Thursday 8 January 2015

အစိုးရ သတိရှိသင့်တယ်

အမေရိကန်က သူဌေးကြီး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံကိုရောက်ပြီး သမ္မတကြီး နဲ့ တွေ့ခဲ့တယ်လို့ အင်တာနက်မှာ ဖတ်လိုက် ရတယ်။ ပြန်သတိရ မိတယ်၊ ၈၈ အရေးတော်ပုံကာလတုန်းက ကျွန်တော်ရယ်၊ ညိုအုန်းမြင့်ရယ်၊ မိုးသီးဇွန် ရယ်၊ ကျော်သူ ရယ်ပေါ့။ ကျော်သူက မင်းသားကိုပြောတာ မဟုတ် ဘူး ဒေါက်တာကျော်သူ၊ Save the Children ကျော်သူပေါ့။ နောက်ပိုင်း လူတွေကွဲသွားတော့ ကျွန်တော်က ဘန်ကောက်မှာ၊ မိုးသီးဇွန်က US မှာ၊ ညိုအုန်းမြင့်က MPC မှာတဲ့၊ ကျော်သူကတော့ Save the Children ခေါင်းစဉ်နဲ့ George Soros ရဲ့ Rep: ပေါ့။ အင်းလေ ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုကိုယ် လျှောက်ကြတာပဲ၊ ဘ၀မှာ ဒဏ်ရာဒဏ်ချက်တွေကလည်းများပြီ၊ အမှန်တရားကိုလည်း ရှာဖွေတွေ့ပြီလို့ မုဒိတာပွားကြည့် မိတယ်..

မြန်မာစကားပုံမှာ ခွေးပြီးကောက်ကျည်ထောက်စွပ် ဆိုတာရှိတယ်နော်၊ ဗီဇဆိုတာပြင်နိုင်ခဲတာကလား၊ George Soros ကလည်း George Soros လေ၊ သူ့အလုပ်က ဒါပဲမဟုတ်လား? သတိထားရမှာက ကွန်ဂရက်မှာ တစ်နှစ် ဒေါ်လာနှစ်သန်း ထောက်ပံ့ပြီး မြန်မာပြည်ဒီမိုကရေစီအရေးအတွက် လှုပ်ရှားတဲ့သူတွေကို Share လုပ်ပေး နေတာက ဒီနေ့အထိပဲ။ မြန်မာရဲ့ ဒီမိုကရေစီဆိုတာကလည်း လမ်းခုလပ်မှာပဲရှိနေသေးတော့ ကိုယ်တိုင် ကိုယ်ကျ ပြည်တွင်း ၀င်လာရတဲ့ အခြေအနေ ရောက် လာပြီထင်တယ်၊ မြန် မာပြည်ကို သတိပေးချင်တယ်၊ သတိတော့ထားပါလို့။ ၂၀၀၈ ခုနှစ် ထိုင်း မှာ Recession ဖြစ်တုန်းက George soros ကစားခဲ့တယ်ဆိုတာတော့ အစိုးရကမေ့မနေသင့်ဘူး၊ ၂၀၀၉ ခုနှစ် US မှာ အိမ်ခြံမြေဈေးကွက်တွေက တစ်ဆင့် တစ်ကမ္ဘာလုံး စီးပွားရေးအကြပ်အတည်း ဖြစ်ခဲ့ရတာကလည်း George Soros ရဲ့ လက်ချက်ဆိုတာကို သိနေတဲ့ CIA က လက်ရှိ George Soros ကို အိတ်ထဲထည့်ပြီး သူ့ဇာတ်ညွှန်း တွေအတိုင်း ကဖို့လုပ်နေတာလို့ သတိပေးပါ ရစေ အုံး.. မြန်မာပြည်မှာ အရံငွေ မရှိဘူးနော်၊ ဒေါ်လာဈေးကလည်း ၁ ဒေါ်လာ ကို ၁၀၂၅ိ/- ဖြစ်နေ တယ်၊ မကျတော့ဘူး၊ ဒါဟာ မြန်မာတို့စဉ်းစားသင့်တဲ့ အချက်ပါ။ 

စက်တင်ဘာလကတုန်းက သမ္မတကြီး US သွားခဲ့တယ်၊ ဦးစိုးသိန်းက George Soros နဲ့ မိတ်ဆက် ပေးပြီး တဲ့ နောက် ညစာစားပွဲမှာ သမ္မတကြီးက George Soros နဲ့ ဘေးကျင်းကပ်ထိုင်ပြီး စကားတွေပြောနေ တာကို US က မိတ်ဆွေ တစ်ယောက်ကပြောတယ်၊ “ဖရက်-မင်းအဲဒီ Result က ဘာဖြစ်မယ်ထင်သလဲ” တဲ့ နိုင်ငံရဲ့ကံကြမ္မာပေါ့ကွာ လို့ပဲ ဖြေလိုက် တယ်။

