Friday 16 January 2015

ဒီချုပ်ပညာရေးကွန်ရက် အထက်မြန်မာပြည်ရန်ပုံငွေပွဲ အလှူငွေ သိန်းရှစ်ရာခန့်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် လေးနှစ်ပြည့် အထက်မြန်မာပြည် အခမဲ့ပညာဒါန ကျောင်းများ ရန်ပုံငွေဂီတပွဲတော်ကို ဇန်န၀ါရီ ၁၄ ရက် ညက မန္တလေးမြို့တွင် ပြုလုပ်ခဲ့ရာ အလှူငွေ ကျပ်သိန်း ၈၀၀ ခန့် ရရှိခဲ့ကြောင်း ယင်းဖျော်ဖြေပွဲ၏ ဘဏ္ဍာရေးတာဝန်ခံ ကိုမျိုးနိုင်က ပြောသည်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ပညာရေးကွန်ရက်အနေနဲ့ အထက်မြန်မာပြည်အတွက် ပထမဆုံး လုပ်တဲ့ပွဲပါ။ ဒီပွဲကရတဲ့ အလှူငွေတွေကို အထက်မြန်မာ ပြည်မှာရှိတဲ့ ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတဲ့ ကျောင်းတွေ၊ ပညာရေးကွန်ရက် က ဖွင့်ထားတဲ့ ကျောင်းတွေနဲ့ အဲ ဒီကျောင်းတွေက ဆရာတွေကို သင်တန်းတွေ ပေးနိုင်ဖို့ နောက်ပြီး စစ်ဘေးသင့်ဒေသက ကျောင်း သားတွေကို လည်းလှူဖို့ ရည်ရွယ် ထားပါတယ်’’ ဟု ၎င်းက ပြော သည်။

အလှူငွေအနေဖြင့် ပြင်ပအလှူရှင်များမှ လှူဒါန်းငွေကျပ်သိန်း သုံးရာကျော်ရရှိခဲ့ပြီး ဖျော်ဖြေပွဲ ၀င်ကြေး ကျပ်သိန်းငါးရာခန့် ရရှိခဲ့သောကြောင့် အလှူငွေ သိန်း ၈၀၀ ခန့် ရရှိခဲ့ကြောင်း ကိုမျိုးနိုင် က ပြောသည်။

‘‘လက်မှတ်ခတွေက လော လောဆယ်တော့ အတိအကျ မတွက်ရသေးဘူး။ ခန့်မှန်းခြေ တွက်ထား တာတော့ သိန်းငါးရာ လောက်ရှိတယ်’’ ဟု ၎င်းက ပြော သည်။ယင်းဖျော်ဖြေပွဲကို ပုဂံအင် တာတိန်းမန့်က မေတ္တာဖြင့် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး အိုင်းရင်းခရော့စ်အဖွဲ့၏ ပင်တိုင်အဆိုတော်များနှင့်အတူ ဒေးဗစ်ခွန်နောင်၊ ဆုန် သင်းပါရ်နှင့် စိုးပြည့်သဇင်တို့ လည်း အားဖြည့်သီဆိုပေးခဲ့သည်။

ဖျော်ဖြေပွဲသို့ ပရိသတ် ခြောက်ထောင်ခန့် လာရောက် အားပေးခဲ့ပြီး ပညာရေးသည် အရေးကြီးသော ကြောင့် ပါဝင်ဖျော် ဖြေပေးခဲ့ခြင်းဖြစ်သည်ဟု လေးဖြူ က ‘မလုပ်နဲ့’ သီချင်းမသီဆိုမီ ပြောကြားခဲ့သည်။

‘‘အိုင်းရင်းခရော့ခ်က ဒီပွဲမှာ ရည်ရွယ်ချက်က တစ်ခုတည်းပဲ၊ ပညာရေးက အရေးကြီးတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး က အရေးကြီးတယ်။ ပြန်ပြော မယ်။ ပညာရေးက အရေးကြီး တယ်။ မန္တလေးသူ၊ မန္တလေးသား များ ပညာရေးက အရေးကြီးတယ်။ အဲဒီမက်ဆေ့ခ်ျပေးချင်လို့ ဒီပွဲကို ဆိုတာ’’ ဟု လေးဖြူက ပြောကြား ခဲ့ရာ ပရိသတ်များကလည်း သံ ပြိုင်အော်၍ အားပေးခဲ့ကြသည်။

မန္တလေးမြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေပွဲ အနေဖြင့် ၂၀၁၂ နှစ် ကုန်ပိုင်းက ဖျော်ဖြေပွဲ ကျင်းပရန် စီစဉ်ခဲ့ဖူးသော်လည်း ပွဲကျင်းပခွင့်မရရှိသောကြောင့် မပြုလုပ်ခဲ့ရဘဲ ယခုနှစ်မှသာပထမ ဆုံးအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ် သည်ဟု ကိုမျိုးနိုင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက် လေးနှစ် ပြည့် ရန်ပုံငွေဂီတပွဲတော်ကို ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၁၀ နှင့် ၁၁ ရက် နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့ ရာ အလှူငွေစုစုပေါင်း ကျပ်သိန်း တစ်ထောင်ကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment