Friday 16 January 2015

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ကျောင်းတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးပေးစေလို

Photo: ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း ကျောင်းတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးပေးစေလို
Friday, January 16, 2015

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ များအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂပြန်လည် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၁၅ရက် နံနက် ၁၁နာရီက မန္တလေးမြို့ ရတနာပုံတက္ကသိုလ်စာကြည့်တိုက်ရှေ့ မျက်နှာစာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံ ဗ.က.သအဖွဲ့တွင် အဖွဲ့ဝင် ၃၀ဝကျော်ရှိပြီး အလုပ်အမှုဆောင် သစ်ပြန်လည်ရွေးကောက် တင်မြှောက်မှုကိုပြုလုပ်ခဲ့သည်။ ရတနာ ပုံကျောင်းတွင် မိန်းတံခါးဖွင့်ပေး ရန်၊ ကျောင်းသို့လာရောက်သည့်ကားများ ရပ်နားသည့်နေရာစီစဉ်ပေးရန်၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ဖြည့် ဆည်းပေးရန်၊ ကျောင်း တွင်းပညာရေးဆိုင်ရာဟောပြောခြင်း၊ ဆွေးနွေးခြင်း များ ပြုလုပ်ခွင့်ရရှိ ရန်နှင့်ကျောင်းသားအခွင့်အရေးအပြည့်အဝ ရရှိရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

''ကျောင်းတွင် ဓမ္မာရုံဆောက်ရန် နှစ်စဉ်ကျောင်းသားတစ်ဦးကို ကျပ် ၄၀၀ဝကောက်တယ်၊ ယခုနှစ် က ကျပ် ၂၀၀ဝကောက်တယ်၊ ယခု နှစ်ထိစုစုပေါင်းရရှိငွေသွားမေးတာ ကျပ်သိန်း ၇၀ဝကနေမတက်တော့ ဘူး၊ ကျောင်းတွင် သင်ထောက်ကူ ပစ္စည်းမပြည့်စုံတာတွေက နိုင်ငံ တော်ကချထားမပေးတာလား၊ ကြား ထဲကပျောက်နေတာလားမသိပါဘူး၊ ဘီးစတန့်/ကန်တင်းကရတဲ့ရန်ပုံ ငွေတွေ ဘယ်နေရာမှာအသုံးချနေ လဲမသိတော့ပါဘူး၊ ကျောင်းတွင်း ခြစားမှုတွေရှိနေတယ်၊ သက်ဆိုင် ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် ပြီးအရေးယူမှုတွေ ဆောင်ရွက်ပေးစေ ချင်ပါတယ်''ဟု ရတနာပုံကျောင်း သားသမဂ္ဂမှဥက္ကဋ္ဌက ပြောကြားသည်။

ရတနာပုံ ဗ.က.သအဖွဲ့မှ တောင်းဆိုထားသည့် အချက်အလက်များအား လက်ရှိအချိန်ထိ အကောင် အထည်ဖော်ပေးနိုင်ခြင်းမရှိသည့်အတွက် အချိန်အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ပေးမှုရှိ၊ မရှိ လိုက်လျောပေးမှု အပေါ်မူတည်၍ ကျောင်းတွင်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

AXE
Democracytoday
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်လည်ဖွဲ့စည်းခြင်းကို ဇန်နဝါရီ ၁၅ရက် နံနက် ၁၁နာရီက မန္တလေးမြို့ ရတနာပုံတက္ကသိုလ် စာကြည့် တိုက်ရှေ့ မျက်နှာစာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံ ဗ.က.သအဖွဲ့တွင် အဖွဲ့ဝင် ၃၀ဝကျော်ရှိပြီး အလုပ်အမှုဆောင် သစ်ပြန်လည်ရွေးကောက် တင်မြှောက်မှုကိုပြုလုပ်ခဲ့သည်။ ရတနာ ပုံကျောင်းတွင် မိန်းတံခါးဖွင့်ပေး ရန်၊ ကျောင်းသို့လာရောက်သည့် ကားများ ရပ်နားသည့်နေရာစီစဉ်ပေးရန်၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ဖြည့် ဆည်းပေးရန်၊ ကျောင်း တွင်းပညာရေးဆိုင်ရာဟောပြောခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခွင့်ရရှိရန်နှင့်ကျောင်းသား အခွင့်အရေး အပြည့်အဝ ရရှိရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

''ကျောင်းတွင် ဓမ္မာရုံဆောက်ရန် နှစ်စဉ်ကျောင်းသားတစ်ဦးကို ကျပ် ၄၀၀ဝကောက်တယ်၊ ယခုနှစ် က ကျပ် ၂၀၀ဝကောက်တယ်၊ ယခု နှစ်ထိစုစုပေါင်းရရှိငွေသွားမေးတာ ကျပ်သိန်း ၇၀ဝကနေမတက်တော့ ဘူး၊ ကျောင်းတွင် သင်ထောက်ကူ ပစ္စည်းမပြည့်စုံတာတွေက နိုင်ငံ တော်ကချထားမပေးတာလား၊ ကြား ထဲကပျောက်နေတာလားမသိပါဘူး၊ ဘီးစတန့်/ကန်တင်းကရတဲ့ရန်ပုံ ငွေတွေ ဘယ်နေရာမှာအသုံးချနေ လဲမသိတော့ပါဘူး၊ ကျောင်းတွင်း ခြစားမှုတွေရှိနေတယ်၊ သက်ဆိုင် ရာက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် ပြီးအရေးယူမှုတွေ ဆောင်ရွက်ပေးစေ ချင်ပါတယ်''ဟု ရတနာပုံကျောင်း သားသမဂ္ဂမှဥက္ကဋ္ဌက ပြောကြားသည်။

ရတနာပုံ ဗ.က.သအဖွဲ့မှ တောင်းဆိုထားသည့် အချက်အလက်များအား လက်ရှိအချိန်ထိ အကောင် အထည်ဖော်ပေးနိုင်ခြင်းမရှိသည့်အတွက် အချိန်အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ပေးမှုရှိ၊ မရှိ လိုက် လျောပေးမှု အပေါ်မူတည်၍ ကျောင်းတွင်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

AXE
‎Democracytoday‬

No comments:

Post a Comment