Thursday 8 January 2015

မလေးရှားတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအတွက် သံသယရှိသူများ အနက်မှ ခြောက်ဦးကို လူသတ်မှုဖြင့် တရားစွဲ

မလေးရှားတွင် မြန်မာနိုင်ငံသားများအသတ်ခံရသည့်အမှုများအတွက် သံသယရှိသူအဖြစ် ဖမ်းဆီးထားသူ များ အနက်မှ ခြောက်ဦးကို လူသတ်မှုဖြင့် မလေးရှားရဲများမှ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ရ ရက် ထုတ် မလေးရှားနိုင်ငံအခြေစိုက် The Star သတင်းဌာန၏ ဖော်ပြ ချက်အရ သိရသည်။

မလေးရှားတွင် ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အသတ်ခံရ၍ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား အယောက်၂ဝသေဆုံးမှုနှင့်ပတ်သက်၍ မလေးရှားနိုင်ငံရောက် သံသယရှိသူ ဘင်္ဂါလီလူမျိုး ၁၈ဦးကို ဖမ်း ဆီး ခဲ့ပြီး ထပ်မံ၍ သံသယရှိ သူ ဘင်္ဂါလီနှစ်ဦး စုစုပေါင်း ၂ဝကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်း၂ဝမှ အ ဆင့်ဆင့်စစ်ဆေးခဲ့ပြီး ခြောက်ဦးကို လူသတ်မှုဖြင့် တရားစွဲ ခဲ့ခြင်းဖြစ် ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါအမှုကို မလေးရှားနိုင်ငံ ပီနန်ခရိုင် ဂျာဝီတရားရုံးတွင် တရား စွဲဆို ထားခြင်းဖြစ်ပြီး မလေးရှားဥပဒေ ပုဒ်မ-၃၀၂ဖြင့် တရားစွဲဆိုထားလိုက်
ခြင်းဖြစ်ကြောင်းလည်း မလေးရှား နိုင်ငံအခြေစိုက် ကပုန်းလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၇ရက် ညနေပိုင်းက ပြောသည်။

''အသတ်ခံရတဲ့ဟာ ခုမှမဟုတ် ဘူး။ ၂၀၁၃တုန်းကလဲ အတော်များများ အသတ်ခံခဲ့ရတယ်။ အမှုတွေ လုံးဝမပေါ်ခဲ့ဘူး။ အခုလဲ အသတ်ခံရတဲ့ အမှုတွေကို မလေးရှားပြည်ထဲ ရေးဝန်ကြီးဌာနက ဖိအားပေးလွန်း လို့ ကျော်ကြားဖြစ်နေတဲ့သူတွေအ ကုန်လုံးကို ဆွဲဖမ်းလိုက်တာ။ အဲဒီထဲကမှ အခုခြောက်ယောက်ကို ပုဒ်မ ၃၀၂နဲ့ စွဲလိုက်ပါပြီဆိုပြီး သတင်းစာတွေ မှာ ရေးထားတာတွေ့ရတယ်''ဟု ပြောသည်။

ယင်းအမှုနည်းတူ ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၈ရက်တွင် မလေးရှား၌ မြန်မာ နိုင်ငံသားတစ်ဦး ထပ်မံအသတ် ခံရသည့် အလောင်းကို တွေ့ရှိခဲ့ပြီး အဆိုပါအမှုအတွက် ၂၀၁၅ခု နှစ် ဇန်နဝါရီ ၄ရက်တွင် မလေးရှား ရဲများထံ အမှုဖွင့်ခဲ့ကြောင်း အသတ် ခံရသည့်အမှုများအားလုံး အမှုမှန်ပေါ်ပေါက်ရေး မြန် မာနိုင်ငံပြည်ထဲ ရေးဝန်ကြီးဌာနမှ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနထံ ဖိအားပေးရန်လိုအပ်ကြောင်းလည်း ဦးဆန်းဝင်းက ၎င်း၏အမြင်ကိုပြောသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား များကို အော်ပရာဇီကီလာအမည်ရှိ စစ်ဆင်ရေးတစ်ခုဖြင့် ဖမ်းဆီးလျက်ရှိနေပြီး အဆိုပါတရားခံများကို ယင်း စစ်ဆင်ရေးကာလအတွင်းပင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆင်ရေးတွင် အသက် ၁ဝနှစ်မှ ၄ဝကြား တရားခံ ၁၈ဦးကို ဖမ်းဆီး ရရှိထားကြောင်းနှင့် ထပ်မံကာ နှစ်ဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား အသတ်ခံရသည့် လူသတ်မှုများအပါအဝင် လူသတ်မှုများ အားလုံးတွင် အလောင်းများကို စစ်ဆေးရာဓားများဖြင့် နေရာအနှံ့ခုတ်ထစ် သတ်ဖြတ်ထားခြင်းကိုသာ စစ်ဆေးတွေ့ရှိရပြီး ဒီဇင်ဘာ ၈ရက် အထိ သေ ဆုံးသူများ၏ ခန္ဓာ ကိုယ်အစိတ်အပိုင်း စုစုပေါင်း ၃၄ခု ရရှိခဲ့ကြောင်း၊ သေဆုံး သူများတွင် မြန်မာနိုင်ငံသားအဖြစ် ၂၀ ကို အတည်ပြုနိုင်ခဲ့ကာ ကျန်အလောင်း များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း ဒီဇင်ဘာ ၂၇ရက်နေ့ထုတ် မလေးရှား သတင်းစာများတွင်လည်း ဖော်ပြထားသည်။

ZCH
Democracytoday‬

No comments:

Post a Comment