Thursday 8 January 2015

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် နိုင်/ကျဉ်းအရေး လှုပ်ရှားနေသည့် ပြည်တွင်း အဖွဲ့များ တွေ့ဆုံကာ လက်ရှိ နိုင်/ကျဉ်းများအရေး ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် နိုင်ငံရေးအကျဉ်း သားများ အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ နှင့်တွေ့ ဆုံကာ ပြည် တွင်း၌ကျန်ရှိ နိုင်/ကျဉ်းအခြေအနေ များနှင့် လက်ရှိ အဆိုပါ နိုင်/ကျဉ်းနှင့် ပတ်သက် ၍ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ''နိုင်ငံရေး အကျဉ်း သားစာရင်း ဘယ်လောက်ရှိ လဲ။ နိုင်ငံရေးအကျဉ်းသားကို ဘယ် လိုသတ်မှတ် ချက်တွေနဲ့ သတ်မှတ် တာလဲ။ လက်ရှိပြန်ဖွဲ့တဲ့ အဖွဲ့နဲ့ ပတ် သက်ပြီး ဘယ်လိုဖွဲ့ လဲ။ ဘာတွေ ဆောင်ရွက်ဖို့ရှိလဲ၊ အဲဒါတွေနဲ့ပတ် သက်ပြီး သူသိချင်တဲ့ အချက် အလက် တွေကို မေးမြန်းတယ်။ မှတ်ချက်ပေး တာတော့မရှိဘူး။ လက်ရှိပြန်ဖွဲ့တာနဲ့ ပတ် သက်ပြီး အန်ကယ်တို့ အနေနဲ့ ဘာမှလဲ မသိရဘူး။ ဘာတွေဆောင် ရွက်မယ်ဆိုတာလဲ မသိရဘူး။ အဲဒါ တွေကို အပြန်အ လှန်ဆွေးနွေးဖြစ် တယ်'' ဟု ဆွေးနွေးခဲ့သည့်အကြောင်း အရာနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက် ညရနာရီခွဲက ဒီမိုကရေစီတူဒေး သို့ပြော သည်။

မစ္စယန်ဟီးလီသည် နိုင်ငံရေး အကျဉ်းသားများအရေး လှုပ်ရှားဆောင်ရွက်နေသည့် နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့၊ ဦးကိုကို ကြီး၊ ဦးဇာဂနာတို့နှင့် ဇန်နဝါရီ ရရက် က ရန်ကုန်မြို့ရှိ့ြီဏ ရုံး၌ ညနေ ၅နာရီ ၁၅မိနစ်မှ ၆နာရီ ၁၅မိနစ် အထိ တစ်နာရီနီး ပါးကြာ ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မစ္စယန်ဟီးလီသည် ဇန်နဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ ကာ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်း ထောင်သို့ သွားရောက်လေ့ လာခဲ့ ကြောင်း သိရသည်။

ဦးရဲအောင်က ''တွေ့ဆုံမှုက အရမ်းထူးခြားမှုမရှိဘူး။ လူ့အခွင့်အ ရေး အထူးကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ပုံမှန်ပါပဲ။ ဘာပဲပြောပြော ရောက်ရောက်ချင်းနေ့မှာပဲ အင်းစိန် အကျဉ်းထောင်ကို သွားလေ့လာ တယ်။ ပုဒ်မ-၁၈၊ ပုဒ်မ-၁၉နဲ့ တရား စွဲခံထားရ တဲ့သူတွေနဲ့ လဲ တွေ့ဆုံ တယ်။ နိုင်ငံရေးအကျဉ်းသားအရေး လုပ်တဲ့ အဖွဲ့အစည်းတွေ နဲ့လဲ တွေ့ ဆုံတဲ့အတွက် ဒီကိစ္စရပ်အပေါ်မှာ သူအရေးထား၊ အလေးပေး တာတော့ ပေါ်လွင်နေတယ်''ဟု ပြောသည်။

မစ္စယန်ဟီးလီသည် ဇန်နဝါရီ ၈ရက်နံနက်ပိုင်းတွင် အရပ်ဘက်အ ဖွဲ့အစည်း များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သည် မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီး စဉ်ဖြစ်ပြီး ဇန်နဝါရီ ၇ ရက်မှ ၁၆ ရက်အထိ ဆယ်ရက်ကြာမြင့် မည် ဖြစ်ကြောင်း သိရသည်။

HM
Democracytoday‬

No comments:

Post a Comment