Friday 16 January 2015

အမေရိကန်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ရန် စီစဉ်သူကို FBI ဖမ်းဆီး

Photo: အမေရိကန်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ရန် စီစဉ်သူကို FBI ဖမ်းဆီး
Friday, January 16, 2015

အမေရိကန်ပြည်ထောင်စု ကက်ပီတော် လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု သံသယရှိခြင်းခံရသူ တစ်ဦးကို အမေရိကန် အက်ဖ်ဘီအိုင်က အိုဟိုင်းယိုးမြို့တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ကက်ပီတော်လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သည်ဟု သံသယဖြစ်ခြင်း ခံရသူမှာ ခရစ္စတိုဖာကောနယ်လ် (၂၀ နှစ်) ဖြစ်ပြီး ၎င်းသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) အုပ်စုကို ထောက်ခံသူတစ်ဦး ဖြစ်သည်။

ခရစ္စတိုဖာကောနယ်လ်သည် IS အုပ်စုကို ထောက်ခံသည့် စာများကို Tweeter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပြီးနောက် အမေရိကန် အက်ဖ်ဘီအိုင်၏ မျက်စိဒေါက်ထောက်ကြည့်ခြင်း ခံခဲ့ရသည်။

၎င်းကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စဉ် ကာလအတွင်း အမေရိကန် ပြည်သူများအကြား အန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခဲ့ခြင်း မရှိကြောင်း အထူးအေးဂျင့်တစ်ဦး ဖြစ်သော ဂျွန်ဘာရစ်က ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်၏ ဖခင်ဖြစ်သူက ၎င်း၏သား အနေနှင့် ဂျီဟတ်စစ်ပွဲနှင့် ပတ်သက်၍ အများပြည်သူများ ဒေါသဖြစ်စေမည့် စားသာများ ရေးသားကောင်း ရေးသားခဲ့နိုင်သော်လည်း ကက်ပီတော်ကို တိုက်ခိုက်ရန်အထိ စွမ်းဆောင်နိုင်သူတစ်ဦး မဟုတ်ကြောင်း ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်သည် အထက်တန်းကျောင်းမှ အထုတ်ခံလိုက်ရပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားမှုသာ လုပ်ဆောင်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဂျွန်ကောနယ်လ်က ပြောကြားသည်။

“အခုလို အကြမ်းဖက်မယ့် လုပ်ရပ်မျိုး လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုး သူ့မှာ မရှိပါဘူး။ အဲဒီလို အကြမ်းဖက်မယ်လို့ ကျွန်တော့်ကိုရော၊ သူ့အမေကိုပါ တစ်ခါမှ မပြောဖူးပါဘူး။ သူက အမေချစ်တဲ့ သားတစ်ယောက်ပါ၊ ဘာမဆို သူ့အမေကို ပြောလေ့ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်နက်ခဲယမ်းများ ဝယ်ယူခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ ၎င်း၏နောက်ကို ထောက်လှမ်းရေးအေးဂျင့် တစ်ဦးက အမြဲပင်တစေ နောက်ယောင်ခံ လိုက်နေခဲ့ခြင်း ဖြစ်ကြောင်း အက်ဖ်ဘီအိုင်မှ တာဝန်ရှိသူများက ဆိုသည်။

၎င်းသည် Tweeter စာမျက်နှာတွင် ရာဟီးမာရစ်အူဘာဒါ ဟူသည့် အမည်ဖြင့် အကောင့်တစ်ခု ဖွင့်ခဲ့ပြီးနောက် အက်ဖ်ဘီအိုင်၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။

Tweeter စာမျက်နှာတွင် လျှို့ဝှက်စွာ ပြောဆိုခဲ့သော စကားများအရ ၎င်းသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) ခေါင်းဆောင်များထံမှ အကြမ်းဖက်တိုက်ခိုက်ရန် ညွှန်ကြားချက် မရရှိခဲ့သော်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စကားကို အက်ဖ်ဘီအိုင်၏ သတင်းပေးတစ်ဦးကို ပြောဆိုမိခဲ့ခြင်း ဖြစ်သည်ဟု စွဲချက်မှတ်တမ်းများအရ သိရသည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု ကက်ပီတော် လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု သံသယ ရှိခြင်းခံရသူ တစ်ဦးကို အမေရိကန် အက်ဖ်ဘီအိုင်က အိုဟိုင်းယိုးမြို့တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ကက်ပီတော်လွှတ်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သည်ဟု သံသယဖြစ်ခြင်းခံရသူမှာ ခရစ္စတိုဖာ ကောနယ်လ်(၂၀ နှစ်)ဖြစ်ပြီး ၎င်းသည်အစ္စလာမ္မစ်နိုင်ငံတော်(IS)အုပ်စုကို ထောက်ခံသူတစ်ဦးဖြစ်သည်။

ခရစ္စတိုဖာကောနယ်လ်သည် IS အုပ်စုကို ထောက်ခံသည့် စာများကို Tweeter စာမျက်နှာတွင် ရေးသား ဖော်ပြခဲ့ပြီးနောက် အမေရိကန် အက်ဖ်ဘီအိုင်၏ မျက်စိဒေါက်ထောက်ကြည့်ခြင်း ခံခဲ့ရသည်။

၎င်းကိုဖမ်းဆီးရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ် ကာလအတွင်း အမေရိကန် ပြည်သူများအကြား အန္တရာယ် တစ်စုံတစ်ရာကျရောက်ခဲ့ခြင်းမရှိကြောင်း အထူးအေးဂျင့်တစ်ဦး ဖြစ်သော ဂျွန်ဘာရစ်က ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်၏ ဖခင်ဖြစ်သူက ၎င်း၏သား အနေနှင့် ဂျီဟတ်စစ်ပွဲနှင့် ပတ်သက်၍ အများပြည်သူ များ ဒေါသဖြစ်စေမည့် စားသာများ ရေးသားကောင်း ရေးသားခဲ့နိုင်သော်လည်း ကက်ပီတော်ကို တိုက်ခိုက်ရန်အထိ စွမ်းဆောင်နိုင်သူတစ်ဦး မဟုတ်ကြောင်း ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်သည် အထက်တန်းကျောင်းမှ အထုတ်ခံလိုက်ရပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားမှုသာ လုပ်ဆောင်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဂျွန်ကောနယ်လ်က ပြောကြားသည်။

“အခုလို အကြမ်းဖက်မယ့် လုပ်ရပ်မျိုး လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုး သူ့မှာ မရှိပါဘူး။ အဲဒီလို အကြမ်း ဖက်မယ်လို့ ကျွန်တော့်ကိုရော၊ သူ့အမေကိုပါ တစ်ခါမှ မပြောဖူးပါဘူး။ သူက အမေချစ်တဲ့ သားတစ် ယောက် ပါ၊ ဘာမဆို သူ့အမေကို ပြောလေ့ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ခရစ္စတိုဖာကောနယ်လ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်နက်ခဲယမ်းများ ဝယ်ယူခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း၊ ၎င်း၏နောက်ကို ထောက်လှမ်းရေးအေးဂျင့် တစ်ဦးက အမြဲပင်တစေ နောက်ယောင်ခံ လိုက်နေခဲ့ခြင်း ဖြစ်ကြောင်း အက်ဖ်ဘီအိုင်မှ တာဝန်ရှိသူများက ဆိုသည်။

၎င်းသည် Tweeter စာမျက်နှာတွင် ရာဟီးမာရစ်အူဘာဒါ ဟူသည့် အမည်ဖြင့် အကောင့်တစ်ခု ဖွင့်ခဲ့ပြီး နောက် အက်ဖ်ဘီအိုင်၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။

Tweeter စာမျက်နှာတွင် လျှို့ဝှက်စွာ ပြောဆိုခဲ့သော စကားများအရ ၎င်းသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) ခေါင်းဆောင်များထံမှ အကြမ်းဖက်တိုက်ခိုက်ရန် ညွှန်ကြားချက် မရရှိခဲ့သော်လည်း ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စကားကို အက်ဖ်ဘီအိုင်၏ သတင်းပေးတစ်ဦးကို ပြောဆိုမိခဲ့ခြင်း ဖြစ်သည်ဟု စွဲချက်မှတ်တမ်း များအရ သိရသည်။

The Voice Weekly 

No comments:

Post a Comment