Friday 16 January 2015

အမျိုးသမီးအတွင်းခံတွေကိုမှ ရွေးခိုးသည့် သူခိုး ထောင်ဖမ်းခံရကာ တစ်အိမ်တက်ဆင်းလိုက်ပြပြီး အရှက်ခွဲခံရ

စင်ကာပူနိုင်ငံတွင် အမျိုးသမီးအတွင်းခံများကိုသာ ပစ်မှတ်ထားခိုးယူသည့် သူခိုးတစ်ဦးကို ထောင်ဖမ်းခဲ့ ရပြီး လူလယ်ကောင်တွင် ပညာပေးအရှက်ခွဲလိုက်သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

မိန်းမအတွင်းခံများသာ ခိုးယူသည့် အသက် ၃၂နှစ်ရွယ် ချန်ချွန်ချီဆိုသည့် အူကြောင်ကြောင်သူခိုးကို ရပ်ကွက်နေပြည်သူတို့ က ထောင်ဖမ်းကာ တိုက်တန်းလျားများကြား မိန်းမအတွင်းခံများ ၀တ်ဆင်စေလျက် အတင်းအကြပ် လမ်းလျှောက်ခိုင်းကြခြင်းဖြစ်သည်။

"ကျွန်တော့် မိန်းမက သူရဲ့ အတွင်းခံတစ်ထည်ပျောက်သွားတာကို တစ်နံနက်မှာ သတိထားမိတာဖြစ်ပါ တယ်။ နောက်ပိုင်း အမျိုးသမီးတွေက သူတို့ ရဲ့ အတွင်းခံတွေ ပျောက်ပျောက်သွားတာကို သတိထားမိ လာတယ်။ ဒါကြောင့် အူတိအူကြောင် သူခိုးတစ်ယောက်တော့ သောင်းကျန်းနေပြီဆိုပြီး ထောင်ဖမ်းခဲ့တာ ပါ။"ဟု ရပ်ကွက်နေထိုင်သူ တီရိုဂေါ့ရှ်က ပြောသည်။

အတွင်းခံသူခိုး ချန်သည် မိန်းမများ ရှိသည့် အိမ်ကို သိရှိမှတ်သားထားသည်။ ညပိုင်းတွင် ထိုအိမ်များသို့ ဝင်ရောက်ကာ လှမ်းထားသည့် အမျိုးသမီးအတွင်းခံများကို ခိုးသွားခြင်းဖြစ်သည်။

၎င်းကို ထောင်ဖမ်းရာတွင် အမျိုးသမီးတစ်ဦးက လျှော်ပြီးစ အတွင်းခံကို ခြောက်စေရန် လှမ်းထားကာ အိမ် ပြတင်းကို ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ "ညလယ်လောက်ကျတော့ ဒီသူခိုးရောက်လာပါတယ်။ အိမ်အခန်းထဲ ၀င်လာတာနဲ့ ကျွန်တော်တို့ တွေ ၀ိုင်းဖမ်းလိုက်တာပဲဖြစ်ပါတယ်။ နောက်တော့ မှတ်လောက်သားလောက် အောင် အမျိုးသမီးအတွင်းခံတွေ သူ့ ကို ၀တ်ဆင်ချည်နှောင်လိုက်ပြီး ရပ်ကွက်ကို ပတ်ပြလိုက်တာ ဖြစ်ပါတယ်။"ဟု ဂေါ့ရှ်ကပြောသည်။

"သူကို တစ်အိမ်ပြီး တစ်အိမ်ပတ်ပြခဲ့ပြီး အိမ်တိုင်းကိုလည်း နောက်နောင်ခုလို မကျုးလွန်တော့ဘူးဆိုတာကို ပြောခိုင်းခဲ့တယ်။ နောက်တော့ ရဲလက်အပ်ခဲ့ပါတယ်။"ဟု ဂေါ့ရှ်က ဆက်လက်ပြောခဲ့သည်။

ချန်သည် အိမ်ကျုးကျော်ဝင်ရောက်မှုနှင့် ခိုးမှုများဖြင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ကို ရင်ဆိုင်နေရလျက် ရှိနေသည်။

Ref: Mirror
Mizzima - News in Burmese 

No comments:

Post a Comment