Thursday 8 January 2015

ဂိုဒေါင်ဆောက်မည်ဟု တင်ပြထားသူများ ခြောက်လအတွင်း အပြီးတည်ဆောက်ရမည်

Photo: ဂိုဒေါင်ဆောက်မည်ဟု တင်ပြထားသူများ ခြောက်လအတွင်း အပြီးတည်ဆောက်ရမည်
Thursday, January 8, 2015 

စက်မှုဇုန်မြေကွက်လွတ်များ၌ ဂိုဒေါင် တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီအစဉ်တင်ထားသူများ ခြောက်လ အတွင်း အပြီးတည်ဆောက်ကြရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စက်မှုဇုန်များရှိ ဂိုဒေါင်များကို ပြန်သိမ်းရန် အစီအစဉ်မရှိတော့ဟု ထုတ်ပြန် ထားသည်။

စက်ရုံဂိုဒေါင်တည်ဆောက်မှုမှာ ခန့်မှန်းခြေ ခြောက်လ၀န်းကျင်သာ အချိန်ယူရခြင်းကြောင့် လုပ်ငန်းရှင်များ အမှန်တကယ် အကောင်အထည်ဖော်ရန် တိုင်းအစိုးရ တာဝန်ရှိသူများက တိုက်တွန်းခြင်း ဖြစ်သည်ဟု ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

“ဂိုဒေါင် တည်ဆောက်မယ်ဆိုရင် ဒီနေ့ခေတ်နည်းတွေနဲ့ ဆောက်ရင် အများဆုံး ခြောက်လလောက်ပဲ ကြာတဲ့အတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရှင်တွေကို တိုက်တွန်းတဲ့သဘောပါ” ဟု ၎င်းက ဆို သည်။

စက်မှုဇုန်မြေကွက်လွတ်ပေါင်း ၂,၄၀၀ ၀န်းကျင်တွင် ဂိုဒေါင်တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီ အစဉ်တင်ပြသူ ၁,၄၀၀ ၀န်းကျင်အထိ ရှိနေခြင်းဖြစ်သည်။

သတ်မှတ်ရက်အတွင်း လုပ်ငန်းစီမံကိန်း အစီအစဉ်မတင်သည့် မြေကွက်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ခြင်း မရှိသည့် မြေကွက်များ ကို ပြန်လည်သိမ်းယူရန် တိုင်းအစိုးရအဖွဲ့ ဦးဆောင်သည့် စက် မှုဇုန်စီမံခန့်ခွဲရေး ကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ များ ပူးပေါင်းကာ မြေပြင်ဆင် စိစစ်မှုများ ပြုလုပ်နေပြီဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။

ဂိုဒေါင်တည်ဆောက်နေသည့် မြေကွက်လွတ်နှင့် သိမ်းယူရန် သတိပေးထားသည့် ဂိုဒေါင်လွတ်များကို သိမ်းယူရန် အစီအစဉ် မရှိတော့ကြောင်း တိုင်းအစိုးရတာဝန်ရှိသူများက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ မြေကွက်လွတ်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ မြေကွက်လွတ်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
စက်မှုဇုန်မြေကွက်လွတ်များ၌ ဂိုဒေါင် တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီအစဉ်တင်ထားသူများ ခြောက်လ အတွင်း အပြီးတည်ဆောက်ကြရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စက်မှုဇုန်များရှိ ဂိုဒေါင်များကို ပြန်သိမ်းရန် အစီအစဉ်မရှိတော့ဟု ထုတ်ပြန် ထားသည်။

စက်ရုံဂိုဒေါင်တည်ဆောက်မှုမှာ ခန့်မှန်းခြေ ခြောက်လ၀န်းကျင်သာ အချိန်ယူရခြင်းကြောင့် လုပ်ငန်းရှင်များ အမှန်တကယ် အကောင်အထည်ဖော်ရန် တိုင်းအစိုးရ တာဝန်ရှိသူများက တိုက်တွန်းခြင်း ဖြစ်သည်ဟု ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

“ဂိုဒေါင် တည်ဆောက်မယ်ဆိုရင် ဒီနေ့ခေတ်နည်းတွေနဲ့ ဆောက်ရင် အများဆုံး ခြောက်လလောက်ပဲ ကြာတဲ့အတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရှင်တွေကို တိုက်တွန်းတဲ့သဘောပါ” ဟု ၎င်းက ဆို သည်။

စက်မှုဇုန်မြေကွက်လွတ်ပေါင်း ၂,၄၀၀ ၀န်းကျင်တွင် ဂိုဒေါင်တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီ အစဉ်တင်ပြသူ ၁,၄၀၀ ၀န်းကျင်အထိ ရှိနေခြင်းဖြစ်သည်။

သတ်မှတ်ရက်အတွင်း လုပ်ငန်းစီမံကိန်း အစီအစဉ်မတင်သည့် မြေကွက်များနှင့် လုပ်ငန်းအကောင် အထည် ဖော်ခြင်း မရှိသည့် မြေကွက်များ ကို ပြန်လည်သိမ်းယူရန် တိုင်းအစိုးရအဖွဲ့ ဦးဆောင်သည့် စက်မှု ဇုန်စီမံခန့်ခွဲရေး ကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီများ ပူးပေါင်းကာ မြေပြင်ဆင် စိစစ်မှုများ ပြုလုပ်နေပြီဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။

ဂိုဒေါင်တည်ဆောက်နေသည့် မြေကွက်လွတ်နှင့် သိမ်းယူရန် သတိပေးထားသည့် ဂိုဒေါင်လွတ်များကို သိမ်း ယူရန် အစီအစဉ် မရှိတော့ကြောင်း တိုင်းအစိုးရတာဝန်ရှိသူများက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment