Friday 16 January 2015

ဘင်္ဂါလီလူမျိုးများအား ပါချန်မြစ် မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းနိုင်ငံဘက်မှ လာရောက် စွန့်ပစ်ခဲ့မှုများရှိနေဟု မီဒီယာအချို့တွင် ဖော်ပြခဲ့မှုမှာ မြန်မာ့ရေ ပိုင်နက်မဟုတ်ဟု ကော့သောင်းလူကုန်ကူးရဲတပ်ဖွဲ့ ငြင်းဆို

ဘင်္ဂါလီလူမျိုးများအား ကော့သောင်းမြို့အနီး ပါချန်မြစ်လယ် မြန်မာ့ရေပိုင်နက် အတွင်း၌ ထိုင်းနိုင်ငံ ဘက်မှ လာရောက်စွန့်ပစ်မှုများ ရှိနေသည်ဟု ပြည်တွင်း၊ ပြည်ပမီဒီယာအချို့၏ဖော်ပြခဲ့သည့်အပေါ် မြန်မာ နိုင်ငံပိုင်နက်သို့ ကျော်လာခြင်းမရှိဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ကော့သောင်းမြို့နယ် တာဝန်ခံဒုရဲမှူးမင်းခိုင်က ငြင်းဆိုလိုက်သည်။

ဇန်နဝါရီ ၁၅ရက်တွင် မီကာဆာဟိုတယ်၌ပြုလုပ်သည့် ပထမအကြိမ် လူကုန်ကူးခံရသူများ၏အခွင့် အရေးနှင့် တရားရုံးလုပ်ငန်းစဉ်များ အသိပေးရေးဆိုင်ရာတွေ့ဆုံဆွေး နွေးပွဲသို့ တက်ရောက်လာသည့် လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု ကော့သောင်းမြို့နယ်တာဝန်ခံဒုရဲမှူး မင်းခိုင်အား''ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် မှုများကြောင့် ထိုင်း နိုင်ငံတောင်ပိုင်း ရနောင်း အချုပ်တွင် ဖမ်းဆီးခံထားရသည့် ခိုးဝင် ဘင်္ဂါလီများကို ပါချန်မြစ်အတွင်း စက်လှေဖြင့်လာရောက်ပို့ဆောင် ၍ ရေလယ်ရှိပွဲစားများမှတစ်ဆင့် ပိုက်ဆံပေးနိုင်သူကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ တချို့ကို ကော့သောင်း မြို့နယ်ရှိ ကျွန်းများသို့လည်းကောင်း ပို့ဆောင်တတ်ကြောင်း ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ ဖော်ပြချက် များနှင့် ပတ်သက်ပြီး သတင်းမီဒီ ယာမှ မေးမြန်းချက်အပေါ်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု ကော့သောင်းမြို့နယ် တာဝန်ခံ ဒုရဲမှူးမင်းခိုင်က''ကော့ သောင်း ကို ထိုင်းနိုင်ငံကနေ ဖမ်းမိတဲ့ဘင်္ဂါလီတွေ ပို့တယ်ဆိုတာ မြန်မာနိုင်ငံသားတွေမဟုတ်သလို မြန်မာ ဘက်ကိုလဲ အဝင်မခံဘူး။ မြန်မာ နိုင်ငံဘက်ကိုကျော်လာတာမရှိဘူး။ လက်လဲလက်မခံ ဘူး''ဟု ပြောသည်။

ထိုင်းနိုင်ငံမှ ဘင်္ဂါလီများကို ဖမ်းဆီးကာ မြန်မာနိုင်ငံအတွင်းပို့သည်ဆိုခြင်း သည်မဟုတ်ကြောင်း၊ မြန်မာ နိုင်ငံသို့ မရောက်ရှိကြောင်း၊ မြန်မာဘက်နယ်နိမိတ်တွင် ပါချန် မြစ်ရှိပြီး ပါချန်မြစ်မှမြန်မာနိုင်ငံရေ ပိုင်နက် အလယ်ကို ဝင် လာခြင်းမရှိ ကြောင်း၊ ရေပိုင်နက်ဗဟိုကိုရောက်ပြီး အောက်ဘက်နှင့်တောင် ဘက်သို့ ပြန်ဆင်းမဆင်းကိုမူ မခန့်မှန်းနိုင်ကြောင်း ဒုရဲမှူးမင်းခိုင်က ပြောသည်။

မြန်မာနိုင်ငံ နယ်စပ်တွင်လည်း နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ လူ ဝင်မှုကြီးကြပ်ရေး၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့၊ တပ်မတော်ရေနှင့် သက်ဆိုင်ရာ နယ်မြေခံတပ်ဖွဲ့များရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင်လည်း တရားမဝင် လူကုန် ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့မှ အမှု ကိုးမှု ဖမ်းမိခဲ့ကြောင်း ယင်းအမှု ကိုးမှုတွင် လုပ်အား ခေါင်းပုံဖြတ်မှု များနှင့် ပြည့်တန်ဆာအဖြစ် စေခိုင်းမှုများ၊ ရောင်း စားခံရမှုများသာဖြစ် ကြောင်းလည်း ဒုရဲမှူးမင်းခိုင်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကော့သောင်းဒေသခံတစ်ဦးက ''အခြားနိုင်ငံတွေက လက်မခံတဲ့သူတွေ ကို ထိုင်း-မြန်မာနယ်နိမိတ်အစပ်ပါ ချန်မြစ်အလယ်က ကျွန်းလေးတွေ ပေါ်မှာ လာချတာရှိတယ်။ ဒါပေမဲ့ အဲ့နေရာက မြန်မာရေပိုင် နက်တော့ မဟုတ်ဘူး။ ကော့သောင်းဒေသခံ တွေကလည်း အဲ့လိုအဖြစ်မခံဘူး။ အဲ့မြစ်လယ်မှာ လူကုန်ကူးတဲ့သူတွေ က သူတို့ငွေယူပြီး အချိန်းချက်လုပ် ထားတဲ့သူတွေဆီကို ပို့တာတွေ တော့ ရှိတယ်။ ဥပမာ ထိုင်းနိုင်ငံကို ပို့လို့ထိုင်းကလက်မခံရင် မလေးရှားကိုပို့တယ်။ ကော့သောင်းဘက် အခြမ်း ကို လုံးဝလာပို့တာတော့ ဒီနေ့အထိ မရှိဘူး။ တစ်ခါတစ်ရံတော့ ရေထဲမှာ မျောလာပြီး တပ်မတော် ရေက ကင်း လှည့်တဲ့အချိန် တွေ့တဲ့အခါမျိုးကျရင် မြန်မာရေ ပိုင်နက်မဝင်ခင် သူတို့လိုအပ်တဲ့စားစရာ ဖြစ်ဖြစ်ပေးပြီး မြန်မာ ရေပိုင် နက်ကိုအဝင်မခံဘဲ ပြန်လွှတ်လိုက်တယ်'' ဟု ဒီမိုကရေစီတူဒေး၏ ဆက်သွယ်မေးမြန်းမှုကို ပြောသည်။

ZCH
‎Democracytoday‬

No comments:

Post a Comment