Friday 16 January 2015

လူကုန်ကူးခံရသူများ၏ အခွင့်အရေးပိုမိုရရှိရေး အလုပ်ရုံဆွေးနွေး

Photo: လူကုန်ကူးခံရသူများ၏ အခွင့်အရေးပိုမိုရရှိရေး အလုပ်ရုံဆွေးနွေး
Friday, January 16, 2015

လူကုန်ကူး ခံရသူများ၏အခွင့်အရေးများ ပိုမိုရ ရှိရေး၊ တရားစီရင်ရေးကဏ္ဍတွင် သက်သေအဖြစ် ပိုမိုပူးပေါင်းပါဝင် လာနိုင်ရေးတို့ကိုရည်ရွယ်ကာ ပထမ အကြိမ်မြောက်လူကုန်ကူးခံရသူများ ၏အခွင့်အရေးနှင့်တရားရုံးလုပ်ငန်း စဉ်များအသိပေးရေးဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၁၅ရက်တွင် ရန်ကုန် မြို့ရှိ မီကာဆာဟိုတယ်တွင် လူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟိုအ ဖွဲ့ဦးဆောင်မှုဖြင့် သြစတြေးလျ- အာရှ လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံကိန်း AAPTIP မှ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားအ ဆင့်ငါးနှစ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့မှသိရသည်။

ရန်ကုန်တိုင်းလူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ် ကျော်ကျော်က''လူကုန်ကူးမှုတိုက် ဖျက်ရေးလုပ်ငန်းကို ၂ဝဝ၇ခုနှစ်က တည်းကစပြီး အမျိုးသားရေးတာ ဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး အမျိုး သားအဆင့်ငါးနှစ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ တာပါ။ အခုဒုတိယငါးနှစ်စီမံကိန်း ရဲ့စတုတ္ထနှစ်ကိုရောက်ရှိပါပြီ၊ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်က မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းနိုင်ငံတွေနဲ့အာဆီယံ ဒေသအတွင်းနိုင်ငံတွေမှာ စံနမူ နာတစ်ရပ်အဖြစ်ရပ်တည်နိုင် တာပါ''ဟု ပြောသည်။

ယခုလုပ်ဆောင်လျက်ရှိသည့် ငါးနှစ်စီမံကိန်း၏မူဝါဒနှင့်ပူးပေါင်း ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ် တာဆီးရေး၊ တရားစွဲဆိုရေး၊ လူကုန် ကူးခံရသူများအား ကာကွယ်စောင့် ရှောက်ရေးနှင့်စွမ်းရည်မြှင့်တင်ရေး၊ ဆိုသည့်ကဏ္ဍကြီးငါးရပ်ကို လူကုန် ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကြီး ကြပ်ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းကော် မတီများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များ၊ (NGOs)၊ (INGOs)များ၊ ကုလ သမဂ္ဂအဖွဲ့စည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့်ပူးပေါင်းကာ အ ကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း ဦးမြတ်ကျော်ကျော်က ဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် လူကုန် ကူးခံရသူများ၏အခွင့်အရေးများပို မိုရရှိနိုင်ရန်၊ တရားရေးကဏ္ဍများ တွင်ပိုမိုပူးပေါင်းပါဝင်နိုင်ရန်နှင့်ဥပဒေ ကိုနားလည်နိုင်ရန် စသည့် လူကုန်ကူး ခံရသူများအတွက် တိုးမြှင့်လုပ်ဆောင် ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေး နွေးသွားမည်ဖြစ်သည်။

Yangon Media Group
လူကုန်ကူး ခံရသူများ၏အခွင့်အရေးများ ပိုမိုရရှိရေး၊ တရားစီရင်ရေးကဏ္ဍတွင် သက်သေအဖြစ် ပိုမို ပူးပေါင်း ပါဝင်လာနိုင်ရေးတို့ကိုရည်ရွယ်ကာ ပထမအကြိမ်မြောက်လူကုန်ကူးခံရသူများ ၏အခွင့်အရေးနှင့် တရားရုံးလုပ်ငန်း စဉ်များအသိပေးရေးဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအ ဖွဲ့ဦးဆောင်မှုဖြင့် သြစတြေးလျ- အာရှ လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံကိန်း AAPTIP မှ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားအ ဆင့်ငါးနှစ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းလူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ် ကျော်ကျော်က''လူကုန်ကူးမှုတိုက် ဖျက်ရေး လုပ်ငန်းကို ၂ဝဝ၇ခုနှစ်က တည်းကစပြီး အမျိုးသားရေးတာ ဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး အမျိုး သားအဆင့်ငါးနှစ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ တာပါ။ အခုဒုတိယငါးနှစ်စီမံကိန်း ရဲ့စတုတ္ထနှစ်ကိုရောက်ရှိပါပြီ၊ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းစဉ်က မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းနိုင်ငံတွေနဲ့အာဆီယံ ဒေသအတွင်းနိုင်ငံတွေမှာ စံနမူ နာတစ်ရပ်အဖြစ်ရပ်တည်နိုင် တာပါ''ဟု ပြောသည်။

ယခုလုပ်ဆောင်လျက်ရှိသည့် ငါးနှစ်စီမံကိန်း၏မူဝါဒနှင့်ပူးပေါင်း ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ် တာဆီးရေး၊ တရားစွဲဆိုရေး၊ လူကုန် ကူးခံရသူများအား ကာကွယ်စောင့် ရှောက်ရေးနှင့် စွမ်းရည်မြှင့်တင် ရေး၊ ဆိုသည့်ကဏ္ဍကြီးငါးရပ်ကို လူကုန် ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကြီး ကြပ်ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းကော် မတီများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့များ၊ (NGOs)၊ (INGOs)များ၊ ကုလ သမဂ္ဂအဖွဲ့စည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့်ပူးပေါင်း ကာ အ ကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း ဦးမြတ်ကျော်ကျော်က ဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် လူကုန် ကူးခံရသူများ၏အခွင့်အရေးများပို မိုရရှိနိုင်ရန်၊ တရားရေးကဏ္ဍများ တွင်ပိုမိုပူးပေါင်းပါဝင်နိုင်ရန်နှင့်ဥပဒေ ကိုနားလည်နိုင်ရန် စသည့် လူကုန်ကူး ခံရသူများအတွက် တိုးမြှင့် လုပ်ဆောင် ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေး နွေးသွားမည်ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment