Friday 16 January 2015

ရဲတပ်ဖွဲ့ဝင်သုံးဦး မလွတ်မြောက်သေး တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများဖြစ်ပွား

ကေအိုင်အေ(ကချင်လွတ်မြောက်ရေးတပ်မတော်) အဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်သုံးဦမှာ ဇန်နဝါရီ ၁၅ရက် ညနေပိုင်းအထိ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးဘဲ တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဦးကမန်းဒူးနော်နှင့် အဖွဲ့ဝင် ၁၂ဦးပါဝင်သည့်အဖွဲ့ သည် ဇန်နဝါရီ ၁၄ရက် နံနက် ၁၁ နာရီမီနစ်၂ဝခန့်တွင် ကချင်ပြည်နယ် အတွင်း လမ်းပန်းဆက်သွယ်မှုဖွံဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင် ရန် ဖားကန့် -ဝှေခါ-ညောင်ပင်-လုံးတုံ-ဟိုပင် လမ်းကြောင်းအတိုင်း ထွက်ခွာလာရာ ဝှေလုံတောင်ပေါ် အရောက်တွင် ကေအိုင်အေတပ် ဖွဲ့ဝင် အင်အား ၄ဝ ခန့်က တားဆီး ခဲ့ပြီး ဝန်ကြီးနှင့်အဖွဲ့အား စစ်ဆေး ပြီး ဝန်ကြီးအပါအဝင်အဖွဲ့ဝင်အချို့ ကို ပြန်လွှတ်ပေး ခဲ့သော်လည်း လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်သုံးဦးကိုမူ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သဖြင့် တပ်မတော် မှ တပ်မ ၆၆က လိုက်လံ၍ နယ်မြေ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ ဇန်န ဝါရီ ၁၅ရက်နံနက် ၅နာရီခွဲအချိန်မှ စတင်ကာနှစ်ဖက် တပ်ဖွဲ့ဝင် များအ ကြား တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မ ၆၆မှ တပ်မတော် အ ရာရှိတစ်ဦးက ''နယ်မြေရှင်းလင်း ရေးလုပ် ငန်းတွေ လိုက်လုပ်နေတာ ဖြစ် တယ်။ တိုက်ပွဲတွေဖြစ်နေတာ ဟုတ်ပါတယ်''ဟု ဒီမိုကရေစီတူဒေး သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့သည်။

ယင်းတိုက်ပွဲမှာ နံနက် ၁ဝနာ ရီခွဲခန့်တွင် ရပ်စဲသွားကြောင်း ကေအိုင်အိုနည်းပညာအဖွဲ့နှင့် ကချင် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့အ ပါအဝင် ဒေသခံ များက ပြောသည်။

နိုင်ငံတော်သမ္မတရုံးမှ အဆင့် မြင့်အရာရှိကြီးတစ်ဦးက ''လက်ရှိအချိန်အထိတော့ ဘာမှမထူးသေးပါဘူး။ သက်ဆိုင်ရာနယ်မြေခံ တပ်ရင်းအနေနဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင် နေဆဲ ပါပဲ။ အဖမ်းခံ ထားရတဲ့ ရဲဝန်ထမ်းတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ကေအိုင်အို ညှိနှိုင်းရေးရုံးကနေတစ်ဆင့် အကြောင်းကြားထား ပါတယ်။ လောလောဆယ်တော့ ဒီအခြေအနေပဲ ရှိပါ သေးတယ်''ဟု ဒီမိုကရေစီတူဒေး သို့ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၈ နာရီ ခန့်က ပြောသည်။

ကေအိုင်အိုနည်းပညာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ''ကေအိုင်အေ(ဗဟို)က ဖမ်းဆီးထားတဲ့ သူတွေကို လွှတ်ပေးဖို့ ဒီနေ့ ဇန်န ဝါရီ ၁၅ရက်မှာ အောက်ခြေကို အ ကြောင်းကြားစာပေးပို့လိုက်ပါတယ်။ ဒါပေမဲ ဒီနေ့မနက်မှာပဲ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲဖြစ်ခဲ့တာကြောင့် ပြန် လွှတ်ဖို့ခက်ခဲတဲ့အတွက် ပြန် မလွှတ်ဖြစ်သေးတာပါ။ ဘယ်နေ့ပြန်လွှတ် မယ်လို့တော့ မသိနိုင်သေးဘူး'' ဟု ဒီမိုကရေစီတူဒေးသို့ ပြော သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ''တိုက်ပွဲကြောင့် နှစ်ဖက် တပ်ဖွဲ့ဝင်တွေ ဘယ်လောက် ထိခိုက်ဒဏ်ရာရရှိ တယ်ဆိုတာ မသိရှိရသေးပါဘူး''ဟု ပြောသည်။

အစိုးရတပ်မတော်နှင့်ကေအိုင် အေအကြား နှစ်ဖက်တိုက်ပွဲအခြေ အနေနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီးထံ သို့ ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရရှိ သကဲ့သို့ အစိုးရဘက်မှလည်း တိုက် ပွဲ အခြေအနေနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် ဖမ်းဆီးခံရဲတပ်ဝင် သုံးဦးပြန်လည် လွှတ်ပေးရန် ကေအိုင်အေ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့သို့ အကြောင်းကြား ဆောင်ရွက်ခဲ့ သကဲသို့ အမှတ်(၆၆)ခြေမြန်တပ်မ ဌာနချုပ်လက်အောက်ခံတပ်ရင်းမှ နယ်မြေလိုက်လံရှင်းလင်းမှု များပြု လုပ်နေကြောင်း အစိုးရ၏ထုတ်ပြန် ချက်အရ သိရသည်။

YM
‎Democracytoday‬

No comments:

Post a Comment