Thursday 8 January 2015

အရပ်ဘက်လူငယ်အဖွဲ့များ UPWC နှင့် တွေ့ရန် အကြိုဆွေးနွေးပွဲကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တွေ့ဆုံရန် အရပ်ဘက် လူငယ် အဖွဲ့အစည်းများ၏ အကြိုနှီးနှောဖလှယ် ပွဲကို ဇန်န၀ါရီလ ၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ UPWCနှင့် တွေ့ဆုံဆွေးနွေးအမြင်ချင်းဖလှယ်ရန် အရပ်ဘက် အဖွဲ့ အစည်းများက ကမ်း လှမ်းထားခြင်း ဖြစ်သည်။ UPWC နှင့် မတွေ့ဆုံမီ အရပ်ဘက်လူ ငယ်အဖွဲ့ အစည်းများ အချင်းချင်းအကြိုတွေ့ဆုံဆွေးနွေးရန် နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့၌ပြုလုပ်ခြင်း ဖြစ်ကြောင်း ရှမ်းလူငယ်များ အဖွဲ့ (ရန်ကုန်)မှ စိုင်းအောင်မြင့် ဦးက ပြောသည်။

‘‘ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုသဘောရှိလဲပေါ့။ အမြင်ချင်းဖလှယ်နိုင်အောင် လုပ်တာ’’ ဟု စိုင်းအောင်မြင့်ဦး က ပြော သည်။

အရပ်ဘက်အဖွဲ့အစည်းများက ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ခွင့်ပြုရန်အတွက်လည်း အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များထံ အစဉ်တ စိုက်တောင်းဆိုထားသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သတ္တမ အကြိမ်တရားဝင် ဆွေး နွေးပွဲကို ယခုလအတွင်း ပြုလုပ် ရန် စီစဉ်ထားသည်။

7Day DAILY

No comments:

Post a Comment