Friday 16 January 2015

MPTမှ ပြည်ပ ခေါ်ဆိုခများ လျှော့ချ ပေးမည်

MPTဆင်းကတ်များ၏ ပြည်ပဖုန်း ခေါ်ဆိုခများနှင့် ပြည်ပသို့ ဖုန်းသယ်ဆောင် အသုံးပြုခ စသည့် နှုန်းထား များကို ယခုနှစ်အတွင်း လျှော့ချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ ပြည်သူတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုအနေနဲ့ လျှော့ချပေးမယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။ ဒါပေမဲ့ ပြည်ပ ခေါ်ဆိုခတွေကို လျှော့ချမှာတော့ သေချာတယ်။ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်ဂျင်နီယာ ဦးငွေစိုးက ပြောသည်။

ပြည်ပ ဖုန်းခေါ်ဆိုခများ လျှော့ချနိုင်ရန် KIDD ကုမ္ပဏီနှင့် ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ် နေပြီး SMS စာတို ပေးပို့မှု နှုန်းထားများ ကိုလည်း လျှော့ချ သွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ပ ဖုန်းခေါ်ဆိုခများ လျှော့ချရာတွင် ခေါ်ဆိုမည့် နိုင်ငံ အလိုက် ဈေးနှုန်း များကို ခွဲခြားမည် ဖြစ်ပြီး ဥရောပ နိုင်ငံများသို့ ခေါ်ဆိုသည့် နှုန်းထားမှာ အမြင့်မားဆုံး ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

အခုပဲကြည့်လေ၊ အော်ပရေတာချင်း အတူတူ အော်ရီဒူးက အမေရိကကို တစ်မိနစ် (၁၀၀) ကျပ်ပဲ ကောက်ခံတယ်။ MPT က တစ်မိနစ် (၄၀၀၀) ကျပ် လောက်ကျတယ်။ အများကြီး ကွာတယ် ဟု သုဝဏ္ဏဈေး အနီးရှိ Plant Net အင်တာနက်ဆိုင်မှ ဆိုင်ရှင် မသန္တာဦးက  ဆိုသည်။  MPT မှ ပြည်ပဖုန်း ခေါ်ဆိုခ နှုန်းထားများမှာ အိမ်နီးချင်း နိုင်ငံများသို့ တစ်မိနစ်လျှင် (၁၂၀၀) ကျပ်၊ အရှေ့တောင် အာရှ နိုင်ငံများသို့  တစ်မိနစ်လျှင် (၂၀၀၀)ကျပ်မှ ကျပ် (၄၀၀၀)  အထိ ပေးဆောင်ရပြီး၊ ဥရောပ နိုင်ငံများ အတွက် တစ်မိနစ်လျှင် ကျပ် (၄၀၀၀) ကျပ်မှ (၅၀၀၀) ကျပ် အထိ ပေးဆောင် ရကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment