ်တစ်ခုတည်းကနေ Apple ရဲ့ Apple Pay ငွေပေးချေမှုစနစ်ကို အသုံးပြုသူပေါင်း ၈ သိန်းကျော်ရှိပြီး အဆိုပါ ရလဒ်များ အရ အမေရိကန်ဘဏ် (Bank of America) တစ်ခုတည်းမှာပင် Apple Pay ငွေပေးချေမှု စနစ်ကို အသုံးပြုသည့် ကဒ်အရေအတွက် ၁.၁ မိလီယံကျော်ရှိ တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ Apple Pay ငွေပေးချေမှုနစ်ဟာ တစ်ဖြည်းဖြည်းနှင့် အသုံးပြုသူ အရေအတွက် တိုးပွားလာနေပြီး အခြားငွေပေးချေမှုစနစ်ကို အသုံးပြုတဲ့ စတိုးတွေနဲ့ပါ ချိတ်ဆက်လာပါပြီ။ ကယ်လီဖိုးနီး ယားပြည် နယ် မြောက် ဘက်ပိုင်း နှင့် နီဗားဒါးပြည်နယ်တို့မှာ ရှိတဲ့ အမေရိကန်ရဲ့ Super Market တွေဖြစ်သော Lucky , Save Mart နှင့် FoodMaxx တို့လို ဆိုင်တွေ မှာတောင် Apple Pay ငွေပေးချေမှုကို စတင်လက်ခံနေပြီလို့ဆိုပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှာ L & N Federal Credit Union, UW Credit Union နှင့် M & T Bank တို့အပါအ၀င် အခြားသော ဘဏ် ၂၃ ခုထက်မနည်း မှာလဲ အဆိုပါ Apple Pay ငွေပေးချေမှုစနစ်ကို စတင်လက်ခံ အသုံးပြုနေပြီဖြစ် ပါတယ်။

Ref : GSM ARENA
Yangon Media Group
အမေရိကန်ဘဏ်(Bank of America) ဟာ Apple Pay ရဲ့ အဓိက ပါတနာဘဏ် တစ်ခုဖြစ်ပြီး အဆိုပါ ဘဏ်တစ်ခုတည်းကနေ Apple ရဲ့ Apple Pay ငွေပေးချေမှုစနစ်ကို အသုံးပြုသူပေါင်း ၈ သိန်းကျော်ရှိပြီး အဆိုပါရလဒ်များအရ အမေရိကန်ဘဏ် (Bank of America) တစ်ခုတည်းမှာပင် Apple Pay ငွေပေးချေမှု စနစ်ကို အသုံးပြုသည့် ကဒ်အရေအတွက် ၁.၁ မိလီယံကျော်ရှိ တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ Apple Pay ငွေပေးချေမှုနစ်ဟာ တစ်ဖြည်းဖြည်းနှင့် အသုံးပြုသူ အရေအတွက် တိုးပွားလာနေပြီး အခြားငွေပေးချေမှုစနစ်ကို အသုံးပြုတဲ့ စတိုးတွေနဲ့ပါ ချိတ်ဆက်လာပါပြီ။ ကယ်လီဖိုးနီး ယားပြည်နယ် မြောက် ဘက်ပိုင်း နှင့် နီဗားဒါးပြည်နယ်တို့မှာ ရှိတဲ့ အမေရိကန်ရဲ့ Super Market တွေဖြစ်သော Lucky , Save Mart နှင့် FoodMaxx တို့လို ဆိုင်တွေ မှာတောင် Apple Pay ငွေပေးချေမှုကို စတင်လက်ခံနေပြီလို့ ဆိုပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှာ L & N Federal Credit Union, UW Credit Union နှင့် M & T Bank တို့အပါအ၀င် အခြားသော ဘဏ် ၂၃ ခုထက်မနည်း မှာလဲ အဆိုပါ Apple Pay ငွေပေးချေမှုစနစ်ကို စတင်လက်ခံ အသုံးပြုနေပြီဖြစ် ပါတယ်။

Ref : GSM ARENA
Yangon Media Group 

No comments:

Post a Comment