Thursday 8 January 2015

သီရိလင်္ကာရွေးကောက်ပွဲနှင့် အနာဂတ်အလားအလာ

Photo: သီရိလင်္ကာရွေးကောက်ပွဲနှင့် အနာဂတ်အလားအလာ
Thursday, January 8, 2015

ဇန်နဝါရီ ၈ရက်တွင် သီရိလင်္ကာ နိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ကျင်း ပမည်ဖြစ်ပြီး ယင်းတွင် လက်ရှိသမ္မတ မဟင်ဒါရာ ဂျာပတ်ဆီနှင့် အတိုက် အခံခေါင်းဆောင် မိုင်သရီပါလာ သီ ရိသီနာတို့ အဓိကယှဉ်ပြိုင်ရရန် ရေ ပန်းစားနေသည်ဟု သိရသည်။

လက်ရှိသမ္မတ ရာဂျာပတ်ဆီ သည် သီရိလင်္ကာသမ္မတအဖြစ် သက် တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ပြီးဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ တွင် တတိယ သက်တမ်းအတွက် ကြိုးပမ်းမည်ဖြစ် သည်။

တမီးလ်ကျားသူပုန်များနှင့် ကာလရှည်ပြည်တွင်းစစ်ကို ရပ်တန့် နိုင်ခဲ့ခြင်းက ရာဂျာပတ်ဆီအတွက် ကြီးမားသော ပြည်သူ့ထောက် ခံမှုကို ရရှိစေပြီး ၎င်းသည်နိုင်ငံတွင်း၌လည်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေ ခံအဆောက်အအုံများ တည်ဆောက်
ပေးခြင်းဖြင့် ပြည်သူ့ထောက်ခံမှု ရ ဒသမ ၅ရာခိုင်နှုန်း မြင့်တက်လာခဲ့ သူဖြစ်သည်။

သို့သော် ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရန်ပုံ ငွေများကို အလွဲသုံးခဲ့သူဟု အတိုက် အခံများ၏စွပ်စွဲမှုကို ခံထားရသည်။

ထို့အပြင် ၎င်းသည်သူ၏ညီအစ် ကိုသုံးဦးနှင့် သားဖြစ်သူတို့အား အစိုး ရအဖွဲ့၏ အရေးပါသောရာထူးများ ပေးခြင်းဖြင့် တိုင်းပြည် ၏ဘဏ္ဍာငွေ ကို ထိန်းချုပ်ကာ မင်းဆက်တစ်ခုကို တည်ထောင်ရန် ကြံစည်နေသူဟု ဝေ ဖန်ခံထားရသည်။

ယင်းအပြင် တမီးလ် ကျားသူပုန်များနှင့် နောက်ဆုံးတိုက် ပွဲများတွင် စစ်တပ်က တမီးလ်အရပ် သား ၄၀၀၀၀ သတ်ခဲ့ခြင်းတွင် အဓိ ကတာဝန်ယူသူဟု နိုင်ငံတကာလူ့ အခွင့်အရေး အဖွဲ့များ၏ စွပ်စွဲမှုနှင့် ရင်ဆိုင်နေရပြီး ထိုအမှုအတွက် စုံ စမ်းစစ်ဆေးရန် မည်သည့်အဖွဲ့အ စည်းကိုမျှ ၎င်းကခွင့်ပြုမထားသေး ပေ။

လက်ရှိသမ္မတနှင့် အပြိုင်ရေပန်း စားနေသူမှာ အတိုက်အခံခေါင်း ဆောင် သီရိသီနာပင်ဖြစ်သည်။ ၎င်းသည် ယခင်က အစိုးရ၏ ကျန်း မာရေးဝန်ကြီးတစ်ဦးဖြစ်ပြီး ရွေး ကောက်ပွဲဝင်ရန် ရာထူးမှနုတ်ထွက် ခဲ့သည်။

