Thursday 8 January 2015

NCCT၏ အစည်းအဝေး ဇန်န၀ါရီဒုတိယပတ်တွင် ကျင်းပမည်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)၏ အစည်းအဝေးကို ဇန်န၀ါရီ ဒုတိယ ပတ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားကြောင်းအဆိုပါအဖွဲ့ဒုတိယ ခေါင်းဆောင် ဖဒိုစောကွယ်ထူး ၀င်းကပြောသည်။

‘‘၁၀ရက်နေ့(ဇန်န၀ါရီ) နောက်ပိုင်းမှာ လုပ်ဖို့ရှိပါတယ်။ အဲဒါပြီးရင်တော့ အစိုးရ(UPWC)နဲ့ တတိယပတ် လောက်မှ ပြန်တွေ့ ဖို့ ခန့်မှန်းထားတယ်’’ဟု ဖဒိုစော ကွယ်ထူးဝင်းကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် NCCTအဖွဲ့တို့ ဒီ ဇင်ဘာ ၂၃ ရက် တွင် ဆွေးနွေးပြီး နောက်ပိုင်း NCCTအစည်းအဝေး ကို ထိုင်းနိုင်ငံတွင် ကျင်းပရန်စီ စဉ်ခဲ့သော်လည်း ထိုင်းအစိုးရက သဘောမတူသဖြင့် မကျင်းပနိုင်ခဲ့ ပေ။

ထို့ကြောင့် ယခုအကြိမ်၌အစည်းအဝေး ပြုလုပ်ခွင့်ပေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌသမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကထိုင်းအစိုးရထံသို့ ဇန်န၀ါရီ ၈ရက်တွင် စာရေးသားပေးပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment