Thursday 8 January 2015

ဖမ်းဆီးထားသော ပြိုင်ကားများကို ပိုင်ရှင်များ ပြန်ရွေးရန် ကျပ် ၁၅၀၀ သာ ဒဏ်ငွေဆောင်ခိုင်း

Photo: ဖမ်းဆီးထားသော ပြိုင်ကားများကို ပိုင်ရှင်များ ပြန်ရွေးရန် ကျပ် ၁၅၀၀ သာ ဒဏ်ငွေဆောင်ခိုင်း

စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ် ၅၁စီးကို ယာဉ်လိုင်စင် တစ်လပိတ်

Thursday, January 8, 2015 

ရန်ကုန်၊ ဇန်နဝါရီ ၇-စီမံချက်ဖြင့် ဖမ်းဆီးရမိထားသော စည်းကမ်းမဲ့ပြိုင် ကားများနှင့် ပါဝါအိတ်ဇောတပ် မော် တော်ယာဉ် ၅၁စီးအား ယာဉ်လိုင်စင် တစ်လပိတ်သိမ်း၍ ဒဏ်ငွေကျပ် ၁၅၀ဝဆောင်ခိုင်းပြီး မူလပိုင်ရှင်များ သို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောသည်။

ဇန်နဝါရီ ရရက်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ (၁)တွင်ပြုလုပ်ခဲ့သည့် ဖမ်း ဆီးရမိထားသော မော်တော်ယာဉ်များအား ပိုင်ရှင်ထံပြန်လည်ပေးအပ် ခဲ့သည့် အခမ်းအနားတွင် ယခုကဲ့ သို့ ပြောကြားခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသော မော်တော်ယာဉ်စုစုပေါင်း ၉ဝအနက် ဇန် နဝါရီ ၇ရက်တွင် ၅၁စီးကို ပြန်လည် ပေးအပ်ခဲ့ပြီး ယင်းမော်တော်ယာဉ် ၅၁စီးကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေနှင့် ၁၉၈၉ခုနှစ် မော်တော် ယာဉ် နည်းဥပဒေများ အရ ယာဉ်လိုင် စင် တစ်လပိတ်သိမ်းကာ ဒဏ်ငွေကျပ် ၁၅၀ဝဆောင်စေပြီး ခံဝန်လက်မှတ်ထိုးကာ ပြန်လည်ပေးအပ်ခဲ့သည် ဟု သိရသည်။

ရဲမှူးကြီးဝင်းဗိုလ်က ''အခုလို စီမံချက်ချပြီး ဖမ်းဆီးရတာက အများ ပြည်သူတွေရဲ့ အကြောင်းကြား တိုင် ကြားချက်တွေကြောင့်ပါ။ ကျန်ရှိနေသေးတဲ့ မော်တော် ယာဉ် ၃၉စီးကိုလဲ ကညနမှာ မှတ်ပုံတင်ထားခြင်း ရှိ၊ မ ရှိ စစ်ဆေးနေပါ တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ် များအား စီမံချက်ချကာ ဖမ်းဆီးမှုကို ဒီဇင်ဘာ ၅ရက်မှ ဇန်နဝါရီ ၁ရက် အထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းမော်တော်ယာဉ် အစီးရေ ၉ဝကို ဖမ်းဆီးရမိခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''မော်တော် ယာဉ်ဝပ်ရှော့တွေအနေနဲ့ မော်တော်ယာဉ်တွေ ကို ပါဝါအိတ်ဇော မတပ်ဆင်ပေးဖို့ အကြောင်းကြားထားပါတယ်။ ရဲ၊ ယာဉ်ထိန်းနဲ့ သက်ဆိုင် ရာတာဝန်ရှိသူတွေအနေနဲ့လဲ စည်း ကမ်းမဲ့ပြိုင်ကားနဲ့ ပါဝါအိတ်ဇော တပ် မော်တော်ယာဉ်တွေကို ဆက်လက်ဖမ်း ဆီးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဒုတိယအကြိမ်ကျူးလွန်ရင် ယာဉ်လိုင် စင်ကို ခြောက်လတိတိ ပိတ်သိမ်းမှာ ပါ''ဟု ပြောသည်။

KMZ
Democracytoday
စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ် ၅၁စီးကို ယာဉ်လိုင်စင် တစ်လပိတ်

ရန်ကုန်၊ ဇန်နဝါရီ ၇-စီမံချက်ဖြင့် ဖမ်းဆီးရမိထားသော စည်းကမ်းမဲ့ပြိုင် ကားများနှင့် ပါဝါအိတ်ဇောတပ် မော် တော်ယာဉ် ၅၁ စီးအား ယာဉ်လိုင်စင် တစ်လပိတ်သိမ်း၍ ဒဏ်ငွေကျပ် ၁၅၀ဝဆောင်ခိုင်းပြီး မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။

ဇန်နဝါရီ ရရက်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ (၁)တွင်ပြုလုပ်ခဲ့သည့် ဖမ်းဆီး ရမိ ထားသော မော်တော်ယာဉ်များအား ပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့သည့် အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ 

ဖမ်းဆီးရမိထားသော မော်တော်ယာဉ်စုစုပေါင်း ၉ဝအနက် ဇန် နဝါရီ ၇ရက်တွင် ၅၁စီးကို ပြန်လည် ပေး အပ်ခဲ့ပြီး ယင်းမော်တော်ယာဉ် ၅၁စီးကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေနှင့် ၁၉၈၉ခုနှစ် မော်တော် ယာဉ်နည်းဥပဒေများအရ ယာဉ်လိုင်စင် တစ်လပိတ်သိမ်းကာ ဒဏ်ငွေကျပ် ၁၅၀ဝဆောင်စေပြီး ခံဝန် လက်မှတ်ထိုးကာ ပြန်လည်ပေးအပ်ခဲ့သည် ဟု သိရသည်။

ရဲမှူးကြီးဝင်းဗိုလ်က ''အခုလို စီမံချက်ချပြီး ဖမ်းဆီးရတာက အများ ပြည်သူတွေရဲ့ အကြောင်းကြား တိုင် ကြားချက်တွေကြောင့်ပါ။ ကျန်ရှိနေသေးတဲ့ မော်တော် ယာဉ် ၃၉စီးကိုလဲ ကညနမှာ မှတ်ပုံတင်ထားခြင်း ရှိ၊ မ ရှိ စစ်ဆေးနေပါ တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် မော်တော်ယာဉ် များအား စီမံချက်ချကာ ဖမ်းဆီးမှုကို ဒီဇင်ဘာ ၅ရက်မှ ဇန်နဝါရီ ၁ရက် အထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းမော်တော်ယာဉ် အစီးရေ ၉ဝကို ဖမ်းဆီးရမိခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''မော်တော်ယာဉ် ဝပ်ရှော့တွေအနေနဲ့ မော်တော်ယာဉ်တွေ ကို ပါဝါအိတ်ဇော မတပ်ဆင်ပေးဖို့ အကြောင်းကြားထားပါတယ်။ ရဲ၊ ယာဉ်ထိန်းနဲ့ သက်ဆိုင် ရာတာဝန်ရှိသူတွေအနေနဲ့လဲ စည်း ကမ်းမဲ့ပြိုင်ကားနဲ့ ပါဝါအိတ်ဇော တပ် မော်တော်ယာဉ်တွေကို ဆက်လက်ဖမ်း ဆီးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဒုတိယအကြိမ်ကျူးလွန်ရင် ယာဉ်လိုင်စင်ကို ခြောက်လတိတိ ပိတ်သိမ်းမှာ ပါ''ဟု ပြောသည်။

KMZ
Democracytoday

No comments:

Post a Comment