Friday 16 January 2015

ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆,၆၀၀ ကျော် ဝင်ရောက်လာ

Photo: ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆,၆၀၀ ကျော် ဝင်ရောက်လာ
Friday, January 16, 2015

ယခု ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ သန်း ၆,၆၀၀
ကျော်ရှိလာကာ ထပ်တိုးလျာထားချက်သို့ ကျော်လွန်ရရှိထားပြီး ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA က ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၂ ဒသမ ၈ ဘီလီယံကျော် ဝင်ရောက်ထားသည်။

ထိုသို့ တိုးတက်ဝင်ရောက်ခဲ့ရာတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကုမ္ပဏီ ၁၇၅ ခုက အသစ်ထပ်မံ တိုးတက်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ၆,၆၁၅ ဒသမ ၈၃၄ သန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၁၄ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးက “အခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက်ကို စပြီးမှန်းခဲ့တာက ဒေါ်လာ လေးဘီလီယံ
ကျော်လောက်ကိုပဲ လျာထားခဲ့တာပါ။ နှစ်ဝက်လောက်မှာပဲ အဲဒီလျာထားချက်ကို ကျော်လွန်ခဲ့တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို ခြောက်ဘီလီယံကျော် အထိရဖို့ တိုးပြီးမှန်းခဲ့တာဖြစ် ပါတယ်” ဟု ၂၀၁၄ နှစ်ကုန်ပိုင်းက ပြောထားသည်။

သို့ဖြစ်ရာ ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးလလိုသည့်ကာလတွင်ပင် လျာထားချက်ထက် ဒေါ်လာ ၆၁၅ သန်းကျော်ကို ပိုမိုရရှိထားခဲ့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံသည် ကုမ္ပဏီအရေအတွက်အပြင် ရင်းနှီးမြှုပ်နှံမှုငွေကြေး အများဆုံး ဝင်ရောက်ထားခြင်း ဖြစ်သည်။ ကုမ္ပဏီအရေအတွက် အရ ၃၈ ခုက ကန် ဒေါ်လာ ၃,၈၁၃ သန်းကျော်ကို ၀င်ရောက် မြှုပ်နှံထားသည်ဟု ထုတ်ပြန်ထားသည်။ သို့ရာတွင် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများအနက် အမေရိကန်၏ သွယ်ဝိုက်ရင်းနှီး မြှုပ်နှံမှုများ ပါဝင်နေခြင်းဖြစ်သည်။

“စီးပွားရေး ပိတ်ဆို့ထားတဲ့အခြေအနေတွေက ရှိနေဆဲဆိုတော့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတချို့က စင်ကာပူထဲမှာ ပါဝင်နေတယ်။ အဲဒါကြောင့် စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အရမ်းကိုများနေတာလည်း ပါပါတယ်”ဟု ၎င်းက ပြောသည်။

ကိုးလတာအတွင်း ၀င်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ယူကေကုမ္ပဏီ ၁၀ ခုက ကန်ဒေါ်လာ ၅၆၃ သန်းဖြင့် ဒုတိယ အများဆုံး ၀င်ရောက်ထားကာ ဟောင်ကောင် ကုမ္ပဏီ ၂၃ ခုက ဒေါ်လာ ၄၅၅ သန်း ကျော်ဖြင့် တတိယအများဆုံးဝင်ရောက် ထားခြင်းဖြစ်သည်။

ထို့နောက် နယ်သာလန်ကုမ္ပဏီလေးခု က ၃၀၂ သန်း၊ တရုတ်ကုမ်္ပဏီ ၂၇ ခုက ဒေါ်လာ ၂၅၆ သန်း၊ အိန္ဒိယကုမ္ပဏီခြောက်ခု က ၂၀၈ သန်းနှင့် ကိုရီးယားကုမ္ပဏီ ၁၉ ခု က သန်း ၁၅၀ ဖြင့် အသီးသီး ၀င်ရောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံပေါင်း ၃၇ ခုက ကုမ္ပဏီပေါင်း ၈၅၉ ခုက ၀င်ရောက် မြှုပ်နှံထားကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၅၂,၈၄၁ ဒသမ ၃၉၄ သန်း ရှိသည်။

Mizzima - News in Burmese 

နိုင်ငံခြားလုပ်ငန်းတစ်ခုမှ ဝင်ရောက် မြှုပ်နှံတည်ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံ တစ်ခု၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နိုင်ငံခြားလုပ်ငန်းတစ်ခုမှ ဝင်ရောက် မြှုပ်နှံတည်ဆောက်နေသည့် အထပ်မြင့် အဆောက်အအုံ တစ်ခု၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ယခု ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ်လာ သန်း ၆,၆၀၀
ကျော်ရှိလာကာ ထပ်တိုးလျာထားချက်သို့ ကျော်လွန်ရရှိထားပြီး ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA က ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၂ ဒသမ ၈ ဘီလီယံကျော် ဝင်ရောက် ထားသည်။

ထိုသို့ တိုးတက်ဝင်ရောက်ခဲ့ရာတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကုမ္ပဏီ ၁၇၅ ခုက အသစ်ထပ်မံ တိုးတက်လာခဲ့ ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ၆,၆၁၅ ဒသမ ၈၃၄ သန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၁၄ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးက “အခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက်ကို စပြီးမှန်းခဲ့တာက ဒေါ်လာ လေးဘီလီယံကျော်လောက်ကိုပဲ လျာထားခဲ့တာပါ။ နှစ်ဝက်လောက်မှာပဲ အဲဒီလျာထားချက်ကို ကျော်လွန်ခဲ့တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို ခြောက်ဘီလီယံကျော် အထိရဖို့ တိုးပြီးမှန်းခဲ့တာဖြစ် ပါတယ်” ဟု ၂၀၁၄ နှစ်ကုန်ပိုင်းက ပြောထားသည်။

သို့ဖြစ်ရာ ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးလလိုသည့်ကာလတွင်ပင် လျာထားချက်ထက် ဒေါ်လာ ၆၁၅ သန်း ကျော်ကို ပိုမိုရရှိထားခဲ့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံ သည် ကုမ္ပဏီအရေအတွက်အပြင် ရင်းနှီးမြှုပ်နှံမှုငွေကြေး အများဆုံး ဝင်ရောက်ထားခြင်း ဖြစ်သည်။ ကုမ္ပဏီအရေအတွက် အရ ၃၈ ခုက ကန် ဒေါ်လာ ၃,၈၁၃ သန်းကျော်ကို ၀င်ရောက် မြှုပ်နှံထားသည်ဟု ထုတ်ပြန်ထားသည်။ သို့ရာတွင် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများအနက် အမေရိကန်၏ သွယ်ဝိုက်ရင်းနှီး မြှုပ်နှံမှုများ ပါဝင်နေခြင်းဖြစ်သည်။

“စီးပွားရေး ပိတ်ဆို့ထားတဲ့အခြေအနေတွေက ရှိနေဆဲဆိုတော့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတချို့က စင်ကာပူ ထဲမှာ ပါဝင်နေတယ်။ အဲဒါကြောင့် စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အရမ်းကိုများနေတာလည်း ပါပါတယ်”ဟု ၎င်းက ပြောသည်။

ကိုးလတာအတွင်း ၀င်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ယူကေကုမ္ပဏီ ၁၀ ခုက ကန်ဒေါ်လာ ၅၆၃ သန်းဖြင့် ဒုတိယ အများဆုံး ၀င်ရောက်ထားကာ ဟောင်ကောင် ကုမ္ပဏီ ၂၃ ခုက ဒေါ်လာ ၄၅၅ သန်း ကျော်ဖြင့် တတိယအများဆုံးဝင်ရောက် ထားခြင်းဖြစ်သည်။

ထို့နောက် နယ်သာလန်ကုမ္ပဏီလေးခု က ၃၀၂ သန်း၊ တရုတ်ကုမ်္ပဏီ ၂၇ ခုက ဒေါ်လာ ၂၅၆ သန်း၊ အိန္ဒိယကုမ္ပဏီခြောက်ခု က ၂၀၈ သန်းနှင့် ကိုရီးယားကုမ္ပဏီ ၁၉ ခု က သန်း ၁၅၀ ဖြင့် အသီးသီး ၀င်ရောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံပေါင်း ၃၇ ခုက ကုမ္ပဏီပေါင်း ၈၅၉ ခုက ၀င်ရောက် မြှုပ်နှံထားကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၅၂,၈၄၁ ဒသမ ၃၉၄ သန်း ရှိသည်။

Mizzima - News in Burmese 

No comments:

Post a Comment