Thursday 8 January 2015

ထိုင်းနိုင်ငံရှိ အီလက်ထရွန်နစ်စက်ရုံတစ်ခုမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ဝခန့်ကို အလုပ်ထုတ်ခဲ့ပြီး လုပ်သား ၁၄ဦး၏ ATM ကတ်များကို သိမ်းဆည်းထားဟုဆို

ထိုင်းနိုင်ငံရှိ အီလက်ထရွန်နစ်စက်ရုံတစ်ခုမှ မြန် မာရွှေ့ပြောင်းအလုပ်သမား ၅ဝခန့် ကို အလုပ်ရှင်က အလုပ် ထုတ်ခဲ့ပြီး အဆိုပါလုပ်သားများအနက်မှ ၁၄ ဦး၏ ATM ကတ်များကို သိမ်းဆည်းကာ ထိုင်းပုလိပ် များနှင့် ပွဲစား များပူးပေါင်းကာ ငွေကြေးအမြတ် ထုတ်ခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေ စိုက်ရွှေ့ပြောင်း အလုပ်သမားအခွင့် အရေးကွန်ရက် (MWRN) မှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ထိုင်း နိုင်ငံအတွင်းရှိ CMP အီလက်ထရွန်နစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ဝကို အကြောင်း တစ်စုံတစ် ရာပြောကြားခြင်းမရှိဘဲ အလုပ်မှ ထုတ်ပယ် ပစ်ခဲ့သည့် အပြင် ယင်း ၅၀ ထဲမှ ၁၄ဦး၏ ATM ကတ်များကို စက်ရုံရှိ ထိုင်းပုလိပ်ဟောင်းတစ်ဦးနှင့်မြန်မာ ပွဲစားနှစ်ဦးမှ သိမ်းဆည်း ကာ ထိုင်းရဲများနှင့်ပူးပေါင်းပြီး လုပ်ခဲ့သဖြင့် ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) သို့ ဇန်နဝါရီ ၅ရက်က လာရောက်အကူညီတောင်း ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အလုပ်ထုတ်ခံရတာနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ ဆိုစကား အရတော့ မြန်မာပွဲစားနှစ်ဦးနဲ့ ထိုင်း ပုလိပ်ဟောင်း တစ်ဦးရဲ့ လှည့်ကွက်လို့ပြောတယ်။ အလုပ်ရုံကို လူသစ်သွင်းချင်ရင် လူဟောင်းထုတ်ပစ် တာတဲ့ လူသစ် သွင်းတော့မယ်ဆိုရင်လဲ အသစ်ဝင်လာတဲ့လူသစ်ဆီကနေ တစ်ယောက်ကို ဘတ် ၆၀၀၀ လောက်ရတယ်တဲ့၊ အဲ့တော့အသစ် သွင်းလိုက်၊ အဟောင်းထုတ် လိုက်နဲ့ လုပ်စားနေတာတဲ့၊ မြန်မာပွဲစား နှစ်ဦးက လူရှာ၊ ထိုင်းပုလိပ်ဟောင်းက အလုပ်သွင်းပြီး ရတဲ့ပိုက်ဆံကို ဝေစားမျှစားလုပ်တယ်။ အဲ့ဒါအပြင် အလုပ်သမားတွေကို ဘယ်သူက ဘာလုပ်တယ်ဆိုတာ ထိုင်းပုလိပ်တွေကို သတင်းပို့ ငွေညှစ်ပြီးရင် ဝေမျှ စား။ အဲ့လိုလုပ်နေတာလို့ အလုပ်သမားတွေက ပြောခဲ့ တယ်''ဟု MWRN က ပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းများ အပေါ်အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများက ကူညီ ဆောင်ရွက် ပေးရန် အကူအညီ လာရောက်တောင်းခံ ကျသော်လည်း ယင်းတို့အလုပ်လုပ်ကိုင်သည့် စက်ရုံ တည်နေရာကိုပင် အတိအကျမသိရှိကြကြောင်း၊ စက်ရုံယူနီဖောင်းများ လည်းမရှိကြကြောင်း၊ ယင်းအပြင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်တရားဝင်အထောက်အထားများလည်း ပြည့်စုံစွာမရှိကြကြောင်း အလုပ်သမား များ၏ လာရောက်တိုင်ကြားစဉ် ထွက်ဆိုချက်များကို MWRN မှ ပြန်လည်ပြောပြသည်။

ထိုင်းနိုင်ငံ၏လက်ရှိဥပဒေ အရလည်း အလုပ်ထုတ်ခံရမှုဖြစ်ပွားပါက တရားဝင်အမှုဖွင့်တိုင်ကြားမှ သာဖြေ ရှင်း ဆောင်ရွက်ပေးလေ့ရှိကြောင်း၊ အခြားနစ်နာမှုများကိုလည်း ယင်းနည်းတူတိုင်တန်းတောင်းဆိုရ ကြောင်း၊ သို့သော် တရားဝင်အ ထောက်အထားမပြည့်စုံမှုများ၊ တရားမဝင်နေထိုင် မှုများကြောင့် တိုင်ကြား ပါက အလုပ်သမားများဘက်သို့ ပြန်လည် အမှုပတ်မည်ကိုစိုးရိမ်သဖြင့် တိုင်ကြားမှုများမပြုလုပ် လိုသူ များပြားကြကြောင်းနှင့် ယခုအလုပ်ထုတ် ခံရသူများသည်လည်း ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက် အထားမပြည့်စုံသည့်အတွက် တိုင် ကြားလိုခြင်းမရှိကြကြောင်း လည်း သိရသည်။

ZCH
Democracytoday‬

No comments:

Post a Comment