Thursday 8 January 2015

လွတ်မြောက်ရေး ဆုတောင်းသူ ထောင်ချခံရ

မန္တလေးတိုင်း အမရပူရမြို့က တမာအရိပ်အမျိုးသမီးအဖွဲ့ခေါင်းဆောင် မတင်မာရီ (ခေါ်) မနီ ကို တရား မဝင် စီတန်း လှည့်လည်မှုပုဒ်မ ၁၈ နဲ့  ချမ်းမြသာစည်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတရုတ်လူမျိုးနှစ်ယောက်ကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံရတဲ့ ဗကသများအဖွဲ့ချုပ်ကကျောင်းသူ မဖြူနှင်းထွေးလွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့ စက်တင် ဘာ လမှာ မတင်မာရီတို့က မဟာမြတ်မုနိ ဘုရားမှာဝတ်ပြုဆုတောင်းခဲ့ကြတာကို ချမ်းမြ သာစည်မြို့ နယ် ရဲတပ်ဖွဲ့က တရားစွဲခဲ့တာ ဖြစ်ပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာတော့ မတင်မာရီကို အမိန့်ချမှတ်လိုက်ပြီး အိုးဘိုထောင်ကိုပို့ လိုက်တယ်လို့  စာရေး ဆရာ မင်းထက်ငြိမ်းချမ်းက RFA ကိုပြောပါတယ်။

"မဟာမုနိဘုရား ရင်ပြင်ထဲမှာ မန္တလေးမြို့က တက်ကြွသူ ၇၀ ကျော်လောက် စုရုံးပြီးတော့မှ ဗကသ ကျောင်းသူ ဖြူနှင်းထွေးကို ဦးပိုင်၊ ဝမ်ပေါင်ကနေ တရုတ် အမျိုးသား ၂ ယောက်ကို ပြန်ပေးဆွဲပါ တယ် ဆိုပြီးမှ စွပ်စွဲပြီးတော့ ရုံးထုတ်စစ်ဆေး နေတဲ့ အမှုနဲ့ပတ်သက်ပြီးတော့မှ အမြန်ဆုံး လွတ်မြောက် ပါစေလို့ ဆုတောင်းခဲ့ပါတယ်၊ သို့သော်လဲပဲ ဥပဒေအရဆိုရင် ပါဝင်တဲ့သူ အားလုံးကို အရေးယူရမှာ ဖြစ်ပေ မယ့် သူ့တစ်ယောက်ထဲကိုပဲ အရေးယူလိုက် တာဖြစ်တယ်၊ နောက်ပြီးတော့ ဒဏ်ငွေကို လုံးဝမပြောပဲ နဲ့ ထောင်ဒဏ်ခဏကျခံစေ ဆိုပြီးလုပ် လိုက်တယ်၊ ဆိုလိုတာက ဒဏ်ငွေ မဆောင်နိုင်လို့ ဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါကို သက်ညှာမှုမရှိဘူးဆိုတာသိပါတယ်၊ အထက်အမိန့်တစ်ခုထဲနဲ့ ချမှတ်လိုက်တယ်ဆိုတာ ကျနော်တို့ အားလုံးခံစား ကြည့်လို့ရတယ်၊ ညနေ ၄ နာရီခွဲမှာ အိုးဘိုထောင်ကိုတစ်ခါတည်း ခေါ်ဆောင် သွားတယ်"

မတင်မာရီဟာ ၈ လေးလုံးအရေးတော်ပုံကတည်းက ဒီမိုကရေစီရေးမှာပါဝင်လှုပ်ရှားခဲ့ သူဖြစ်သလို၊ စစ်ထောက်လှမ်းရေးအဖွဲ့ကမှားယွင်းထောင်ချတာခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်းလဲဖြစ်ပါတယ်။ ထောင်ကလွတ်ပြီးနောက်ပိုင်းမှာတော့ သဘာဝ ပတ်ဝန်းကျင်ရေးရာတွေမှာပါဝင်လှုပ်ရှားခဲ့သလို၊ တမာအရိပ် အမျိုးသမီးအဖွဲ့ကိုလဲ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါတယ်။

RFA Burmese 

No comments:

Post a Comment