Thursday 8 January 2015

ယာဉ်မှတ်ပုံတင်ရန် သတ်မှတ်ရက်ကျော်ကားများ တစ်ရက် ဒဏ်ကြေး ၃,၀၀၀ ကောက်ခံမည့် စနစ်ဟောင်း ပြန်စမည်

Photo: ယာဉ်မှတ်ပုံတင်ရန် သတ်မှတ်ရက်ကျော်ကားများ တစ်ရက် ဒဏ်ကြေး ၃,၀၀၀ ကောက်ခံမည့် စနစ်ဟောင်း ပြန်စမည်
Thursday, January 8, 2015

ဆိပ်ကမ်းထုတ်ယူပြီး ကားများ၏ မှတ်ပုံတင်ဆောင်ရွက်ရန် သတ်မှတ်ရက် ကျော်လွန်သည့် ကားများ ဒဏ်ကြေးကောက်ခံခြင်းကို ယခင်စနစ်အတိုင်း ပြန်လည်ဆောင်ရွက်တော့မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒဏ်ကြေးကောက်ခံမှု ပုံစံဟောင်းကို လာမည့်ဖေဖော်ဝါရီ ၁ ရက်၌ စတင် မည်ဖြစ်ပြီး ရုံးပိတ်ရက်များကိုပါ ထည့်သွင်း၍ ကြာမြင့်ရက်အလိုက် ကောက်ခံမည်ဖြစ်သည်။

၎င်းဒဏ်ကြေးကောက်ခံမှု စနစ်ဟောင်းသည် ဆိပ်ကမ်းမှထုတ်ယူပြီး ခွင့်ပြုသတ်မှတ်ရက်မှ ကျော်လွန်သည့် ရက်များအတွက် တစ်ရက်လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့် ဒဏ်ကြေး ကောက်ယူခြင်းဖြစ်သည်။ အဆိုပါ ဒဏ်ကြေးစနစ်ဖြင့် ကောက်ခံခြင်းကိုလည်း ယခု ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်မှ စတင် သွားမည်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခု ကျင့်သုံးသည့် စနစ်ဟောင်းကို ယခင်ကလည်း ကျင့်သုံးခဲ့ဖူးသည်။ ၎င်းစနစ်ကို ကားတင်သွင်းသူများ၏ ဝင်းဝန်း အဆိုပြုတောင်းခံ ချက်အရ ရက်မည်မျှ ကျော်လွန်သည်ဖြစ်စေ ဒဏ်ငွေ ကျပ်တစ်သိန်းသာ ပေးဆောင်ရန် ကညနက လျှော့ပေါ့ ခဲ့ခြင်း ဖြစ်သည်။

ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးအောင်ဇော်ဦး(အရည်ကြို)က “ဒီစနစ်က ရှိခဲ့ဖူးပြီး သားဖြစ်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အခု ပြန်ပြီးကောက်မယ်ဆိုတော့ တင်းကျပ်လိုက်တယ်လို့ ပြောရမှာပေါ့။ အဲဒီစနစ်က တစ်ဦးချင်း ဝယ်ရောင်းသမားတချို့ကိုတော့ နစ်နာစေတယ်။ မိသားစုစီးဖို့ ကိုယ်တိုင် ဂျပန်က လေလံဆွဲပြီး သွင်းတဲ့သူနဲ့ အရောင်းစင်တာတွေ အတွက်ကတော့ မထိခိုက်ပါဘူး” ဟု ပြောသည်။

ရန်ကုန်ကားဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် လက်ခံမှုပုံစံသည် နံပါတ်ထုတ်ပြီး ကားများကို ဝယ်လိုအားနည်းပါးခြင်း ဖြစ်သည်။ ဝယ်ယူသူ အများစုသည် နံပါတ်ထုတ်ထားခြင်းမရှိသော ကားများကိုသာ ဝယ်ယူကာ နောက်ဆုံးရောက်ရှိသော နံပါတ်များကို ရယူလိုခြင်း ဖြစ်သည်။

“မှတ်ပုံတင်လိုက်လို့ နံပါတ်ကျပြီးတော့မှ ၀ယ်သူကိုစောင့်ရင် ကြာတာနဲ့အမျှ ဈေး ကျသွားတယ်။ အခြေ အနေပေါ် မူတည်ပြီး အနည်းဆုံး ကျပ်ငါးသိန်းလောက်အထိ ဈေးကျသွားတယ်။ အဲဒါကြောင့် ဈေးကျတဲ့ ဒဏ်ကို မခံနိုင်ကြလို့ ဒဏ်ကြေးပေးဆောင်ပြီး မထားချင်ဘဲ ထားနေရတယ်””ဟု ၎င်းင်းက ရှင်းပြသည်။

