Thursday 8 January 2015

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မုံရွာမြို့တွင် ခွင့်ပြုချက်ရ ယူပြီး ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်မှုများမဖြစ်ပွားစေရန်နှင့် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ရည် ရွယ်ချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့်အထိ မုံရွာမြို့၌ သံဃာအချို့အပါအဝင် အင်အား ၂၅ဝ ခန့် စုဝေးခဲ့ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းမှာ တရားဝင်ခွင့်ပြုချက်ရယူ၍ ဆန္ဒဖော် ထုတ်ခြင်းဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် ပြည်သူ့အားကစားကွင်းအနီး၌ စုဝေးပြီး ဆိုင်းဘုတ်များကိုင်ဆောင်လျက် ကြွေးကြော်သံများဖြင့် မုံရွာမြို့ တွင်းရှိ ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ သာစည်လမ်း၊ ပြည်ထောင်စု လမ်းနှင့် ရေစင်ကြီးလမ်းအတိုင်း ပြည်သူ့အားကစားကွင်းသို့ စီတန်း လှည့်လည်ဆန္ဒဖော် ထုတ်ခဲ့ကြကာ ငြိမ်းချမ်းစွာ လူစုခွဲသွားခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာအကျိုးအမြတ်ပေါ်မူတည်၍ နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ၁၉ ရာခိုင် နှုန်းနှင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်းဖြင့် ခွဲဝေရယူရန် စာချုပ် ချုပ်ဆိုထားခြင်းဖြစ် သည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စီမံကိန်း လုပ်ငန်းများမစတင်မီ တည်ဆောက်ရေးကာလတွင် နှစ်စဉ်အမေရိကန် ဒေါ်လာ တစ်သန်းနှင့် ထုတ်လုပ်မှုကာလအ တွင်း နှစ်စဉ်အသားတင်အမြတ် ၏၂ ရာခိုင်နှုန်း အချိုးကျထည့်ဝင်သုံးစွဲမည်ဖြစ်ပြီး မိုင်းပိတ်သိမ်းချိန်တွင် ပြန်လည်ထူ ထောင်ရေးလုပ်ငန်း များအတွက် နှစ်စဉ်အမေရိကန် ဒေါ်လာ နှစ်သန်းထည့်ဝင်သုံးစွဲ သွား မည်ဖြစ် သည်။

ထို့အပြင် စီမံကိန်းအတွက် သိမ်းဆည်းခဲ့သောမြေများအတွက် ၂ဝ၁၁ ခုနှစ်တွင် မြေလမ်းဥပဒေနှင့်အညီ မြေခွန်၏ ၂ဝ ဆနှုန်းဖြင့် ပထမအကြိမ် မြေယာလျော်ကြေးပေးခဲ့ရာ ဒေသခံများအားလုံး ထုတ်ယူပြီးဖြစ် ကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ မြေယာနစ်နာသွားသော ဒေသခံများအား ကာလဒေသပေါက်ဈေးဖြင့် ဒုတိယအကြိမ် လျော်ကြေးပေး ချေခဲ့ပြီးနောက် မြေသိမ်းခံတောင်သူများ အတွက် တတိယအကြိမ်အဖြစ် မြေယာထောက်ပံ့ကြေးများကို မြေယာအမျိုးအစားများအလိုက် တစ်ဧက လျှင် သုံးသိန်းမှ ၁၂ သိန်းအထိ ထပ်မံပေးအပ်ခဲ့ရာ မြေယာလျော်ကြေးနှင့် ထောက်ပံ့ကြေးငွေကျပ် သိန်းပေါင်း ၁ဝ၇၉၆၆ ဒသမ ၉၂ သိန်း ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ စီမံကိန်းနယ်မြေအတွင်းရှိ နှစ်ရှည်သီးနှံ ပင်များဖြစ်သည့် ထန်း၊ သနပ်ခါး၊ သရက်၊ ဆီးပင်များနှင့် ရေတွင်းများအတွက် လျော်ကြေးငွေများ ကိုလည်း တောင်သူတစ်ဦးချင်းထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတည်ဆောက်ဆဲ ကာလတွင် CSR ရန်ပုံငွေအဖြစ် ၂ဝ၁၃- ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၃ သန်းနှင့် ပြည်ထောင်စုရန်ပုံငွေမှ ကျပ်သန်း ပေါင်း ၄၉၇ ဒသမ ဝ၄ သန်း ဆောင်ရွက်ပေးခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် CSR ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ တစ်သန်း အကုန်အကျခံ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒေသခံ ၁၉၉၄ ဦးကို စီမံကိန်းလုပ်ငန်း ခွင်များ၌ အလုပ်ခန့်ထားပေးပြီးဖြစ်သည့်အပြင် ထပ်မံအလုပ်အကိုင်ရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက် လျက် ရှိကြောင်း၊ ထုတ်လုပ်မှုကာလမရောက်မီ အလုပ် အကိုင်စောင့်ဆိုင်းဆဲ ကာလတွင် ထောက်ပံ့ကြေး (Discount Salary) ကို မြေယာဆုံးရှုံးမှု ပမာဏအပေါ်မူတည်ပြီး လယ်/ယာမြေတစ်ဧကမှ ၁ဝ ဧကအထိ တစ်လလျှင် အမေရိကန်ဒေါ်လာ ၇ဝ၊ လယ်/ယာမြေ ၁၁ ဧကမှ ဧက ၂ဝ အထိ တစ်လလျှင် အမေရိကန် ဒေါ်လာ၁၂ဝ နှင့် လယ်/ယာမြေဧက ၂ဝ အထက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၆ဝ နှုန်းထားဖြင့် ခြောက်လတစ်ကြိမ် ကြိုတင်ထုတ်ပေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံ အများစုမှာ အကျိုးခံစား ရရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment