Thursday 8 January 2015

လေပွေလှိုင်းများကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်

အရှေ့ရပ်က လေဝှေ့လှိုင်းများ ရွေ့လာသောကြောင့် ဇန်နဝါရီ ၈ ရက်မှစတင်ကာ သုံးရက်ဆက်တိုက် အချိန်အခါမဟုတ် မိုးရွားသွားနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မဇ္ဈိမကိုပြောသည်။

"အရှေ့ဘက်က လေပွေလှိုင်းတွေရွေ့လာတယ်။ အဲ့ဒါကြောင် ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့မှာ အချိန်အခါ မဟုတ် မိုးရွာနိုင်တယ်"ဟု ၎င်းကဆိုသည်။

ယင်းလေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် အဓိက မိုးရွာသွန်းနိုင်သည်ဟု ၎င်းကဆိုသည်။

Mizzima - News in Burmese 

1 comment: