Thursday 8 January 2015

အမေရိကန်သို့ သစ်တင်ပို့ခွင့်ပြန်ရ၍ တစ်နှစ်အတွင်း တန်ချိန် ၃၀၀ အမှာရ

Photo: အမေရိကန်သို့ သစ်တင်ပို့ခွင့်ပြန်ရ၍ တစ်နှစ်အတွင်း တန်ချိန် ၃၀၀ အမှာရ
Thursday, January 8, 2015

အမေရိကန်နိုင်ငံသို့မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီး တစ်နှစ်အတွင်း သစ်တန်ချိန် ၃၀၀ ခန့်တင်ပို့ရန် အမှာစာရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

မြန်မာ့သစ်လုံးများ ပြည်ပသို့တင်ပို့မှု ရပ်ဆိုင်းပြီး တစ်လအကြာတွင် ပိတ်ဆို့အရေးယူမှုစာရင်း၌ ပါဝင်နေသော မြန်မာ့သစ်များတင်သွင်းရန် ခွင့်ပြုသည့် တစ်နှစ်သက်တမ်းရှိ လိုင်စင်ကို အမေရိကန်အစိုးရက အမေရိကန်သစ်ကုမ္ပဏီများကို ခွင့်ပြုပေးလိုက်သည်။

‘‘ဒီဘဏ္ဍာရေးနှစ်အတွင်း ကွန်တိန်နာ ၂၅ လုံးတင်ပို့ဖို့ရှိပါ တယ်။ အရွယ်အစားကြီးတဲ့ ခွဲ သားတွေပို့ရမှာပါ’’ဟု အဆိုပါအ သင်း တာဝန်ရှိသူက ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကွန်တိန်နာတစ်လုံး လျှင် သစ်တန်ချိန် ၁၂ တန်ပါဝင်သည့် ကွန်တိန်နာ ၂၅ လုံးတင်ပို့မည်ဟု သတင်းရရှိသည်။

မြန်မာ့သစ်များ အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ခွင့်ပြု စဉ် နှစ်လအတွင်း အမေရိကန်နိုင်ငံက မှာယူမှုသည် ဥရောပနိုင်ငံ များ၏ ၀ယ်လိုအားကို မမီခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသိုင်း အ၀ိုင်းက ဆိုသည်။

မြန်မာ့သစ်များပြည်ပဈေး ကွက်သို့ တင်ပို့ရာတွင် အခြားနိုင် ငံများထက် အမေရိကန်နိုင်ငံက ဈေးကောင်းပေးသည့်အပြင် မည် သည့်သစ်ထောက်ခံချက်မျှမလို ဘဲ အမေရိကန်နိုင်ငံက ပြဋ္ဌာန်း ထားသည့် Lacey Act ဥပဒေအရ ကိုက်ညီရမည်ဟု ဆိုသဖြင့် စိတ် ၀င်စားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန်နိုင်ငံတွင် ပြ ဋ္ဌာန်းထားသည့် Lacey Act ဥပဒေသည် ၎င်းနိုင်ငံသို့ တင်သွင်းလာ မည့် သစ်သည် တရားဥပဒေနှင့် ကိုက်ညီသောသစ်ဖြစ်ရမည်။ သ ဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိစွာ ထုတ်လုပ်ထားသော သစ် ဖြစ်ရမည်။ လူ့အခွင့်အရေးလေး စားလိုက်နာရမည်။ လာဘ်ပေး လာဘ်ယူမှုကင်းရမည်။ စီးပွား ရေးအရ တာဝန်ယူမှုရှိရမည် ဖြစ်သည်။

အမေရိကန်က ခွင့်ပြုလိုက် သည့် နိုင်ငံအတွင်း မြန်မာ့သစ် တင်သွင်းခွင့် တစ်နှစ်သက်တမ်း သည် အမေရိကန်အစိုးရက မြန် မာ့သစ်များ ထာဝရခွင့်ပြုလိုက် သည်မဟုတ်ဘဲ ယာယီစောင့် ကြည့်သည့် သဘောသာဖြစ်သော ကြောင့် ကျေနပ်အားရမှုမရှိကြောင်းသစ်လုပ်ငန်းရှင်များက ဆိုသည်။မြန်မာနိုင်ငံ၏ ပုဂ္ဂလိကသစ် အချောထည်နှင့် ခွဲသားလုပ်ငန်း တွင် သစ်လုပ်ငန်းရှင် ၁,၅၀၀ ကျော်ရှိသည့်အနက် ကွန်တိန်နာဖြင့် ပြည်ပတင်ပို့နိုင်သော လုပ်ငန်းရှင် မှာ ၁၅ ဦးခန့်သာရှိပြီး စီးပွားဖြစ်တင်ပို့နိုင်သည့် လုပ်ငန်းရှင်မှာ နှစ်ဦးနှင့် သုံးဦးကြားသာရှိသည်ဟု မြန်မာ့သစ်လုပ်ငန်း၏ စာရင်းဇယားများအရ သိရှိရသည်။

