Friday 16 January 2015

စိုက်ပျိုးရေး ကဏ္ဍမှ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းရရှိသော်လည်း လုပ်အားခ၀င်ငွေမှာ အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေ

Photo: စိုက်ပျိုးရေး ကဏ္ဍမှ အလုပ်အကိုင် ၆၀ ရာခိုင်နှုန်းရရှိသော်လည်း လုပ်အားခ  ၀င်ငွေမှာ အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေ
Friday, January 16, 2015

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှုသည် ၆၀ ရာခိုင်နှုန်း အထိရှိသော်လည်း စိုက်ပျိုး ရေးကဏ္ဍများမှ လုပ်သားများ ရရှိသောဝင်ငွေသည် အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဝင်ငွေ ဖြစ်နေသည်ဟု အိုအီးစီဒီ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ် ချက်အစီရင်ခံစာ၌ သုံးသပ်ဖော်ပြထားသည်။

စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၃၂ ရာခိုင်နှုန်း အထိရှိပြီး ပြည်ပပို့ကုန် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းအထိ ရရှိနေသည့် ကဏ္ဍဖြစ်သည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍ တွင် အလုပ်အကိုင်ရရှိမှုနှင့် ကုန်ထုတ်လုပ် မှုပမာဏအကြား ကွာဟမှုသည် အလုပ်သမားတို့၏ ကုန် ထုတ်စွမ်းအားနိမ့်ကျမှုကို ဖြစ်စေသည်။

ထိုသို့သော အကြောင်းများကြောင့် စိုက်ပျိုးရေးကဏ္ဍမှ ရရှိသောဝင်ငွေများ နိမ့်ကျနေမှုကို ထင်ဟပ်စေပြီး စိုက်ပျိုးရေးကဏ္ဍမှ ရရှိသောဝင်ငွေသည် ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀၀ ခန့်သာရှိနေသည်ဟု အိုအီးစီဒီက ဆိုသည်။

လယ်ယာအများစုကို ဝမ်းစာဖူလုံရုံမျှသာ စိုက်ပျိုးနေကြရပြီး လယ်လုပ်သူ လယ်ယာပိုင်ဆိုင်မှုမှာလည်း နိမ့်ကျလျက် ရှိသည်။ ကျေးလက်ဒေသများအတွက် ဝင်ငွေမြှင့် တင်ပေးရေးအတွက် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သော ဆန်စပါးထုတ်လုပ်မှု နိမ့်ကျလျက်ရှိနေသည်ဟု အိုအီးစီဒီက မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကို သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်သီးနှံအများအပြားကို ပြည်ပသို့ တင်ပို့နိုင်မည့် အလားအလာများ ရှိနိုင်သော်လည်း အခြေခံ အဆောက်အအုံ မလုံလောက်မှုက တိုးတက်မှုကို အဟန့်အတားဖြစ်စေလျက် ရှိသည်။

လျှပ်စစ်နှင့် ဆက်သွယ်ရေးစနစ်များ၊ လမ်းပန်းဆက်သွယ်ရေး စသည့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာကဏ္ဍ များကို အဆင့်မြှင့်တင်ရန် လိုအပ်နေပြီး တိုးတက်မှုအတွက် အကန့်အသတ်ဖြစ်စေသည့်အချက်များသည် စိုက်ပျိုးရေးထုတ်ကုန်များကို အဓိကလုပ်ကိုင်နေသည့် ကျေးလက်ဒေသများတွင် ပိုမိုဆိုးရွားလျက်ရှိ နေသည်။

အစိုးရက ပေးဝေနေသည့် လျှပ်စစ်ဓာတ်အားအစား ပုဂ္ဂလိကပိုင်းက လောင်စာသုံး လျှပ်စစ်ဓာတ်အားများကို အစားထိုး အသုံးပြုနေ ရခြင်းများသည် ရင်းနှီးမြှုပ်နှံမှုများကို အားနည်းစေပြီး ကျေးလက်ဒေသ စီးပွားရေးအတွက် ခိုင်မာသည့် ဘဏ်လုပ်ငန်း၊ အသေး စားငွေချေးလုပ်ငန်းနှင့် အာမခံလုပ်ငန်းများ ပါဝင် သည့် ဘဏ္ဍာရေးစနစ် လိုအပ်လျက်ရှိသည်ဟု သုံးသပ်ထားသည်။

အစိုးရသည် စိုက်ပျိုးရေးကဏ္ဍအတွက် ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူစေရေးအတွက် တင်သွင်းသည့်နိုင်ငံ၏ အစားအစာ ဘေးအန္တရာယ်ဆိုင်ရာ စည်းကမ်းအချက် အလက်များကို ဖြန့်ဖြူးပေးနိုင်ရေး အတွက် စိုက်ပျိုးထုတ်ကုန်များဆိုင်ရာ အထူးဌာနတစ်ခု ထူထောင်ရေးကို စဉ်းစားသင့်သည်ဟု အကြံပြုထားသည်။

Mizzima - News in Burmese 

နေပြည်တော်အနီးရှိ လယ်ယာမြေတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်းရှိသော် လည်း တောင်သူတစ်ဦး၏ ဝင်ငွေသည် ပျမ်းမျှအားဖြင့် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀ဝ ခန့်သာ ရှိနေသည်။
နေပြည်တော်အနီးရှိ လယ်ယာမြေတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့ဂျီဒီပီ၏ ၃၂ ရာခိုင်နှုန်းရှိသော်လည်း တောင်သူတစ်ဦး၏ ဝင်ငွေသည် ပျမ်းမျှ အားဖြင့် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀ဝ ခန့်သာ ရှိနေသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်ရရှိမှုသည် ၆၀ ရာခိုင်နှုန်း အထိရှိသော်လည်း စိုက်ပျိုး ရေးကဏ္ဍများမှ လုပ်သားများ ရရှိသောဝင်ငွေသည် အိမ်နီးချင်း အာရှနိုင်ငံများအနက် အနိမ့်ဆုံးဝင်ငွေ ဖြစ်နေသည်ဟု အိုအီးစီဒီ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ် ချက်အစီရင်ခံစာ၌ သုံးသပ်ဖော်ပြထားသည်။

စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၃၂ ရာခိုင်နှုန်း အထိ ရှိပြီး ပြည်ပပို့ကုန် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းအထိ ရရှိနေသည့် ကဏ္ဍဖြစ်သည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍ တွင် အလုပ်အကိုင်ရရှိမှုနှင့် ကုန်ထုတ်လုပ် မှုပမာဏအကြား ကွာဟမှုသည် အလုပ်သမားတို့၏ ကုန် ထုတ်စွမ်းအားနိမ့်ကျမှုကို ဖြစ်စေသည်။

ထိုသို့သော အကြောင်းများကြောင့် စိုက်ပျိုးရေးကဏ္ဍမှ ရရှိသောဝင်ငွေများ နိမ့်ကျနေမှုကို ထင်ဟပ်စေပြီး စိုက်ပျိုးရေးကဏ္ဍမှ ရရှိသောဝင်ငွေသည် ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၂၀၀ ခန့်သာရှိနေသည်ဟု အိုအီးစီဒီက ဆိုသည်။

လယ်ယာအများစုကို ဝမ်းစာဖူလုံရုံမျှသာ စိုက်ပျိုးနေကြရပြီး လယ်လုပ်သူ လယ်ယာပိုင်ဆိုင်မှုမှာလည်း နိမ့်ကျလျက်ရှိသည်။ ကျေးလက်ဒေသများအတွက် ဝင်ငွေမြှင့် တင်ပေးရေးအတွက် စိုက်ပျိုးရေး ကုန်ထုတ် လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သော ဆန်စပါးထုတ်လုပ်မှု နိမ့်ကျလျက်ရှိနေသည်ဟု အိုအီးစီဒီက မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကို သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်သီးနှံအများအပြားကို ပြည်ပသို့ တင်ပို့နိုင်မည့် အလားအလာများ ရှိနိုင် သော်လည်း အခြေခံအဆောက်အအုံမလုံလောက်မှုက တိုးတက်မှုကို အဟန့်အတားဖြစ်စေလျက်ရှိသည်။

လျှပ်စစ်နှင့် ဆက်သွယ်ရေးစနစ်များ၊ လမ်းပန်းဆက်သွယ်ရေး စသည့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာကဏ္ဍ များကို အဆင့်မြှင့်တင်ရန် လိုအပ်နေပြီး တိုးတက်မှုအတွက် အကန့်အသတ်ဖြစ်စေသည့်အချက်များသည် စိုက်ပျိုးရေးထုတ်ကုန်များကို အဓိကလုပ်ကိုင်နေသည့် ကျေးလက်ဒေသများတွင် ပိုမိုဆိုးရွားလျက်ရှိ နေသည်။

အစိုးရက ပေးဝေနေသည့် လျှပ်စစ်ဓာတ်အားအစား ပုဂ္ဂလိကပိုင်းက လောင်စာသုံး လျှပ်စစ်ဓာတ်အား များကို အစားထိုး အသုံးပြုနေ ရခြင်းများသည် ရင်းနှီးမြှုပ်နှံမှုများကို အားနည်းစေပြီး ကျေးလက်ဒေသ စီးပွားရေးအတွက် ခိုင်မာသည့် ဘဏ်လုပ်ငန်း၊ အသေး စားငွေချေးလုပ်ငန်းနှင့် အာမခံလုပ်ငန်းများ ပါဝင် သည့် ဘဏ္ဍာရေးစနစ် လိုအပ်လျက်ရှိသည်ဟု သုံးသပ်ထားသည်။

အစိုးရသည် စိုက်ပျိုးရေးကဏ္ဍအတွက် ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူစေရေးအတွက် တင်သွင်းသည့် နိုင်ငံ၏ အစားအစာ ဘေးအန္တရာယ်ဆိုင်ရာ စည်းကမ်းအချက် အလက်များကို ဖြန့်ဖြူးပေးနိုင်ရေး အတွက် စိုက်ပျိုးထုတ်ကုန်များဆိုင်ရာ အထူးဌာနတစ်ခု ထူထောင်ရေးကို စဉ်းစားသင့်သည်ဟု အကြံပြုထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment