Thursday 8 January 2015

YCDC ရွေးကောက်ခံပုဂ္ဂိုလ်များ ပင်စင်ခံစားခွင့်မရှိဟု ဆို

Photo: YCDC ရွေးကောက်ခံပုဂ္ဂိုလ်များ ပင်စင်ခံစားခွင့်မရှိဟု ဆို
Thursday, January 8, 2015

 တာဝန်စတင်ထမ်း ဆောင်နေပြီဖြစ်သည့်  ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ခရိုင်မြို့နယ်အဆင့် ရွေးကောက်ခံပုဂ္ဂိုလ်များ  သက်တမ်းကုန်ဆုံးပါက   ပင်စင်လစာငွေ    ခံစားရယူပိုင်ခွင့်မရှိကြောင်း သတင်းရရှိသည်။

ကော်မတီအဆင့်တာဝန် ထမ်းဆောင်ခွင့်ရရှိထားသော ရွေးကောက်ခံများကို နိုင်ငံဝန်ထမ်းအ ဖြစ် သတ်မှတ်ထားခဲ့သော်လည်း ၎င်းတို့အတွက် ပင်စင်ခံစားခွင့် ပေးရန် သဲကွဲစွာ ထုတ်ဖော်ပြော ကြားထားခြင်းမရှိဟု YCDC ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။

‘‘နိုင်ငံ့ဝန်ထမ်းလို့ သတ်မှတ် ရင် ပင်စင်ရှိရမှာပေါ့။ ပင်စင်ခံစားခွင့်ပေးဖို့ ဥပဒေမှာလည်း မပါဘူး။ဒါပေမဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ်တော့ သူတို့သတ်မှတ်ထားတယ်’’  ဟု ဦးခင်လှိုင်က ပြောသည်။

ထို့အတူ ရွေးကောက်ခံ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင် မောင်တင့်ကလည်း ၎င်းတို့အနေ ဖြင့် သတ်မှတ်လစာသာ ခံစားခွင့် ရှိပြီး ပင်စင်ခံစားရယူပိုင်ခွင့်မရှိဟု သိထားကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စည်ပင်ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁၅ ဦးအနိုင်ရရှိပြီး သက်ဆိုင်ရာ ဌာနများတွင် ဇန်န၀ါရီ ၇ ရက်မှ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

ဗဟိုကော်မတီအဆင့်မှ မြို့ နယ်အဆင့်အထိ တာဝန်ထမ်း ဆောင်သူများသည် လစာကျပ် သုံးသိန်းမှ ကျပ်တစ်သိန်းဝန်းကျင် အထိရရှိမည်ဖြစ်ပြီး အခြားခံစား ခွင့်များ ထပ်မံပေးထားခြင်းမရှိဟု ဆိုသည်။

သို့သော်လည်း ယခင်တာ ၀န်ယူထားခဲ့သည့် စည်ပင်သာ ယာရေးဝန်ထမ်းများမှာ သက် တမ်းကာလပြီးဆုံးပါက ပင်စင်ရ ယူခံစားခွင့်ရှိသည်ဟု သိရသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေတောင် သက်တမ်းကုန်ဆုံး ရင် ပင်စင်ခံစားခွင့်ရှိကြသေးတာ ပဲ။ အခုလူထုရွေးချယ်ခဲ့တဲ့ ကိုယ် စားလှယ်တွေကိုလည်း ပေးသင့် တယ်ထင်တယ်’’ဟု စည်ပင်ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူ ဦးမြင့်ထွန်းက ပြောသည်။

ယခုတာဝန်ထမ်းဆောင်နေ သော ရွေးကောက်ခံကော်မတီဝင်များမှာ သက်တမ်းကာလတစ်နှစ် သာ တာဝန်ထမ်းဆောင်ချိန်ရှိသ ဖြင့် ပင်စင်ခံစားခွင့်ရရှိရန် ခက်ခဲ နေသည့် သဘောလည်း သက် ရောက်နေသည်ဟု YCDC အငြိမ်း စားဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

7Day DAILY

ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က (ဓာတ်ပုံ−ကျော်ဇင်သန်း)
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က (ဓာတ်ပုံ−ကျော်ဇင်သန်း) 
 တာဝန်စတင်ထမ်း ဆောင်နေပြီဖြစ်သည့်  ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ခရိုင်မြို့နယ်အဆင့် ရွေးကောက်ခံပုဂ္ဂိုလ်များ  သက်တမ်းကုန်ဆုံးပါက   ပင်စင်လစာငွေ    ခံစားရယူ ပိုင် ခွင့် မရှိကြောင်း သတင်းရရှိသည်။

ကော်မတီအဆင့်တာဝန် ထမ်းဆောင်ခွင့်ရရှိထားသော ရွေးကောက်ခံများကို နိုင်ငံဝန်ထမ်းအဖြစ်သတ် မှတ် ထားခဲ့သော်လည်း ၎င်းတို့အတွက် ပင်စင်ခံစားခွင့် ပေးရန် သဲကွဲစွာ ထုတ်ဖော်ပြော ကြားထားခြင်း မရှိဟု YCDC ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။

‘‘နိုင်ငံ့ဝန်ထမ်းလို့ သတ်မှတ် ရင် ပင်စင်ရှိရမှာပေါ့။ ပင်စင်ခံစားခွင့်ပေးဖို့ ဥပဒေမှာလည်း မပါဘူး။ဒါပေမဲ့ နိုင်ငံ့ ၀န်ထမ်းအဖြစ်တော့ သူတို့သတ်မှတ်ထားတယ်’’  ဟု ဦးခင်လှိုင်က ပြောသည်။

ထို့အတူ ရွေးကောက်ခံ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင် မောင်တင့်ကလည်း ၎င်းတို့အနေ ဖြင့် သတ်မှတ် လစာသာ ခံစားခွင့် ရှိပြီး ပင်စင်ခံစားရယူပိုင်ခွင့်မရှိဟု သိထားကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စည်ပင်ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁၅ ဦးအနိုင်ရရှိပြီး သက်ဆိုင်ရာ ဌာနများတွင် ဇန်န၀ါရီ ၇ ရက်မှ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။

ဗဟိုကော်မတီအဆင့်မှ မြို့ နယ်အဆင့်အထိ တာဝန်ထမ်း ဆောင်သူများသည် လစာကျပ် သုံးသိန်းမှ ကျပ် တစ်သိန်းဝန်းကျင် အထိရရှိမည်ဖြစ်ပြီး အခြားခံစား ခွင့်များ ထပ်မံပေးထားခြင်းမရှိဟု ဆိုသည်။

သို့သော်လည်း ယခင်တာ ၀န်ယူထားခဲ့သည့် စည်ပင်သာ ယာရေးဝန်ထမ်းများမှာ သက်တမ်းကာလပြီးဆုံး ပါက ပင်စင်ရ ယူခံစားခွင့်ရှိသည်ဟု သိရသည်။

‘‘လွှတ်တော်ကိုယ်စားလှယ်တွေတောင် သက်တမ်းကုန်ဆုံးရင် ပင်စင်ခံစားခွင့်ရှိကြသေးတာပဲ။ အခုလူထု ရွေးချယ် ခဲ့တဲ့ ကိုယ် စားလှယ်တွေကိုလည်း ပေးသင့် တယ်ထင်တယ်’’ဟု စည်ပင်ရွေး ကောက်ပွဲဝင် ရောက် ယှဉ်ပြိုင်ခဲ့ သူ ဦးမြင့်ထွန်းက ပြောသည်။

ယခုတာဝန်ထမ်းဆောင်နေသော ရွေးကောက်ခံကော်မတီဝင်များမှာ သက်တမ်းကာလတစ်နှစ်သာ တာဝန် ထမ်းဆောင်ချိန်ရှိသဖြင့် ပင်စင်ခံစားခွင့်ရရှိရန် ခက်ခဲနေသည့် သဘောလည်း သက်ရောက်နေသည်ဟု YCDC အငြိမ်း စားဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

7Day DAILY

No comments:

Post a Comment