ဒဏ်ကြေးစနစ်ပါ စည်းကမ်းချက်အရ တစ်ဦးချင်းနှင့် အိုဟောင်းပါမစ်ဖြင့် တင် သွင်းသည့်ကားများအတွက် အကောက်ခွန် ဦးစီးဌာန၏ ဆိပ်ကမ်းက ထုတ်ယူပြီးကြောင်း ဖော်ပြချက် (Custom Statement) စာရွက် စာတမ်းပါ သတ်မှတ်ရက် ၂၀ အတွင်းကို မူသေရက်အဖြစ် သတ်မှတ်ထားသည်။

ကားအရောင်းစင်တာများကိုမူ ပြခန်း တွင်ထားရှိသော ကြာမြင့်ရက်အတိုင်း ဒဏ် ကြေးပေးရခြင်းမရှိဘဲ မော်တော်ယာဉ် တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီက ထုတ်ပေး သော ၀ယ်ယူခွင့်လက်မှတ်ပါ ခုနစ်ရက် ကျော်လွန်မှသာ ဒဏ်ငွေ ကျပ် ၃,၀၀၀ ပေးဆောင်ရခြင်း ဖြစ်သည်။

သီရိမင်္ဂလာဈေးဟောင်း ကားပွဲတန်းမှ ၀ယ်ရောင်း ဦးကျော်နိုင်က “ဆိပ်ကမ်းထုတ်ကားကို နံပါတ်ယူပြီး ဈေးအကျခံမလား၊ ရက်လွန်ဒဏ်ကြေး တစ်ရက် ကျပ် ၃,၀၀၀ ပေးပြီး လက်ထဲဆက်ကိုင် ထားမလား၊ ဒါပဲ ရှိတယ်။ အရောင်းစင်တာ ပါမစ်ဝယ်ပြီး သွင်းတဲ့သူတွေကတော့ အားသာတာပေါ့။

အရောင်းအ၀ယ် တည့်ပြီးမှ ကားအရောင်း စင်တာကိုသွားပြီး ၀ယ်ယူခွင့်လက်မှတ် လျှောက်ခိုင်းလို့ရတော့ ဒဏ်ကြေး မပေးရတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် ကားတင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများကြောင့် ကားအရောင်းစင်တာ အချို့က အရောင်းစင်တာ ပါမစ်များကို ပြန်လည်ရောင်းချမှု များရှိနေပြီး ပါမစ် တစ်စောင်လျှင် ကျပ် ၁၅ သိန်းအထိ ဈေးပေါက်နေသည်။

Mizzima - News in Burmese 

ပြည်ပမှ တင်သွင်းလာသောကားများကို အရောင်းစင်တာတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ပြည်ပမှ တင်သွင်းလာသောကားများကို အရောင်းစင်တာတစ်ခုတွင်တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ) 
ဆိပ်ကမ်းထုတ်ယူပြီး ကားများ၏ မှတ်ပုံတင်ဆောင်ရွက်ရန် သတ်မှတ်ရက် ကျော်လွန်သည့် ကားများ ဒဏ်ကြေးကောက်ခံခြင်းကို ယခင်စနစ်အတိုင်း ပြန်လည်ဆောင်ရွက်တော့မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒဏ်ကြေးကောက်ခံမှု ပုံစံဟောင်းကို လာမည့်ဖေဖော်ဝါရီ ၁ ရက်၌ စတင် မည်ဖြစ်ပြီး ရုံးပိတ်ရက်များကိုပါ ထည့်သွင်း၍ ကြာမြင့်ရက်အလိုက် ကောက်ခံမည်ဖြစ်သည်။

၎င်းဒဏ်ကြေးကောက်ခံမှု စနစ်ဟောင်းသည် ဆိပ်ကမ်းမှထုတ်ယူပြီး ခွင့်ပြုသတ်မှတ်ရက်မှ ကျော်လွန် သည့် ရက်များအတွက် တစ်ရက်လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့် ဒဏ်ကြေး ကောက်ယူခြင်းဖြစ်သည်။ အဆိုပါ ဒဏ်ကြေး စနစ်ဖြင့် ကောက်ခံခြင်းကိုလည်း ယခု ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်မှ စတင် သွားမည်ဟု ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ယခု ကျင့်သုံးသည့် စနစ်ဟောင်းကို ယခင်ကလည်း ကျင့်သုံးခဲ့ဖူးသည်။ ၎င်းစနစ်ကို ကားတင်သွင်းသူ များ၏ ဝင်းဝန်း အဆိုပြုတောင်းခံ ချက်အရ ရက်မည်မျှ ကျော်လွန်သည်ဖြစ်စေ ဒဏ်ငွေ ကျပ်တစ်သိန်းသာ ပေးဆောင်ရန် ကညနက လျှော့ပေါ့ ခဲ့ခြင်း ဖြစ်သည်။

ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးအောင်ဇော်ဦး(အရည်ကြို)က “ဒီစနစ်က ရှိခဲ့ဖူးပြီး သားဖြစ်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အခု ပြန်ပြီးကောက်မယ်ဆိုတော့ တင်းကျပ်လိုက်တယ်လို့ ပြောရမှာပေါ့။ အဲဒီစနစ်က တစ်ဦး ချင်း ဝယ်ရောင်းသမားတချို့ကိုတော့ နစ်နာစေတယ်။ မိသားစုစီးဖို့ ကိုယ်တိုင် ဂျပန်က လေလံဆွဲပြီး သွင်းတဲ့ သူနဲ့ အရောင်းစင်တာတွေ အတွက်ကတော့ မထိခိုက်ပါဘူး” ဟု ပြောသည်။

ရန်ကုန်ကားဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် လက်ခံမှုပုံစံသည် နံပါတ်ထုတ်ပြီး ကားများကို ဝယ်လိုအား နည်းပါးခြင်း ဖြစ်သည်။ ဝယ်ယူသူ အများစုသည် နံပါတ်ထုတ်ထားခြင်းမရှိသော ကားများကိုသာ ဝယ်ယူ ကာ နောက်ဆုံးရောက်ရှိသော နံပါတ်များကို ရယူလိုခြင်း ဖြစ်သည်။

“မှတ်ပုံတင်လိုက်လို့ နံပါတ်ကျပြီးတော့မှ ၀ယ်သူကိုစောင့်ရင် ကြာတာနဲ့အမျှ ဈေး ကျသွားတယ်။ အခြေ အနေပေါ် မူတည်ပြီး အနည်းဆုံး ကျပ်ငါးသိန်းလောက်အထိ ဈေးကျသွားတယ်။ အဲဒါကြောင့် ဈေးကျတဲ့ ဒဏ်ကို မခံနိုင်ကြလို့ ဒဏ်ကြေးပေးဆောင်ပြီး မထားချင်ဘဲ ထားနေရတယ်””ဟု ၎င်းင်းက ရှင်းပြသည်။

ဒဏ်ကြေးစနစ်ပါ စည်းကမ်းချက်အရ တစ်ဦးချင်းနှင့် အိုဟောင်းပါမစ်ဖြင့် တင် သွင်းသည့်ကားများအတွက် အကောက်ခွန် ဦးစီးဌာန၏ ဆိပ်ကမ်းက ထုတ်ယူပြီးကြောင်း ဖော်ပြချက် (Custom Statement) စာရွက် စာတမ်းပါ သတ်မှတ်ရက် ၂၀ အတွင်းကို မူသေရက်အဖြစ် သတ်မှတ်ထားသည်။

ကားအရောင်းစင်တာများကိုမူ ပြခန်း တွင်ထားရှိသော ကြာမြင့်ရက်အတိုင်း ဒဏ်ကြေးပေးရခြင်းမရှိဘဲ မော်တော်ယာဉ် တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီက ထုတ်ပေး သော ၀ယ်ယူခွင့်လက်မှတ်ပါ ခုနစ်ရက် ကျော်လွန်မှသာ ဒဏ်ငွေ ကျပ် ၃,၀၀၀ ပေးဆောင်ရခြင်း ဖြစ်သည်။

သီရိမင်္ဂလာဈေးဟောင်း ကားပွဲတန်းမှ ၀ယ်ရောင်း ဦးကျော်နိုင်က “ဆိပ်ကမ်းထုတ်ကားကို နံပါတ်ယူပြီး ဈေး အကျခံမလား၊ ရက်လွန်ဒဏ်ကြေး တစ်ရက် ကျပ် ၃,၀၀၀ ပေးပြီး လက်ထဲဆက်ကိုင် ထားမလား၊ ဒါပဲ ရှိတယ်။ အရောင်းစင်တာ ပါမစ်ဝယ်ပြီး သွင်းတဲ့သူတွေကတော့ အားသာတာပေါ့။

အရောင်းအ၀ယ် တည့်ပြီးမှ ကားအရောင်း စင်တာကိုသွားပြီး ၀ယ်ယူခွင့်လက်မှတ် လျှောက်ခိုင်းလို့ရတော့ ဒဏ်ကြေး မပေးရတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် ကားတင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများကြောင့် ကားအရောင်းစင်တာ အချို့က အရောင်းစင်တာ ပါမစ်များကို ပြန်လည်ရောင်းချမှု များရှိနေပြီး ပါမစ် တစ်စောင်လျှင် ကျပ် ၁၅ သိန်းအထိ ဈေးပေါက်နေသည်။

Mizzima - News in Burmese 

No comments:

Post a Comment