Thursday 8 January 2015

တရုတ်က ယခုနှစ်တွင် မြန်မာ့ဆန် တန်တစ်သန်း ၀ယ်ရန်သဘောတူ

တရုတ်အစိုးရက ၂၀၁၅ တွင် ကိုတာစနစ်ဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သန်းကို ပထမဆုံးအကြိမ် တရားဝင်ဝယ်ယူရန်မူအားဖြင့် သဘောတူညီသည်ဟု အကြောင်းပြန်ကြားလာကြောင်း သတင်းရရှိသည်။

‘‘၀ယ်ဖို့ မူအားဖြင့်သဘော တူတယ်။ တရုတ်နိုင်ငံက ဆန်ဝယ် တဲ့လူတွေကို တရုတ်အစိုးရက တိုက်တွန်း မယ်။ အစိုးရကတော့ တန်ချိန် နှစ်သိန်း၊ သုံးသိန်း လောက်ပဲဝယ်မယ်လို့ အကြောင်း ပြန်တာ’’ ဟု မြန်မာ နိုင်ငံမှ ဆန် တန်ချိန်တစ်သန်းဝယ်ယူရန် ကြား ခံဆောင်ရွက်ပေးနေသည့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် အထွေ ထွေအတွင်းရေးမှူး ဦးရဲမင်း အောင်က ပြောသည်။

တရုတ်အစိုးရအနေဖြင့်တ ရုတ်နိုင်ငံက ဆန်ဝယ်သူများနှင့် မြန်မာနိုင်ငံမှ ရောင်းချမည့်သူ များတွေ့ဆုံရန် တရုတ်အစိုးရက ဖိတ်ခေါ်ခဲ့သဖြင့် စီးပွားကူးသန်း၊ လယ်/ဆည်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၈ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်ကပြောသည်။

စီးကူးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှာ တရုတ်အစိုးရတာဝန်ရှိသူများထံ သို့ ၂၀၁၅ အတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းကို ကိုတာစနစ်ဖြင့် ၀ယ်ယူပေးရန် ၂၀၁၄ ဒီဇင်ဘာ ၁၈ ရက်တွင် စာရေးသားတောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ သြဂုတ်လတွင် စတင်ခဲ့ပြီး ၂၀၁၄ စက်တင်ဘာ လကုန် ပိုင်းတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့ကြသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန်ရှစ်သိန်းကျော်နှင့် ဆန်ကွဲတန်ချိန်နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ ဆန်တန်ချိန် ခြောက်သိန်းဝယ်ယူရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေထိုးထားပြီးဖြစ်သည်။

လက်ရှိအစိုးရအဖွဲ့ တက်လာပြီးနောက် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တရားဝင်တင်ပို့ခွင့် ပြုခဲ့သော် လည်း တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှဆန်ကို တရားဝင်သွင်းခွင့်မပြုသဖြင့် မှောင်ခိုလမ်းကြောင်း မှသာ တင်ပို့နေရပြီး၊ ကိုးလအတွင်း မှောင်ခိုဖြင့်ဆန်တန် ကိုးသိန်းဝယ်ထားသည်ဟု တရုတ်ဘက်က ဆိုသည်။

7Day DAILY 

No comments:

Post a Comment