Friday 16 January 2015

ဖုန်းငွေဖြည့်ကတ် အခွန်ကောက်ရန် ဆွေးနွေးနေ

မိုဘိုင်းဖုန်း ငွေဖြည့်ကတ် အသုံးပြုသည့် အပေါ် ၅ ရာခိုင် နှုန်း အခွန် ကောက်ခံရန် အစိုးရ အဖွဲ့နှင့် ဆွေးနွေးမှုပြုလုပ်နေပြီး ယခု နှစ်ဝကအတွင်း လုပ်ဆောင်ဖွယ်ရှိကြောင်း ဆက်သွယ်ရေးအော်ပရေတာများ ထံမှ သိရသည်။

လက်ရှိတွင် ၂ဝ၁၄ ဒီဇင်ဘာလမှစတင်ကာ မိုဘိုင်းဖုန်း ငွေ ဖြည့် ကတ်ထည့်သွင်းရာတွင် အခွန် ကောက်ခံ ရန် ပြည်တွင်း အခွန် ဦးစီးဌာနမှ ဆက်သွယ်ရေး အော် ပရေတာ များအား ညွှန်ကြားထား သော်လည်း မည်သည့် ဆက်သွယ် ရေး အော်ပရေတာ မှ ကောက်ခံ ခြင်း မရှိသေးကြောင်း သိရသည်။

အခွန် ကောက်ခံမှုနှင့် ပတ်သက်၍ နော်ဝေ အခြေစိုက် တယ် လီနော မြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ”အခြား အော်ပရေ တာတွေ ကောက် တဲ့ အချိန်ကျမှပဲ အခွန် ကောက်မှာပါ။ လောလောဆယ် တော့ အပိုဆောင်း အနေ နဲ့ ပြန် ထည့်ပေးထားပါတယ်။ ငွေမနုတ် သေးပါဘူး။ ကောက်တဲ့ အခါမှာ လည်း ဘယ်လို ပုံစံနဲ့ ကောက်မလဲ ဆိုတာ အစိုးရအဖွဲ့ နဲ့ ဆွေးနွေးနေ ပါတယ်” ဟု ပြောသည်။

အလားတူ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ထွန်း ကလည်း MPT အနေနှင့် လောလောဆယ် အခွန် မကောက်သေးကြောင်း၊ ဥပဒေ ပြဋ္ဌာန်း ထားသည့် အတိုင်း လုပ်ဆောင် မည် ဖြစ်ကြောင်း ၊အားလုံး ပြီးစီးပါက ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးမှု မပြတ် သေး ကြောင်း ပြော သည်။

ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီအူရီဒူးမှ တာဝန်ရှိသူ တစ်ဦးကလည်း ယခုအချိန် တွင် အခွန်နှင့် ပတ်သက်၍ မည်သည့်အချက်မှမပြောနိုင်သေးကြောင်း ၊ကောက်ခံမှုလည်းမလုပ်သေးကြောင်း၊ အချိန်တန် လျှင် ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် ပြည်တွင်း ၌ စား သုံးခွန် ၅ ရာခိုင်နှုန်း ကောက်ခံ လျက် ရှိပြီး စားသောက်ဆိုင် အချို့ တွင် အဆိုပါ စနစ်ကို လုပ်ဆောင် လျက် ရှိသည်။

Popular Myanmar News Journal 

No comments:

Post a Comment