Thursday 8 January 2015

အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ၏ အဓိကဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ ပုံစံပြောင်း လဲလာနိုင်ဟု ကော်မတီ တွင် ပါဝင်သူများဆို

အသစ်ဖွဲ့ စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ၏ အဓိကဆောင်ရွက်ရမည့် လုပ် ငန်း စဉ်များကို ကော်မတီအစည်းအဝေးပြုလုပ်မှသာ သိရှိရမည်ဖြစ်ပြီး ယခင်ကော်မတီနှင့် မတူညီဘဲ ဆောင်ရွက်မှုပုံစံပြောင်းလဲနိုင်ကြောင်း ကော်မတီဝင်များက ဇန်နဝါရီ ရရက်ကပြောသည်။

ထောင်တွင်းရှိ နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက်ရေးအ တွက် ယခင်က လက်ကျန်နိုင်ငံရေး အကျဉ်း သားဟောင်းများ စိစစ်ရေး ကော်မတီအနေဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ဇန်နဝါရီ ၅ရက်မှ စတင်၍ နိုင်ငံရေး အကျဉ်းသားများရေးရာကော်မတီအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက် ၍ ပြောကြားကြခြင်းဖြစ်သည်။

အဖွဲ့ဝင်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ''အမိန့် ထဲမှာ လဲ ဘာတွေဆောင် ရွက်ရမ လဲ ဆိုတဲ့ ညွှန်ကြားချက် မပါတဲ့အတွက် ပထမဆုံးအကြိမ် အစည်းအဝေး ထိုင် ပြီးမှပဲ ဘာတွေဆောင် ရွက် ရမလဲ ဆိုတာ ကျွန်တော် တို့သိရမယ်။ အ ကျဉ်းထောင်မှာရှိတဲ့သူတွေပဲ အကျုံးဝင်တာလား။ လွတ်မြောက်သူအကျဉ်း သားများအတွက် အကျုံးဝင်တာ လား ဆိုတာကအစပေါ့။ အစည်းအဝေး ဘယ်တော့လုပ်မယ်ဆို တာလဲ မသိ ရသေးပါဘူး''ဟု ပြောသည်။

ကော်မတီဖွဲ့စည်းရခြင်းသည် နိုင်ငံရေးအကျဉ်းသားများ၏ အရေး ကိစ္စများနှင့် ပတ်သက်၍ အောက်ခြေ အဆင့်ထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားသော်လည်း ကော် မတီ ၏ရည်ရွယ်ချက်ကို ကော်မတီဝင်များ အနေဖြင့် ယခုအချိန်ထိ သိရှိရခြင်း မရှိသေးကြောင်း သိရသည်။

အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ''ကော်မတီရဲ့နာမည်က ယေဘုယျဆန်တယ်။ ဘာအတွက်လဲ ကျွန်တော်တို့ မသိရသေးဘူး။ အရင် ကော်မတီတုန်းက ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဆိုတော့ သမ္မတနဲ့ တိုက်ရိုက်ထိတွေ့မှု ရှိတယ်ပေါ့။ အခု ကျတော့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဝန်ကြီးဆိုတော့ ဒါကလဲကော်မတီ အတွက် ဆောင်ရွက်မှုပုံစံတွေက ပြောင်းလဲနိုင်ပါတယ်'' ဟု ပြောသည်။

ထို့ပြင် ပြောင်းလဲဖွဲ့စည်းလိုက်သည့် ကော်မတီတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများ ပါရှိလာသော ကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွား သည့်အတွက် နိုင်ငံရေးအကျဉ်းသား များအတွက် အချက်အလက်စုဆောင်း မှု အဆင်ပြေနိုင်ကြောင်း၊ သို့သော် နိုင်ငံရေးအကျဉ်းသားများအရေး အတွက် တစိုက်မတ်မတ်လုပ်ဆောင် နေသော AAPP ကဲ့သို့ အဖွဲ့မျိုးအား ကော်မတီက မထုတ်ပယ်သင့်ကြောင်း ယင်းကပြောသည်။

SYMZ
Democracytoday‬

No comments:

Post a Comment