Friday 16 January 2015

ရွေးကောက်ပွဲ မီဒီယာများသတင်းရယူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ Article 19 အဖွဲ့တို့နှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

Photo: ရွေးကောက်ပွဲ မီဒီယာများသတင်းရယူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ Article 19 အဖွဲ့တို့နှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ
Friday, January 16, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများသတင်းရယူရေးနှင့် ပတ်သက်ပြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာနိုင်ငံသတင်း စာဆရာ အသင်း၊ Article 19 အဖွဲ့တို့နှင့် ဇန်နဝါရီ ၁၅ရက် တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအတွင်းရေးမှူး(၂) ဦးကျော်စွာမင်းက ''ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင် ပြင်ဆင်ထားမှုအခြေအနေကို ရှင်းပြတယ်။ Article 19 အဖွဲ့ကလဲ တရား မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်တာတွေပံ့ပိုးဖို့ အကြံပြုတင်ပြတယ်။ ကွန်ဖရင့်တွေ၊ အလုပ်ရုံဆွေးနွေးပွဲ တွေလုပ်ဖို့ ကမ်းလှမ်းတဲ့အပေါ် UEC ကလဲ လက်ခံတယ်''ဟု ပြောသည်။

၂၀၁၅ရွေးကောက်ပွဲကို လွတ် လပ်မျှတသောရွေးကောက်ပွဲဖြစ်စေရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင် မြင်ရေးအ တွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ လေ့ လာစောင့်ကြည့်သူများနှင့်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လွတ်လပ်ပြီးမျှတသည့်ရွေး ကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် ဘက်လိုက်မှုမရှိဘဲ အပြုသ ဘောဆောင်ရေးသားခြင်းဖြင့် ပူးပေါင်းပါဝင် ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ပြောကြား ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းကိုက''၂၀၁၅ ရွေးကောက်ပွဲမှာ မီဒီယာတွေအနေနဲ့ သတင်းယူတဲ့အခါမှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အ ကြောင်း ဆွေးနွေးဖြစ်တယ်။ ပြည် တွင်းမှာ မီဒီယာတွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ capacity building လုပ်တဲ့အခါမှာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဘက်က ကူညီ ဖို့ကမ်းလှမ်းတယ်''ဟု ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့် အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအတွင်းရေးမှူး(၂) ဦးကျော် စွာမင်းနှင့် Article 19 အဖွဲ့မှ Mrs. Borbra နှင့် Mrs. Oliver Spencer တို့ တက်ရောက်ခဲ့သည်။

HM
Democracytoday
၂၀၁၅ ရွေးကောက်ပွဲတွင် မီဒီယာများသတင်းရယူရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သည် မြန်မာနိုင်ငံသတင်း စာဆရာ အသင်း၊ Article 19 အဖွဲ့တို့နှင့် ဇန်နဝါရီ ၁၅ရက် တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအတွင်းရေးမှူး(၂) ဦးကျော်စွာမင်းက ''ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင် ပြင်ဆင်ထားမှုအခြေအနေကို ရှင်းပြတယ်။ Article 19 အဖွဲ့ကလဲ တရား မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်တာတွေပံ့ပိုးဖို့ အကြံပြုတင်ပြတယ်။ ကွန်ဖရင့်တွေ၊ အလုပ်ရုံဆွေးနွေးပွဲ တွေလုပ်ဖို့ ကမ်းလှမ်းတဲ့အပေါ် UEC ကလဲ လက်ခံ တယ်''ဟု ပြောသည်။

၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်မျှတသောရွေးကောက်ပွဲဖြစ်စေရန် ဥပဒေနှင့်အညီ ဆောင်ရွက် သွား မည်ဖြစ်ပြီး ရွေးကောက်ပွဲအောင် မြင်ရေးအ တွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ လေ့ လာစောင့်ကြည့်သူများနှင့်ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လွတ်လပ်ပြီးမျှတသည့်ရွေး ကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် ဘက်လိုက်မှုမရှိဘဲ အပြုသ ဘောဆောင်ရေးသားခြင်းဖြင့် ပူးပေါင်းပါဝင် ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ပြောကြား ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းကိုက''၂၀၁၅ ရွေးကောက်ပွဲမှာ မီဒီယာတွေအနေနဲ့ သတင်းယူတဲ့အခါမှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အကြောင်း ဆွေးနွေးဖြစ်တယ်။ ပြည်တွင်းမှာ မီဒီယာတွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ capacity building လုပ်တဲ့ အခါမှာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဘက်က ကူညီ ဖို့ကမ်းလှမ်းတယ်''ဟု ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းအတွင်းရေးမှူး(၂) ဦးကျော် စွာမင်းနှင့် Article 19 အဖွဲ့မှ Mrs. Borbra နှင့် Mrs. Oliver Spencer တို့ တက်ရောက်ခဲ့သည်။

HM
Democracytoday‬

No comments:

Post a Comment