Thursday 8 January 2015

တာဝန် ထမ်းဆောင် နေသည့် ရဲဝန်ထမ်းအား ဒဏ်ရာ ရရှိ စေသည့် အမှု ယခုလ တတိယပတ်တွင် အမိန့်ချမည်

နေပြည်တော် ကောင်စီ နယ်မြေရှိ၊ ပုဗ္ပသီရိ မြို့နယ် ၀ဲကြီး ကျေးရွာတွင် ရဲဝန်ထမ်း များနှင့် ရွာသားများ ပဋိပက္ခ ဖြစ်ပွားခဲ့ သောကြောင့် တာဝန် ထမ်းဆောင် နေသည့် ရဲ ၀န်ထမ်းများ အပြင်းအထန် ဒဏ်ရာ ရရှိစေ သည့် အမှု အပါအ၀င် ရွာသား များအား ပုဒ်မ (၃) ခု တပ်ကာ စွဲဆို ထားသည့် အမှုကို ယခုလ (၂၁) ရက်နေ့တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

တရားသူကြီးကတော့ (၇) ရက်နေ့က အမိန့်ချ မယ်လို့ ပြောခဲ့ပေမယ့် သက်သေ တစ်ရာကျော်ကို စစ်ဆေး ရတဲ့ အတွက် နောက်တစ်ခေါက် ရုံးချိန်းမှာပဲ အပြီးသတ် အမိန့် ချမယ်လို့ ပြောပါတယ် နောက်တစ်ခေါက် ဆိုရင်တော့ နောက်ဆုံး ရုံးချိန်းပဲ ထင်ပါတယ် ဟု တရားစွဲဆိုခံ ရွာသား များ၏ ရှေ့နေ ဦးသဲမောင်မောင်က The Messenger Media သို့ ပြောသည်။

ယင်းအမှု အတွက် သက်သေ ထွက်ဆိုရာတွင် တရားခံဘက်မှ သက်သေ (၄၄) ဦးနှင့် တရားလိုဘက်မှ သက် သေ (၆၂) ဦးအား စစ်ဆေး ခဲ့ကြောင်း ၎င်းက ဆိုသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင် ဘာလ (၁၉) ရက်နေ့ နံနက် (၂) နာရီ အချိန်တွင် ရဲ အင်အား (၇၀) ခန့်ဖြင့် ၀ဲကြီး ကျေးရွာသို့ ၀င်ရောက် ဖမ်းဆီးရာမှ ဒေသခံ ကျေးရွာသားနှင့်  ရဲဝန်ထမ်းတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ တရားရုံးတွင် အမှု ရင်ဆိုင်ခဲ့ ရခြင်း ဖြစ်သည်။

ပြည်သူ့ ၀န်ထမ်းက တာဝန် ၀တ္တရား နှင့်အညီ တာဝန် ထမ်းဆောင် နေသည်ကို အပြင်းအထန် ဒဏ်ရာ ရရှိစေသည် အထိ နှောင့်ယှက်မှု၊ ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု အပါအ၀င် ဖျက်ဆီးမှု ပြုလုပ်ရန် ခေါင်း ဆောင်ခြင်း၊ နောက်ကွယ်မှ ကြိုးကိုင်ခြင်းနှင့် အားပေး အားမြှောက် လုပ်ခြင်း စသည့် ပုဒ်မ များဖြင့် တရား စွဲဆို ခံထား ရသော ပုဗ္ပသီရိ မြို့နယ်ရှိ ၀ဲကြီး ကျေးရွာသားတို့မှာ ရုံးချိန်းပေါင်း (၁၁၇) အကြိမ်အထိ အမိန့်မချနိုင်ခဲ့ဘဲ  ရှိခဲ့ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment