Friday 16 January 2015

သပိတ်မှောက်ကံဆောင် ထားခြင်းခံရသော စာရေးဆရာထင်လင်းဦး ချောင်းဦးမြို့နယ် သံဃာတော်များအား ဝန်ချတောင်းပန်

Photo: သပိတ်မှောက်ကံဆောင် ထားခြင်းခံရသော စာရေးဆရာထင်လင်းဦး
ချောင်းဦးမြို့နယ် သံဃာတော်များအား ဝန်ချတောင်းပန်
Friday, January 16, 2015

သပိတ် မှောက်ကံဆောင်ထားခြင်းခံရပြီးသာ သနာတော်ညှိုးနွမ်းစေမှုများဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်နေရသော စာရေးဆရာထင်လင်းဦးသည်ဆရာတော်ဦးဝရ သမ္ဗောဓိဦးဆောင်သော မြို့နယ်သံဃနာယကအဖွဲ့အား ပဉ္စမမြောက် ရုံးချိန်းအပြီး ဇန်နဝါရီ ၁၅ရက် မွန်းလွဲပိုင်းက ချောင်းဦးမြို့နယ် ရဲ စခန်းဓမ္မာရုံ၌ ဝန်ချတောင်းပန်ပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်ပြောတဲ့ စကားထဲမှာ ကြမ်းတမ်းတယ်၊ ပြင်းထန်တယ်ဆိုပေ မယ့်အကျိုးနဲ့အကြောင်း ဆက်စပ်ပြီးပြောရတာ၊ စာပေဟောပြောပွဲဆိုတော့ ဟန်တို့မာန်တို့နဲ့ပြော ရတာပေါ့၊ ဆရာတော်တွေ စိတ်မကောင်း စိတ်နှလုံး မချမ်းမသာဖြစ် တဲ့အပေါ်မှာ တောင်းပန်ရမှာပါ''ဟု စာရေးဆရာ ထင်လင်းဦးက ပြောသည်။

စာရေးဆရာထင်လင်းဦး၏ ဝန်ချတောင်းပန်မှုအား ဆရာတော်များ မှ နှုတ်အားဖြင့် သည်းခံခွင့်လွှတ် သော်လည်း သပိတ်လှန်ပေးခြင်းအား သံဃာတော်များ သိမ်ဝင်ဆွေးနွေး တိုင်ပင်ပြီးမှ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် မဘသအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ခံဆရာတော်ဦးဓမ္မပီယမှ မိန့်ကြားသည်။

စာရေးဆရာထင်လင်းဦးအား ၂၀၁၄နိုဝင်ဘာ ၂၉ရက်က ချောင်း ဦးမြို့နယ်သံဃာတော်များမှ တစ်နိုင်ငံလုံးရှိသံဃာတော်များကိုယ်စား သ ပိတ်မှောက်ကံပြုခြင်းကို မဟာမေဃဝန်ကျောင်းတိုက်၌ပြုလုပ်ခဲ့သည်။
စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ် လဝကဦးစီးအရာ ရှိ ဦးထွန်းခိုင်မှ မုံရွာခရိုင် ချောင်း ဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲတွင်ဟောပြော ခဲ့သောဟောပြောချက်များသည် ဘာသာ၊ သာသနာစော်ကားသဖြင့် မြို့နယ်တ ရားရုံးတွင် ဦးတိုက်လျှောက်ထားရာ တရားရုံး၌ အမှုကြီးအမှတ် ၃၄၆/ ၁၄ ဘာသာ၊ သာသနာယုံကြည်မှုကို စော်ကားမှုပုဒ်မ ၂၉၅(က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောမှု ပုဒ်မ၂၉၈တို့ဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်သည်။

KTS
Democracytoday
သပိတ်မှောက်ကံဆောင်ထားခြင်းခံရပြီးသာ သနာတော်ညှိုးနွမ်းစေမှုများဖြင့် ချောင်းဦးမြို့နယ် တရားရုံး တွင် အမှုရင်ဆိုင်နေရသော စာရေးဆရာထင်လင်းဦးသည်ဆရာတော်ဦးဝရ သမ္ဗောဓိဦးဆောင်သော မြို့နယ်သံဃနာယကအဖွဲ့အား ပဉ္စမမြောက် ရုံးချိန်းအပြီး ဇန်နဝါရီ ၁၅ရက် မွန်းလွဲပိုင်းက ချောင်းဦးမြို့ နယ် ရဲ စခန်းဓမ္မာရုံ၌ ဝန်ချတောင်းပန်ပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်ပြောတဲ့ စကားထဲမှာ ကြမ်းတမ်းတယ်၊ ပြင်းထန်တယ်ဆိုပေ မယ့်အကျိုးနဲ့အကြောင်း ဆက်စပ်ပြီး ပြောရတာ၊ စာပေဟောပြောပွဲဆိုတော့ ဟန်တို့မာန်တို့နဲ့ပြော ရတာပေါ့၊ ဆရာတော်တွေ စိတ်မကောင်း စိတ်နှလုံး မချမ်းမသာဖြစ် တဲ့အပေါ်မှာ တောင်းပန်ရမှာပါ''ဟု စာရေးဆရာ ထင်လင်းဦးက ပြောသည်။

စာရေးဆရာထင်လင်းဦး၏ ဝန်ချတောင်းပန်မှုအား ဆရာတော်များ မှ နှုတ်အားဖြင့် သည်းခံခွင့်လွှတ် သော်လည်း သပိတ်လှန်ပေးခြင်းအား သံဃာတော်များ သိမ်ဝင်ဆွေးနွေး တိုင်ပင်ပြီးမှ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် မဘသအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ခံဆရာတော်ဦးဓမ္မပီယမှ မိန့်ကြားသည်။

စာရေးဆရာထင်လင်းဦးအား ၂၀၁၄နိုဝင်ဘာ ၂၉ရက်က ချောင်း ဦးမြို့နယ်သံဃာတော်များမှ တစ်နိုင်ငံ လုံးရှိ သံဃာတော်များကိုယ်စား သ ပိတ်မှောက်ကံပြုခြင်းကို မဟာမေဃဝန်ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။ စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ် လဝကဦးစီးအရာ ရှိ ဦးထွန်းခိုင်မှ မုံရွာခရိုင် ချောင်း ဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲတွင်ဟောပြော ခဲ့သောဟောပြောချက်များသည် ဘာသာ၊ သာသနာစော်ကားသဖြင့် မြို့နယ်တ ရားရုံးတွင် ဦးတိုက်လျှောက်ထားရာ တရားရုံး၌ အမှုကြီးအမှတ် ၃၄၆/ ၁၄ ဘာသာ၊ သာသနာယုံကြည်မှုကို စော်ကားမှုပုဒ်မ ၂၉၅(က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောမှု ပုဒ်မ၂၉၈တို့ဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်သည်။

KTS
Democracytoday‬

No comments:

Post a Comment