ယင်းကြောင့် လက်ရှိအစိုး ရက ၎င်းအား သစ္စာဖောက်ဟု စွပ် စွဲထားပြီး ၎င်းက လက်ရှိသမ္မတ၏ ကာလရှည် အာဏာဆုပ်ကိုင် ထားမှု ကို အဆုံးသတ်ပေးမည်ဟု ကြုံးဝါး ထားသည်။

သီရိသီနာသည် နိုင်ငံ၏ ဗဟိုလက်ယာစွန့်ပါတီ UNP ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းသည် လက်ရှိအစိုးရအပေါ် ကန့်ကွက်သူ များအကြား အထူးရေပန်းစားနေသူ ဖြစ်သည်။

၎င်းကို မြို့ပြနေလူများက အဓိကထောက်ခံပြီး ယင်းကလက်ရှိ သမ္မတအတွက် အန္တရာယ်များသော စိန်ခေါ်မှုဖြစ်စေသည်။

သီရိသီနာက ၎င်းအနိုင်ရပါက လက်ရှိသမ္မတစနစ် ကို ဖျက်သိမ်းကာ ပါလီမန်ဒီမိုကရေ စီစနစ်ကို ရက် ၁၀ဝအတွင်း ဖော်
ဆောင်မည်ဟုလည်း ကတိပေးထား သည်။

သီရိသီနာသည် ယခင်သမ္မတ ဟောင်း ကုမာရတွန်ဂါ၏ ဘက်တော် သားဟု စွပ်စွဲထားပြီး ၎င်းကလည်း ရွေးကောက်ပွဲတွင် အနိုင်ယူကာ လက် ရှိအစိုးရ၏ အကျင့်ပျက် ခြစားမှုများ ကို ဖော်ထုတ်အရေးယူကာ ရာဂျာ ပတ်ဆီနှင့် ၎င်းမိသားစု၏ အာဏာ ဆုပ်ကိုင်ထားမှုကို အဆုံးသတ်ကာ သီရိလင်္ကာနိုင်ငံအတွက် ခေတ်သစ် ကို ဖော်ဆောင်ပေးမည်ဟု ဆိုသည်။

Ref : AFP
Democracytoday
ဇန်နဝါရီ ၈ရက်တွင် သီရိလင်္ကာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ယင်းတွင် လက်ရှိ သမ္မတ မဟင်ဒါရာဂျာပတ်ဆီနှင့် အတိုက်အခံခေါင်းဆောင် မိုင်သရီပါလာ သီ ရိသီနာတို့ အဓိကယှဉ်ပြိုင် ရရန် ရေ ပန်းစားနေသည်ဟု သိရသည်။

လက်ရှိသမ္မတ ရာဂျာပတ်ဆီ သည် သီရိလင်္ကာသမ္မတအဖြစ် သက် တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ပြီးဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ တွင် တတိယ သက်တမ်းအတွက် ကြိုးပမ်းမည်ဖြစ် သည်။

တမီးလ်ကျားသူပုန်များနှင့် ကာလရှည်ပြည်တွင်းစစ်ကို ရပ်တန့် နိုင်ခဲ့ခြင်းက ရာဂျာပတ်ဆီအတွက် ကြီးမား သော ပြည်သူ့ထောက် ခံမှုကို ရရှိစေပြီး ၎င်းသည်နိုင်ငံတွင်း၌လည်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေ ခံအဆောက်အအုံများ တည်ဆောက် ပေးခြင်းဖြင့် ပြည်သူ့ထောက်ခံမှု ရ ဒသမ ၅ရာခိုင်နှုန်း မြင့်တက် လာခဲ့ သူဖြစ်သည်။

သို့သော် ၎င်းသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရန်ပုံ ငွေများကို အလွဲသုံးခဲ့သူဟု အတိုက် အခံများ၏ စွပ်စွဲမှုကို ခံထားရသည်။

