Friday 16 January 2015

EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ မျက်နှာစုံညီအစည်းအဝေးတွင် လက်ပံတောင်းတောင်ကိစ္စကို အဓိကထား ပွင့်ပွင့်လင်းလင်းဆွေးနွေး ခဲ့ကြသော်လည်း အားရကျေနပ်ဖွယ်မရှိခဲ့ဟု CSO အချို့ ပြောကြား

EITI သုံး ပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မျက်နှာစုံ ညီအစည်းအဝေးတွင် လက်ပံတောင်း တောင်ကိစ္စကို အဓိကထား ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသော်လည်း အားရကျေနပ်မှုမရှိခဲ့ကြောင်း MSG အရပ်ဘက် အဖွဲ့အစည်း ကိုယ်စား လှယ်အချို့ထံမှ သိရသည်။

အဆိုပါအစည်းအဝေးသည် လက်ပံတောင်းတောင် ကိစ္စအတွက် အထူးအစည်းအဝေးဖြစ်ပြီး MSG အရပ်ဘက်အဖွဲ့အစည်း ကိုယ်စား လှယ်များအပြင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ EITIလုပ်ဆောင်နေသော ဒေသခံ အဖွဲ့အစည်းများ ပါဝင်တက် ရောက်ခဲ့သော်လည်း အစည်းအဝေး ထိုင်ရန် လိုအပ်သော စုံစမ်း စစ်ဆေး ရေးကော်မရှင် အစီရင်ခံ စာ ဖော်ဆောင်ရေးကော်မ တီက တာဝန်ရှိသူ များ၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီတာဝန်ရှိသူများ လည်း တက် ရောက်ခြင်းမရှိဘဲ၊ ယခင်ရှိပြီးသား MSGအဖွဲ့ဝင် ၂၁ဦးဖြင့်သာ အစည်း အဝေး ထိုင်ရသကဲ့သို့ ဖြစ်ခြင်းကြောင့် အဆိုပါ သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့ မျက်နှာစုံညီ အစည်းအဝေးသည် ကျေနပ်အားရဖွယ်မရှိကြောင်း အဖွဲ့ဝင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ လယ်ယာစီး ပွားနှင့် တောင်သူလယ်သမားရေး ရာဌာန တာဝန်ခံ ဦးထွန်းမြင့်အောင် က ဇန်နဝါရီ ၁၄ရက် နေပြည်တော် အေစီအီးဟိုတယ်တွင် ပြုလုပ်သော EITI ညွန့်ပေါင်းအဖွဲ့ အစည်းအ ဝေးတွင် ပြောကြားသည်။

''ဒီဟာက လက်ပံတောင်းတောင် အတွက် အထူးအစည်းအဝေးပါ။ အစိုးရဘက်ကလဲ ကျွန်တော်တို့ တောင်းဆိုထားတဲ့အတိုင်း ခေါ်ပါတယ်။ ဒါကတော့ ကောင်းပေမယ့် အစည်းအဝေးထိုင်ဖို့ လိုအပ်တဲ့ သူတွေရဲ့ စာ ရင်းပို့ထားတဲ့အထဲမှာ သက်ဆိုင်တဲ့ ကုမ္ပဏီတွေ၊ တာဝန်ရှိသူတွေ မတက် ကြဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုဘက်က နစ်နာချက်တွေ ကို ဒေသခံတွေရဲ့ သဘောဆန္ဒကို ထင်ဟပ်ပြီး တော့ အကြိတ် အနယ် ဆွေးနွေး 0ခဲ့ကြပါတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် အားရကျေနပ်မှုမရှိ ဘူး'' ဟု ဦးထွန်းမြင့်အောင်က ပြောသည်။

အဆိုပါအစည်းအဝေးတွင် အရပ်ဘက်အဖွဲ့အစည်းများက လက်ပံတောင်းဒေ သခံတို့၏ လိုအပ်ချက်များကို တောင်းဆိုခြင်းမဟုတ်ဘဲ၊ ယင်းတို့၏ ဆက်လက်ဆောင်ရွက်သွားမည့် သဘောထားအမြင်များ ဖြစ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင်ပါရှိချက်များနှင့်အညီ ဒေသ ခံပြည်သူလူထု၏ သ ဘောတူညီချက်များကိုရယူပြီး မြေယာပြသနာများကို အဓိကဖြေရှင်းပေး ရန်ဖြစ်ကြောင်း၊ လက်ပံတောင်း ဒေသနှင့်ပတ် သက်ပြီး ဖော်ဆောင်ရေး ကော်မတီမှ မပြီးပြတ်သေးသည့် အချက်များ၊ အစီရင်ခံစာ ပြည့်မီ အောင် လိုအပ်နေသည့် အချက်အလက်များ၊ မြေလျော်ကြေး မရရှိသေးသော ဒေသ ခံများစွာကျန်ရှိ နေခြင်း အစရှိသည့် လိုအပ်ချက်များ လွဲချော်မှုများနှင့် လစ်ဟာမှုများကြောင့် လက်ရှိဖြစ်ပေါ် နေသည့် ပဋိပက္ခများကို ပိုမိုဖြစ်ပေါ် စေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး အတတ် ပညာရှင်အဖွဲ့ဝင်တစ်ဦးကလည်း ''အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေး ကြတယ်။ စောင့်ကြည့်ရမယ့် အချိန် ပဲရှိသေးတယ်။ တကယ်လို့ မှားသွား ရင်လဲ မကောင်းဘူး။ ဒါကြောင့် ချက် ချင်းပြောလို့ ဘာမှမရသေးဘူး'' ဟု ယင်းက ပြောသည်။

သုံးပွင့်ဆိုင်ညွန့်ပေါင်း မျက်နှာ စုံညီအစည်းအဝေးပါ ဆွေးနွေးချက် များသည် အစီရင်ခံစာထွက်ရုံသက် သက်မဟုတ်ဘဲ တိုင်းပြည်၏ဂုဏ်သိ က္ခာအတွက် ပွင့်လင်းမြင်သာမှု ရှိခြင်း များကို အစီရင်ခံစာက ချပြရမည်ဖြစ်ပြီး၊ ပွင့်လင်းမြင်သာမှုအပြင် တာ ဝန်ခံ၊ တာဝန်ယူမှုများလည်းရှိရန် လိုအပ်ကြောင်း သိရသည်။

''သဘာဝသယံဇာတကို အများ ပြည်သူမခံစားရဘဲ ဒါတွေကြောင့် ဒေသ ခံတွေ သေနေရတယ်၊ မြေတွေ ဆုံးရှုံးရတယ်၊ လူတွေအဖမ်းခံရတယ်၊ ဒီအခြေအနေမျိုးမှာ ပြည်သူလူထု ကိုယ်စားပြုပြီးတော့ အရပ်ဘက် အ ဖွဲ့အစည်းအနေနဲ့ အီးအိုင်တီအိုင် မှာပါဝင်ဖို့ ခဲယဉ်းသွားပါမယ်။ ဒီအ အခြေအနေတွေ ပျက်စီးမသွား ချင်ဘူး။ ဒါကြောင့် လေ့လာစစ်ဆေးမှုတွေ လုပ်သွားမယ်။ ဒေါ်ခင်ဝင်းနဲ့ပတ်သက် တာတွေလဲ ဘယ်လို အရေးယူဆောင် ရွက်သွားမလဲဆိုတာ စောင့်ကြည့်သွား မယ်''ဟု ဦးထွန်းမြင့်အောင်က ပြော သည်။

ယင်းနှင့်ပတ်သက်ပြီး အစည်းအဝေးတက်ရောက်လာသော ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာမောင်မောင်သိမ်းက ''လက် ပံတောင်းတောင်ကိစ္စကို အဓိကဆွေး နွေးကြတယ်။ သူတို့ပြောတာတွေကို မှတ်တမ်းတင်ပေးထားပြီး သတင်းအချက်အလက်တွေလိုချင်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက တောင်း ကြည့်ပေးမယ်ပေါ့''ဟု ယင်းက ပြောသည်။

MO
‎Democracytoday‬

No comments:

Post a Comment