Friday 16 January 2015

လားရှိုးတွင် ကတ္တရာပီပါ နှစ်ရာဝန်းကျင် တင်လာသည့် ကုန်တင်ယာဉ် မီးလောင်

Photo: လားရှိုးတွင် ကတ္တရာပီပါ နှစ်ရာဝန်းကျင် တင်လာသည့် ကုန်တင်ယာဉ် မီးလောင်
Friday, January 16, 2015 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကတ္တရာပီပါ ၁၈၁ လုံး တင်ဆောင်လာသည့် ၂၄ ဘီး ယာဉ်တစ်စီး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက ပြောကြားသည်။

အဆိုပါ ကတ္တရာပီပါများကို “ဝ” ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးမှ ယာဉ်မောင်း သန်းဇော် မောင်းနှင်လာသည့် ဖူဆိုတွဲကား ၂၄ ဘီး ယာဉ်သည် မောင်းနှင်လာစဉ် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် ယာဉ်စက်အင်ဂျင်ပိုင်းတွင် ဝါယာရှော့(ခ်) ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဦးကိုကိုဦးက ပြောဆိုသည်။

ယင်းမီးလောင်ကျွမ်းမှုကို လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် လေးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ကျေးရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်၏ ဦးခေါင်းပိုင်း တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့သော်လည်း ယာဉ်ပေါ်ပါ ကတ္တရာပုံးများ မီးလောင်ကျွမ်းမှု မရှိကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

ယာဉ်မောင်း သန်းဇော်ကို နောင်မွန် နယ်မြေရဲစခန်းတွင် ပြစ်မှုပုဒ်မ- ၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု)၊ ပုဒ်မ- ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။ 

The Voice Weekly
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကတ္တရာပီပါ ၁၈၁ လုံး တင်ဆောင်လာသည့် ၂၄ ဘီး ယာဉ်တစ်စီး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်မောင်း မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း လားရှိုးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက ပြောကြားသည်။

အဆိုပါ ကတ္တရာပီပါများကို “ဝ” ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးမှ ယာဉ်မောင်း သန်းဇော် မောင်းနှင်လာသည့် ဖူဆိုတွဲကား ၂၄ ဘီး ယာဉ်သည် မောင်းနှင်လာစဉ် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် ယာဉ်စက်အင်ဂျင်ပိုင်းတွင် ဝါယာရှော့(ခ်) ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ဦးကိုကိုဦးက ပြောဆိုသည်။

ယင်းမီးလောင်ကျွမ်းမှုကို လားရှိုးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် လေးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ကျေးရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်၏ ဦးခေါင်းပိုင်း တစ်ခုလုံး မီးလောင်ကျွမ်းပျက်စီးခဲ့သော်လည်း ယာဉ်ပေါ်ပါကတ္တရာပုံးများ မီးလောင်ကျွမ်းမှုမရှိကြောင်း လားရှိုးမြို့ နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

ယာဉ်မောင်း သန်းဇော်ကို နောင်မွန် နယ်မြေရဲစခန်းတွင် ပြစ်မှုပုဒ်မ- ၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု)၊ ပုဒ်မ- ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။ 

The Voice Weekly

No comments:

Post a Comment