ထို့အပြင် ၎င်းသည်သူ၏ညီအစ် ကိုသုံးဦးနှင့် သားဖြစ်သူတို့အား အစိုး ရအဖွဲ့၏ အရေးပါသောရာထူးများ ပေးခြင်းဖြင့် တိုင်းပြည် ၏ဘဏ္ဍာငွေ ကို ထိန်းချုပ်ကာ မင်းဆက်တစ်ခုကို တည်ထောင်ရန် ကြံစည်နေသူဟု ဝေ ဖန်ခံထားရသည်။

ယင်းအပြင် တမီးလ် ကျားသူပုန်များနှင့် နောက်ဆုံးတိုက် ပွဲများတွင် စစ်တပ်က တမီးလ်အရပ် သား ၄၀၀၀၀ သတ်ခဲ့ခြင်းတွင် အဓိ ကတာဝန်ယူသူဟု နိုင်ငံတကာလူ့ အခွင့်အရေး အဖွဲ့များ၏ စွပ်စွဲမှုနှင့် ရင်ဆိုင်နေရပြီး ထိုအမှုအတွက် စုံ စမ်းစစ်ဆေးရန် မည်သည့်အဖွဲ့အ စည်းကိုမျှ ၎င်းကခွင့်ပြုမထားသေး ပေ။

လက်ရှိသမ္မတနှင့် အပြိုင်ရေပန်းစားနေသူမှာ အတိုက်အခံခေါင်းဆောင် သီရိသီနာပင်ဖြစ်သည်။ ၎င်း သည် ယခင်က အစိုးရ၏ ကျန်း မာရေးဝန်ကြီးတစ်ဦးဖြစ်ပြီး ရွေး ကောက်ပွဲဝင်ရန် ရာထူးမှနုတ်ထွက်ခဲ့သည်။

ယင်းကြောင့် လက်ရှိအစိုး ရက ၎င်းအား သစ္စာဖောက်ဟု စွပ် စွဲထားပြီး ၎င်းက လက်ရှိသမ္မတ၏ ကာလ ရှည် အာဏာဆုပ်ကိုင် ထားမှု ကို အဆုံးသတ်ပေးမည်ဟု ကြုံးဝါး ထားသည်။

သီရိသီနာသည် နိုင်ငံ၏ ဗဟိုလက်ယာစွန့်ပါတီ UNP ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းသည် လက်ရှိ အစိုးရ အပေါ် ကန့်ကွက်သူ များအကြား အထူးရေပန်းစားနေသူ ဖြစ်သည်။

၎င်းကို မြို့ပြနေလူများက အဓိကထောက်ခံပြီး ယင်းကလက်ရှိ သမ္မတအတွက် အန္တရာယ်များသော စိန်ခေါ်မှုဖြစ်စေသည်။

သီရိသီနာက ၎င်းအနိုင်ရပါက လက်ရှိသမ္မတစနစ် ကို ဖျက်သိမ်းကာ ပါလီမန်ဒီမိုကရေ စီစနစ်ကို ရက် ၁၀ဝအတွင်း ဖော်ဆောင်မည်ဟုလည်း ကတိပေးထား သည်။

သီရိသီနာသည် ယခင်သမ္မတ ဟောင်း ကုမာရတွန်ဂါ၏ ဘက်တော်သားဟု စွပ်စွဲထားပြီး ၎င်းကလည်း ရွေးကောက်ပွဲတွင် အနိုင်ယူကာ လက် ရှိအစိုးရ၏ အကျင့်ပျက် ခြစားမှုများ ကို ဖော်ထုတ်အရေးယူကာ ရာဂျာပတ်ဆီနှင့် ၎င်းမိသားစု၏ အာဏာ ဆုပ်ကိုင်ထားမှုကို အဆုံးသတ်ကာ သီရိလင်္ကာနိုင်ငံအတွက် ခေတ်သစ်ကို ဖော်ဆောင်ပေးမည်ဟု ဆိုသည်။

Ref : AFP
Democracytoday

No comments:

Post a Comment