Friday 16 January 2015

ခေတ်မမီတော့သည့် လယ်ယာစိုက်ပျိုးရေးနည်းလမ်းများကို သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင်မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင်မည်

Photo: ခေတ်မမီတော့သည့် လယ်ယာစိုက်ပျိုးရေးနည်းလမ်းများကို သုတေသနနှင့်
တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင်မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင်မည်
Friday, January 16, 2015

မြန်မာ နိုင်ငံစိုက်ပျိုးရေးတွင် ခေတ်နောက် ပြန်ဆွဲပြီး ခေတ်မမီတော့သည့် လယ် ယာစိုက်ပျိုးရေး နည်းလမ်းများကို ကျော်လွှားနိုင်စေရန် သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင် မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင် မည်ဖြစ်ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အကြံပြုထားသည်။

ဇန်နဝါရီ ၁၄ရက်က ကုန်သည် စက်မှုအသင်းချုပ်တွင် Organization for Economic Co-Operation And Development (OECD), UNESCAP နှင့် Hanna Seidel Foundation တို့ ပူးပေါင်းပြုလုပ် သည့် 'OECD Muti-dimensional Review of Myanmar" ပွဲကို ကျင်း ပပြုလုပ်ခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD)၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ အသေးစိတ်လေ့လာ သုံးသပ်မှုနှင့် အကြံပြုချက်များကို ထုတ်ပြန်ခဲ့သည်။

OECD ၏ အကြံပြုချက်များ သည် တိုင်းပြည်ရဲ့ မူဝါဒချမှတ်ရေး ဆိုင်ရာကဏ္ဍအတွက် အထောက် အကူပြုစေနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံကော်မရှင်မှ အတွင်းရေး မှူး ဦးအောင်နိုင်ဦးက သုံးသပ်သည်။

ဦးအောင်နိုင်ဦးက ''သူတို့ ပေးတာက လက်တွေ့ကျတဲ့ ပေါ်လ စီ ဖြစ်ပါတယ်။ အစိုးရက သက်ဆိုင် ရာကဏ္ဍတွေမှာ သူတို့ရဲ့အကြံပြု ချက်တွေ သုံးပါတယ်။ ရည်ရွယ်ချက် ကတော့ တိုင်းပြည်ရဲ့ကဏ္ဍစုံကို သုံးသပ်ပြီးတော့မှ မူဝါဒတွေ ဘယ်လိုချမှတ်သင့်တယ်၊ ဘယ်လို ဆက်လက်ပြီးတော့ ပြုပြင်ပြောင်း လဲသင့်တယ်ဆိုတာကို ဖော်ထုတ် တင်ပြတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်'' ဟု ဆိုသည်။

လက်ရှိ စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်လုပ်မှု တိုးတက်အောင်နှင့် ခေတ်မီအောင် လုပ်ဆောင်နိုင်ပါက ဒေသတွင်း အဓိကစိုက်ပျိုးရေး စား သောက်ကုန် ထုတ်လုပ်သည့် ကုန် သွယ်ရေးဗဟိုချက် ဖြစ်လာမည့် အ လားအလာရှိနေပြီး စိုက်ပျိုးရေး လုပ်ငန်းမဟုတ်သော ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြားလုပ်ငန်းများ နှင့် လိုက်ဖက်အောင် လုပ်ဆောင်စေ မည့် အချိတ် အဆက်များကို ဖန်တီး ပေးမည့် စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းကွင်းဆက်များ ဖြစ်ကြသည့် ပေးသွင်း၊ ကုန်ထုတ်လုပ်သူ၊ စားသုံး သူ အစရှိသော ဆက်စပ်လုပ်ငန်း အဆင့်တိုင်းတွင် အားပေးလုပ်ဆောင် သွားပါက စိုက်ပျိုးရေး ကဏ္ဍကို ခေတ်မီတိုးတက်စေရေးအတွက် တွန်း အားဖြစ်စေနိုင်ကြောင်း ဖော်ပြထား သည်။

စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ နှင့် ကျွမ်းကျင်မှုများ တိုးချဲ့အသိ ပညာပေးမှုများကို ကြီးမားကျယ်ပြန့် အောင် လုပ်ဆောင်ခြင်းနှင့်တောင်သူ လယ်သမားများအား စိုက်ပျိုးရေး အသိပညာများပေးခြင်းတို့သည် ခေတ်မီလယ်ယာစိုက်ပျိုးရေး အလေ့ အကျင့်များအတွက် အထောက်အ ကူဖြစ်စေနိုင်ပြီး ကုန်ထုတ်လုပ်မှုကို တိုးတက်စေနိုင်သည်ဟု ဆိုသည်။

တိုးချဲ့အသိပညာပေးလုပ်ငန်း ကျွမ်းကျင်သူများ ရရှိရေးအတွက် သင်တန်းများအစဉ်မပြတ် ဖွင့်လှစ် သင်ကြားပေးခြင်း၊ ရာသီဥတုသတိ ပေးခြင်းများ၊ ဈေးကွက်တွင် ဖြစ် ပေါ်နေသည့် ဈေးနှုန်းအချက်အလက် များကို အင်တာနက်၊ ရေဒီယိုနှင့် စမတ်ဖုန်းများမှ ဖြန့်ဖြူးပေးပို့ခြင်း များကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ အသိပညာပေး ဗဟုသုတနှင့် ကျွမ်း ကျင်မှုများကို လွှဲပြောင်းပေးရာတွင် တောင်သူတစ်ဦးမှ တစ်ဦးသို့ လက် ဆင့်ကမ်း နည်းလမ်းများ အသုံးပြုမှု ကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ အခ ကြေးငွေပေးရန် လိုအပ်သည့် နည်း ပညာအကူအညီ အမျိုးအစားများ အတွက် ပူးပေါင်းပေးချေသည့် စနစ် ကို အသုံးပြုခြင်း၊ တိုးချဲ့အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင် ပေးရာတွင် အစိုးရ၏ကြီးကြပ်ကွပ်ကဲ မှုဖြင့် ပြည်သူနှင့် ပုဂ္ဂလိကတို့ ပါဝင် လုပ်ဆောင်သည့် နည်းလမ်းများဖြင့် ချမှတ်လုပ်ဆောင်ခြင်းများ ပါဝင် ကြောင်း ဖော်ပြထားသည်။

Yangon Media Group
မြန်မာနိုင်ငံစိုက်ပျိုးရေးတွင် ခေတ်နောက် ပြန်ဆွဲပြီး ခေတ်မမီတော့သည့် လယ် ယာစိုက်ပျိုးရေး နည်းလမ်း များ ကို ကျော်လွှားနိုင်စေရန် သုတေသနနှင့် တီထွင်စမ်းသပ်မှုများ၊ တိုးချဲ့ဝန်ဆောင် မှုများ ပြုလုပ်ခြင်းဖြင့် ကျော်လွှားနိုင် မည်ဖြစ်ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အကြံပြု ထားသည်။

ဇန်နဝါရီ ၁၄ရက်က ကုန်သည် စက်မှုအသင်းချုပ်တွင် Organization for Economic Co-Operation And Development (OECD), UNESCAP နှင့် Hanna Seidel Foundation တို့ ပူးပေါင်းပြုလုပ် သည့် 'OECD Muti-dimensional Review of Myanmar" ပွဲကို ကျင်း ပပြုလုပ်ခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD)၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ အသေးစိတ် လေ့လာ သုံးသပ်မှုနှင့် အကြံပြုချက်များကို ထုတ်ပြန်ခဲ့သည်။

OECD ၏ အကြံပြုချက်များ သည် တိုင်းပြည်ရဲ့ မူဝါဒချမှတ်ရေး ဆိုင်ရာကဏ္ဍအတွက် အထောက် အကူပြု စေ နိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံကော်မရှင်မှ အတွင်းရေး မှူး ဦးအောင်နိုင်ဦးက သုံးသပ်သည်။

ဦးအောင်နိုင်ဦးက ''သူတို့ ပေးတာက လက်တွေ့ကျတဲ့ ပေါ်လ စီ ဖြစ်ပါတယ်။ အစိုးရက သက်ဆိုင်ရာ ကဏ္ဍတွေမှာ သူတို့ရဲ့အကြံပြု ချက်တွေ သုံးပါတယ်။ ရည်ရွယ်ချက် ကတော့ တိုင်းပြည်ရဲ့ကဏ္ဍစုံကို သုံးသပ်ပြီးတော့မှ မူဝါဒတွေ ဘယ်လိုချမှတ်သင့်တယ်၊ ဘယ်လို ဆက်လက်ပြီးတော့ ပြုပြင်ပြောင်း လဲသင့်တယ်ဆိုတာကို ဖော်ထုတ် တင်ပြတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်'' ဟု ဆိုသည်။

လက်ရှိ စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်လုပ်မှု တိုးတက်အောင်နှင့် ခေတ်မီအောင် လုပ်ဆောင်နိုင်ပါက ဒေသတွင်း အဓိကစိုက်ပျိုးရေး စား သောက်ကုန် ထုတ်လုပ်သည့် ကုန် သွယ်ရေးဗဟိုချက် ဖြစ်လာမည့် အ လားအလာရှိနေပြီး စိုက်ပျိုးရေး လုပ်ငန်းမဟုတ်သော ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြားလုပ်ငန်းများ နှင့် လိုက်ဖက်အောင် လုပ်ဆောင်စေ မည့် အချိတ် အဆက်များကို ဖန်တီး ပေးမည့် စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းကွင်းဆက်များ ဖြစ်ကြသည့် ပေးသွင်း၊ ကုန်ထုတ်လုပ်သူ၊ စားသုံး သူ အစရှိသော ဆက်စပ်လုပ်ငန်း အဆင့်တိုင်းတွင် အားပေးလုပ်ဆောင် သွားပါက စိုက်ပျိုးရေး ကဏ္ဍကို ခေတ်မီတိုးတက်စေရေးအတွက် တွန်း အားဖြစ်စေနိုင်ကြောင်း ဖော်ပြထား သည်။

စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ နှင့် ကျွမ်းကျင်မှုများ တိုးချဲ့အသိ ပညာပေးမှုများကို ကြီးမားကျယ်ပြန့် အောင် လုပ်ဆောင်ခြင်းနှင့်တောင်သူ လယ်သမားများအား စိုက်ပျိုးရေး အသိပညာများပေးခြင်းတို့သည် ခေတ်မီလယ်ယာစိုက်ပျိုးရေး အလေ့ အကျင့်များအတွက် အထောက်အ ကူဖြစ်စေနိုင်ပြီး ကုန်ထုတ်လုပ် မှုကို တိုးတက်စေနိုင်သည်ဟု ဆိုသည်။

တိုးချဲ့အသိပညာပေးလုပ်ငန်း ကျွမ်းကျင်သူများ ရရှိရေးအတွက် သင်တန်းများအစဉ်မပြတ် ဖွင့်လှစ် သင်ကြား ပေးခြင်း၊ ရာသီဥတုသတိ ပေးခြင်းများ၊ ဈေးကွက်တွင် ဖြစ် ပေါ်နေသည့် ဈေးနှုန်းအချက်အလက် များကို အင်တာနက်၊ ရေဒီယိုနှင့် စမတ်ဖုန်းများမှ ဖြန့်ဖြူးပေးပို့ခြင်း များကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ အသိပညာပေး ဗဟုသုတနှင့် ကျွမ်း ကျင်မှုများကို လွှဲပြောင်းပေးရာတွင် တောင်သူတစ်ဦးမှ တစ်ဦးသို့ လက် ဆင့်ကမ်း နည်းလမ်းများ အသုံးပြုမှု ကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ အခ ကြေးငွေပေးရန် လိုအပ်သည့် နည်း ပညာအကူအညီ အမျိုးအစားများ အတွက် ပူးပေါင်းပေးချေသည့် စနစ် ကို အသုံးပြုခြင်း၊ တိုးချဲ့အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင် ပေးရာတွင် အစိုးရ၏ကြီးကြပ်ကွပ်ကဲ မှုဖြင့် ပြည်သူနှင့် ပုဂ္ဂလိကတို့ ပါဝင် လုပ်ဆောင်သည့် နည်းလမ်းများဖြင့် ချမှတ်လုပ်ဆောင်ခြင်းများ ပါဝင် ကြောင်း ဖော်ပြထားသည်။

Yangon Media Group

No comments:

Post a Comment