Friday 16 January 2015

ပြည်ခိုင်ဖြိုးအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သော လက်နက်ကိုင်လူတစ်စု မဖမ်းမိသေး

ကျောက်မဲမြို့မှ ပြည် ခိုင်ဖြိုးပါတီဝင် ကျေးရွာအုပ်ချုပ် ရေးမှူးကို သေနတ်ဖြင့် ပစ်သတ် ကာ မီးရှို့ခဲ့သည့် လက်နက်ကိုင် လူတစ်စုကို ဖမ်းဆီးနိုင်ခြင်းမရှိ သေးကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ပြီး မီးရှို့သတ်ခံရ သူမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး၊ ပြည်ခိုင်ဖြိုးပါတီဝင် အသက် (၅၉) နှစ်အရွယ်ရှိ ဦးချင်းရွတ်ဆိုသူ ဖြစ်သည်။ ၎င်းသည် သားဖြစ်သူ နှင့်အတူ ဇန်န၀ါရီ ၉ ရက်က နောင်ပိန်ကျေးရွာသို့ ပြောင်းဖူးစေ့ရောင်းရန် ဆိုင်ကယ်ဖြင့် သွား ရောက်စဉ် လမ်းခရီး၌ ပျောက်ဆုံး ခဲ့ခြင်း ဖြစ်သည်။

ဦးချင်းရွတ်ပျောက်ဆုံးခဲ့သ ဖြင့် ကျေးရွာသားများက တောနင်းရှာဖွေရာ ဇန်န၀ါရီ ၁၃ ရက် မွန်း လွဲတွင် ကုန်းညောင်ရွာအနီး တောင်ကုန်းပေါ်၌ မီးကျွမ်းနေသော ၎င်း၏ အလောင်းကို တွေ့ခဲ့ကြသည်။ အလောင်းအနီးတွင် သေဆုံးသူလက်ရေးဖြင့် မှတ်ထားသော မှတ်စုစာအုပ်၊ စာရွက်အချို့၊ စီးနေကျ ဆင်ကြယ်ဖိနပ် တစ်ရန်တို့ကို မီးကျွမ်းလျက်တွေ့ရပြီး သေဆုံးသူ၏ ကိုယ်အတွင်း၌ ကျည်ဆန်ခဲဖူးတစ်ခု တွေ့ခဲ့ရ ကြောင်း သတင်းရရှိသည်။

‘‘သူက ပြည်ခိုင်ဖြိုးပါတီဝင် ပါ။ အခုကိစ္စက ပါတီနဲ့တော့ မဆိုင်ပါဘူး။ လက်နက်ကိုင် နှစ်ဖွဲ့ကြား မှာ ညပ်ပြီး ဖြစ်သွားရတယ်လို့ သိ ရပါတယ်။ ဘယ်အဖွဲ့က သတ် သွားတယ်ဆိုတာကတော့ အခုထိ မသိနိုင်သေး ပါဘူး’’ဟု သေဆုံးသူ၏ အလောင်းကောက်ရာတွင် ပါ ၀င်ခဲ့သော ကျောက်မဲမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်နှစ်ကလည်း ကျောက် မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်၊ မြို့နယ်ခွဲစည်းရုံးရေးမှူးတစ်ဦးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးတို့ သေနတ် ဖြင့် ပစ်သတ်ခံရသော်လည်း တ ရားခံများကို မဖမ်းမိ ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

‘‘ဒီအတိုင်းသာ ဆက်ဖြစ်နေ ရင် ၂၀၁၅ ရွေးကောက်ပွဲတောင် ကျွန်တော်တို့ နယ်မြေမှာ လုပ်လို့ ရပါ့မလား လို့ စိုးရိမ်မိတယ်ဗျာ။ အခုက ဒီနယ်မြေမှာ လက်နက် ကိုင်အဖွဲ့အစည်း လေးဖွဲ့လောက်ရှိတယ်။ တစ်ခုခု ဖြစ် ရင် ဘယ်သူ့ ကြောင့်မှန်း မသိဘူး။ သမိုင်းနဲ့ ချီ ပြီး တစ်ခါမှ မဖြစ်ဖူးတာတွေ ဖြစ်နေလို့ပါ’’ဟု ၎င်းက ပြောသည်။

ယခုသေဆုံးသူတွင် ဇနီးနှင့် သားသမီးငါးဦးကျန်ခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းအသုဘကို ဇန်န၀ါရီ ၁၄ ရက်တွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးမှ တောင်သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိ သည်။

7Day DAILY 

No comments:

Post a Comment