7Day DAILY
အမေရိကန်နိုင်ငံသို့မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီး တစ်နှစ်အတွင်း သစ်တန်ချိန် ၃၀၀ ခန့် တင်ပို့ရန် အမှာစာရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

မြန်မာ့သစ်လုံးများ ပြည်ပသို့တင်ပို့မှု ရပ်ဆိုင်းပြီး တစ်လအကြာတွင် ပိတ်ဆို့အရေးယူမှုစာရင်း၌ ပါဝင်နေ သော မြန်မာ့သစ်များတင်သွင်းရန် ခွင့်ပြုသည့် တစ်နှစ်သက်တမ်းရှိ လိုင်စင်ကို အမေရိကန်အစိုးရက အမေရိကန်သစ်ကုမ္ပဏီများကို ခွင့်ပြုပေးလိုက်သည်။

‘‘ဒီဘဏ္ဍာရေးနှစ်အတွင်း ကွန်တိန်နာ ၂၅ လုံးတင်ပို့ဖို့ရှိပါ တယ်။ အရွယ်အစားကြီးတဲ့ ခွဲ သားတွေပို့ရမှာပါ’’ဟု အဆိုပါအ သင်း တာဝန်ရှိသူက ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကွန်တိန်နာတစ်လုံး လျှင် သစ်တန်ချိန် ၁၂ တန်ပါဝင်သည့် ကွန်တိန်နာ ၂၅ လုံးတင်ပို့မည်ဟု သတင်းရရှိသည်။

မြန်မာ့သစ်များ အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ခွင့်ပြု စဉ် နှစ်လအတွင်း အမေရိကန်နိုင်ငံက မှာယူ မှုသည် ဥရောပနိုင်ငံ များ၏ ၀ယ်လိုအားကို မမီခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသိုင်း အ၀ိုင်းက ဆိုသည်။

မြန်မာ့သစ်များပြည်ပဈေး ကွက်သို့ တင်ပို့ရာတွင် အခြားနိုင် ငံများထက် အမေရိကန်နိုင်ငံက ဈေးကောင်း ပေးသည့်အပြင် မည် သည့်သစ်ထောက်ခံချက်မျှမလို ဘဲ အမေရိကန်နိုင်ငံက ပြဋ္ဌာန်း ထားသည့် Lacey Act ဥပဒေအရ ကိုက်ညီရမည်ဟု ဆိုသဖြင့် စိတ် ၀င်စားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

အမေရိကန်နိုင်ငံတွင် ပြ ဋ္ဌာန်းထားသည့် Lacey Act ဥပဒေသည် ၎င်းနိုင်ငံသို့ တင်သွင်းလာမည့် သစ်သည် တရားဥပဒေနှင့် ကိုက်ညီသောသစ်ဖြစ်ရမည်။ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်ထား သော သစ် ဖြစ်ရမည်။ လူ့အခွင့်အရေးလေး စားလိုက်နာရမည်။ လာဘ်ပေး လာဘ်ယူမှုကင်းရမည်။ စီးပွား ရေးအရ တာဝန်ယူမှုရှိရမည် ဖြစ်သည်။

အမေရိကန်က ခွင့်ပြုလိုက်သည့် နိုင်ငံအတွင်း မြန်မာ့သစ်တင်သွင်းခွင့် တစ်နှစ်သက်တမ်းသည် အမေရိကန်အစိုးရက မြန်မာ့သစ်များ ထာဝရခွင့်ပြုလိုက်သည်မဟုတ်ဘဲ ယာယီစောင့်ကြည့်သည့် သဘော သာဖြစ်သောကြောင့် ကျေနပ်အားရမှုမရှိကြောင်းသစ်လုပ်ငန်းရှင်များက ဆိုသည်။မြန်မာနိုင်ငံ၏ ပုဂ္ဂလိက သစ် အချောထည်နှင့် ခွဲသားလုပ်ငန်း တွင် သစ်လုပ်ငန်းရှင် ၁,၅၀၀ ကျော်ရှိသည့်အနက် ကွန်တိန်နာဖြင့် ပြည်ပတင်ပို့နိုင်သော လုပ်ငန်းရှင် မှာ ၁၅ ဦးခန့်သာရှိပြီး စီးပွားဖြစ်တင်ပို့နိုင်သည့် လုပ်ငန်းရှင်မှာ နှစ်ဦးနှင့် သုံးဦးကြားသာရှိသည်ဟု မြန်မာ့သစ်လုပ်ငန်း၏ စာရင်းဇယားများအရ သိရှိရသည်။

7Day DAILY 

No comments:

Post a Comment