အခုဆို George Soros မြန်မာပြည်ကိုရောက်နေတယ်။ ကောင်းသော လာခြင်းလား၊ မလာခြင်းလား ဆိုတော့ ရွှေမောင်တို့နဲ့ တွေ့တယ်လို့လဲ သိရတယ်။ ရွှေမောင်နဲ့ပဲလားဆိုတော့လဲ မဟုတ်သေးဘူး၊ ရိုဟင်ဂျာ လူ့အခွင့်ရေး ကာကွယ်သူလို့ဆိုတဲ့ ကျော်လှအောင်တို့နဲ့လဲ တွေ့တယ်။ ဆွေးနွေးတာကတော့ ကုလားတွေနဲ့တွေ့တယ်ဆိုတော့ ကုလားအရေးပေါ့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကိစ္စတွေ၊ ဘင်္ဂလီတွေ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိရေး တွေ စသည်ဖြင့်ပေါ့။ ကုလက မြန်မာပြည် တွင်းမှာရှိတဲ့ ဘင်္ဂလီ တွေကို ရိုဟင်ဂျာ တိုင်းရင်းသားစားရင်း ထည့်သွင်းရေးဆိုပြီး လူမျိုးရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီး တဲ့ နောက် မှာ George Soros က မြန်မာပြည်ရောက်လာပြီး ကုလားတွေနဲ့ တွေ့တယ်ဆိုတာကတော့ စဉ်းစား စရာပဲ။ CIA တွေရုပ်လုံးကြွလာတယ် လို့တောင် ဆိုလို့ရတယ်။ တစ်နိုင်ငံလုံးက ရိုဟင်ဂျာဆိုတာမရှိ ပါဘူး လို့ အတိအလင်း ငြင်းဆိုထားတာ ကိုတောင် ရိုဟင်ဂျာအခွင့်အရေးဆိုပြီး လာဆွေးနွေးနေတာကလည်း တော်တော်ကို အန္တရာယ်ကြီးတယ်လို့ ဆိုရမလို ဖြစ်နေပြီ။

အခင်းအကျင်းကတော့ ရှင်းနေတာပဲ…. ညိုအုန်းမြင့်က MPC မှာ ထဲထဲဝင် ၀င်ပေါ့နော် …. မိုးသီးဇွန် က လည်း လက်ဝဲ ဆိုတော့ ၈၈ နဲ့ကျောင်းသားတွေကို အခါပေးနေတယ်…..ကျော်သူကလည်း ခုဆို ၂၀၁၄ အထင် ကရပုဂ္ဂိုလ်ဆိုပြီး မီဒီယာ ကတောင် Hight Light လုပ်ပေးနေတယ်။ ဒီနေရာမှာ သူများကို ဝေဖန် ပုတ်ခတ် တာတော့မဟုတ်ဘူး၊ အရှိတိုင်းလေး တစ်ခုတော့ပြောချင်သေးတယ်။ မိုးသီးဇွန်တို့၊ နိုင်အောင်တို့ ဆိုတာကလည်း ၈၈ တုန်းက အတူတူလုပ်ခဲ့ ကိုင်ခဲ့ကြ တာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့နဲ့ကျွန်တော်နဲ့ ကွာသွားပြီ။ မိုးသီးဇွန် တို့၊ နိုင်အောင် တို့ အမေရိကန်မှာ ထောက်ပံ့ကြေးမျိုးစုံနဲ့ သာယာပျော်ပါးကောင်း စားနေ ချိန်မှာတော့၊ ကျွန်တော်က ဘန်ကောက်မှာ ရုန်းကန်နေရတုန်းပေါ့။ ထားပါလေ.. အချိန်တန် ရင်တော့ သမိုင်းက စကားပြောမှာပါ။  

သူတို့ပြောနေ တဲ့ NCA ဆိုတာကြီးကလည် ၂၀၁၅ စနေပြီ.. UNFC က FUA ဆိုတာကို ပြန်တင်နေတော့ စစ်တပ်က တင်းနေပြီ။ ဟန်ယောင်ဝေနဲ့ ဘွမ်ဝမ်လရော်ကလည်း Fedral အတွက် အထဲမှာ ၀င်ကစား ပေးနေတယ်၊ George Soros က ပြည်တွင်းမှာအနီးကပ်ဝင်နေပြီ၊ အခင်းအကျင်းကလှတယ်၊ အစိုးရသတိ မထားမိရင်တော့ခက်မယ်…

တရုတ်က သတိထားမိနေပြီ။ အစိုးရကို အယုံအကြည်မရှိတော့ဘူး။ ဖုန်ကြားရှင်ကို မြှောက်ပေးပြီးထည့် လိုက်ပြီ။ KIA, Wa, Mongla တို့ကို အိတ်ထဲထည့်ထားတယ်၊ မြစ်ဆုံရေကာတာကိစ္စတည်းက အစိုးရကို တင်းသွားတာ ခု ၀မ်ပေါင်ကုမ္ပဏီကို ပြည်တွင်းကနေ ပြန်ထွက်သွားရအောင် လက်ပံတောင်းကိစ္စကို မြှောက်ပေး နေတာ CIA ဆိုပြီး အစိုးရနဲ့ ဆက်ဆံရေး Strategy ကို ပြောင်းနေပြီဆိုတာလည်း အထင် အရှား တွေ့နေရပြီ။  

ကျွန်တော်တို့ဘန်ကောက်မှာ သူငယ်ချင်းတွေဆုံတိုင်း မြန်မာနိုင်ငံကို သံယောဇဉ်စိတ်နဲ့ပြောကြတယ်။ အစိုးရ သတိရှိသင့် တယ်လို့ …..

Crdit >>> Freddy
မြန်မာပြည်သား 

No comments:

Post a Comment