Thursday 8 January 2015

ဧရာဝတီဘဏ်မှ ငွေကျပ် သိန်း ၂၅၀၀ ကို လက်မှတ်အတုဖြင့် လိမ်လည် ငွေထုတ်သွားသူနှင့် ဘဏ်မန်နေဂျာကို အမှုဖွင့်

မန္တလေးမြို့တော်တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်ခွဲ(၅)မှ ငွေကျပ်သိန်း ၂၅၀၀ ကို ချက်လက်မှတ် ဖြင့် ငွေထုတ်သွားသူနှင့် ဘဏ်မန်နေဂျာကို ဇန်နဝါရီလ ၆ ရက်နေ့က ချမ်းအေးသာစံမြို့မရဲတပ်ဖွဲ့စခန်း တွင် အမှုဖွင့်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။

ချမ်းအေးသာစံမြို့နယ်ရှိ ဧရာဝတီဘဏ်လီမိတက် ဘဏ်ခွဲ(၆)တွင် စာရင်းဖွင့်လှစ်ထားသူက ချက် လက်မှတ် တစ်ရွက် ပျောက်ဆုံးနေသဖြင့် ဘဏ်စာရင်းတွင် တိုက်ဆိုင် စစ်ဆေးသည့်အခါ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က အဆိုပါ ချက်လက်မှတ်ဖြင့် အမျိုးသားတစ်ဦးက ငွေထုတ်ယူ သွားခဲ့ပြီး ချက် လက်မှတ်ပေါ်တွင် ပါရှိသည့် လက်မှတ်မှာ စာရင်းဖွင့်ထားသူ၏ လက်မှတ် မဟုတ်ကြောင်း ငြင်းဆိုသည့် အပြင် ငွေထုတ်ယူသွားသူကိုလည်း သိရှိခိုင်းစေခြင်း မရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီဘဏ်လီမိတက် ရုံးချုပ်သို့ တင်ပြပြီး စိစစ်ခဲ့ရာ အမျိုးသား တစ်ဦးက ထုတ်ယူသွားသည့် ချက်လက်မှတ်မှာ ဧရာဝတီဘဏ်လီမိတက်(၆)မှ ချက်လက်မှတ် ဖြစ်သော် လည်း ချက်လက်မှတ်ပါ ငွေကို ဧရာဝတီဘဏ်လီမိတက်(၅)မှ ထုတ်ယူသွားခြင်း ဖြစ်ကြောင်း ယင်းမှတ် တမ်းအရ ထပ်မံသိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ငွေထုတ်ယူစဉ် အချိန်က ဘဏ်မှ တာဝန်ရှိသူ မန်နေဂျာမှာ ထွက်ပြေး တိမ် ရှောင်သွားခဲ့သဖြင့် ငွေလိမ်လည်ထုတ်ယူသူ အမျိုးသား၊ မန်နေဂျာနှင့် အခြားပူးပေါင်းကြံစည်သူများကို အရေးယူပေးရန် ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့စခန်းတွင် ဧရာဝတီဘဏ် ဒေသဆိုင်ရာ ဒုတိယမန်နေဂျာက တရားလိုပြုလုပ်ကာ (ပ) ၁၆/၂၀၁၄ ပြစ်မှုပုဒ်မ ၄၂၀၊ ၄၆၈/၃၄ အရ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အမှုဖွင့် တိုင်ကြားမှုနှင့် ပတ်သက်ပြီး ဧရာဝတီဘဏ်လီမိတက် ဘဏ်ခွဲ(၆)ရှိ ဘဏ်မန်နေဂျာကို သွား ရောက် မေးမြန်းရာတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြန်လည်ဖြေကြားပေးခြင်း မရှိပေ။

The Voice Weekly 

No comments:

Post a Comment