Thursday 8 January 2015

အပူလှိုင်းကြောင့် ဩစတြေးလျမီးသတ်သမားများ တောမီးငြှိမ်းသတ်ရာတွင် အခက်တွေ့

Photo: အပူလှိုင်းကြောင့် ဩစတြေးလျမီးသတ်သမားများ တောမီးငြှိမ်းသတ်ရာတွင် အခက်တွေ့
Thursday, January 8, 2015 

နိုင်ငံတောင်ပိုင်းတွင် လောင် ကျွမ်းနေသော တောမီး၏ ပမာဏ အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း အပူလှိုင်း တစ်ခု ကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် ရုတ်တရတ်မီးလောင်မှုများအတွက် အသင့်အနေအထားသို့ ပြင်ဆင်ထား ရကြောင်း ဩစတြေးလျအာဏာပိုင် များ၏ ဗုဒ္ဓဟူးနေ့ပြောကြားမှုကို AFP သတင်းတွင် ဖော်ပြထားသည်။

ဩစတြေးလျတောင်ပိုင်းမီး သတ်ဌာနကလည်း အဒီလိတ်တောင် ကုန်းမှ တောမီး၏ ၈၅ ရာခိုင်နှုန်း ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အပူလှိုင်း ကြောင့် အပူချိန် ၃၈ ဒီဂရီဆဲလ်စီ ယက် (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။

''တောမီး၏ ၈၅ ရာခိုင်နှုန်းကို ထိန်း ချုပ်နိုင်ခဲ့ပြီဟု ဆိုသော်လည်း အပူ ချိန်ကြောင့် မီးမလောင်ရသေးသော နေရာများတွင် ရုတ်တရတ်မီးလောင် မှုများ ဖြစ်နိုင်သည့် အန္တရာယ်ရှိနေ ဆဲ''ဟု မီးသတ်ဌာန၏ ထိန်းချုပ်ရေး အရာရှိစတော့တာနာကဆိုသည်။

ထိုတောမီးသည် အဒီလိတ်မြို့အရှေ့ ပိုင်းမှ ချုံတောများနှင့် လယ်ယာမြေ များတွင် သောကြာနေ့ကတည်းက လောင်ခဲ့ပြီး မီးသည်မြေဧရိယာ ၁၂ ၅၀ဝဟက်တာလောင်ခဲ့ပြီးဖြစ်ရာ ယင်းကြောင့် အိမ် ၃၈လုံးအပါအဝင် အဆောက်အအုံ ၁၆ရ လုံးပျက်စီး ခဲ့ပြီဖြစ်သည်။

ထို့အပြင် အပူလှိုင်းကြောင့် မီးငြှိမ်းသတ်နေသည့် မီးသတ်သမား ၅၀ဝခန့်က အခြားမီးငြှိမ်းသတ်ရေး ဆိုင်ရာပစ္စည်းကိရိယာများ ကို ထပ်မံ စုဆောင်းနေရသည်ဟုလည်း တာနာ က ပြောသည်။

မီးသတ်သမားများ သည် ဗုဒ္ဓဟူးနေ့တွင် တောမီးကို ငြှိမ်းသတ်မှုစည်းများအတွင်း အပြီး သတ်ထိန်းသိမ်းနိုင်ရန်နှင့် ကြာသပ
တေးနေ့ရာသီဥတုတွင် အပြီးသတ် ထိန်းချုပ်နိုင်ရန် မျှော်လင့်နေသည် ဟုလည်း တာနာက ပြောသည်။

သောကြာနေ့မှစတင်ခဲ့သော တော မီးကြောင့် ဩစတြေးလျဒေါ်လာ ၁၃သန်း(ကန်ဒေါ်လာ ၁၀.၅သန်း) ဆုံးရှုံးခဲ့ရပြီဟုလည်း ဩစတြေးလျ အာမခံကောင်စီက ဆိုသည်။

Ref : AFP
Democracytoday
နိုင်ငံတောင်ပိုင်းတွင် လောင်ကျွမ်းနေသော တောမီး၏ပမာဏအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သော် လည်း အပူလှိုင်းတစ်ခုကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် ရုတ်တရတ်မီးလောင်မှုများအတွက် အသင့် အနေ အထားသို့ ပြင်ဆင်ထားရကြောင်း ဩစတြေးလျအာဏာပိုင်များ၏ ဗုဒ္ဓဟူးနေ့ပြောကြားမှုကို AFP သတင်း တွင် ဖော်ပြထားသည်။

ဩစတြေးလျတောင်ပိုင်းမီး သတ်ဌာနကလည်း အဒီလိတ်တောင် ကုန်းမှ တောမီး၏ ၈၅ ရာခိုင်နှုန်း ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အပူလှိုင်းကြောင့် အပူချိန် ၃၈ ဒီဂရီဆဲလ်စီ ယက် (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။

''တောမီး၏ ၈၅ ရာခိုင်နှုန်းကို ထိန်း ချုပ်နိုင်ခဲ့ပြီဟု ဆိုသော်လည်း အပူ ချိန်ကြောင့် မီးမလောင်ရသေးသော နေရာများတွင် ရုတ်တရတ်မီးလောင်မှုများ ဖြစ်နိုင်သည့် အန္တရာယ်ရှိနေ ဆဲ''ဟု မီးသတ်ဌာန၏ ထိန်းချုပ် ရေး အရာရှိစတော့တာနာကဆိုသည်။

ထိုတောမီးသည် အဒီလိတ်မြို့အရှေ့ ပိုင်းမှ ချုံတောများနှင့် လယ်ယာမြေများတွင် သောကြာနေ့ ကတည်း က လောင်ခဲ့ပြီး မီးသည်မြေဧရိယာ ၁၂ ၅၀ဝဟက်တာလောင်ခဲ့ပြီးဖြစ်ရာ ယင်းကြောင့် အိမ် ၃၈ လုံး အပါ အဝင် အဆောက်အအုံ ၁၆ရ လုံးပျက်စီး ခဲ့ပြီဖြစ်သည်။

ထို့အပြင် အပူလှိုင်းကြောင့် မီးငြှိမ်းသတ်နေသည့် မီးသတ်သမား ၅၀ဝခန့်က အခြားမီးငြှိမ်းသတ်ရေး ဆိုင် ရာ ပစ္စည်းကိရိယာများ ကို ထပ်မံ စုဆောင်းနေရသည်ဟုလည်း တာနာ က ပြောသည်။

မီးသတ်သမားများ သည် ဗုဒ္ဓဟူးနေ့တွင် တောမီးကို ငြှိမ်းသတ်မှုစည်းများအတွင်း အပြီး သတ်ထိန်းသိမ်း နိုင်ရန်နှင့် ကြာသပတေးနေ့ရာသီဥတုတွင် အပြီးသတ် ထိန်းချုပ်နိုင်ရန် မျှော်လင့်နေသည် ဟုလည်း တာနာက ပြောသည်။

သောကြာနေ့မှစတင်ခဲ့သော တော မီးကြောင့် ဩစတြေးလျဒေါ်လာ ၁၃သန်း(ကန်ဒေါ်လာ ၁၀.၅သန်း) ဆုံးရှုံးခဲ့ရပြီဟုလည်း ဩစတြေးလျ အာမခံကောင်စီက ဆိုသည်။

Ref : AFP
Democracytoday

No comments:

Post a Comment