Thursday 8 January 2015

ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာတွင် မြေပြိုကျမှုဖြစ်ပွား ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး

Photo: ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာတွင် မြေပြိုကျမှုဖြစ်ပွား ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး
Thursday, January 8, 2015

ဖားကန့်မြို့နယ်တွင် လုပ်ကိုင်နေသည့် ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းများမှ ကုမ္ပဏီများ၏စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူလေးဦးမြေစာများပိမိကာ သေဆုံး မှုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ်ရှိ တောင်ပြိုကျေးရွာ၏အနောက် ဘက်၊ ဗလခရွာနှင့် မှော်မောင်းဘွမ်ကျေးရွာ အနီးရှိကျောက် စိမ်းတူးဖော်ရေးလုပ်ငန်းခွင် တွင် အမြင့်ပေ ၁ဝဝဝ ခန့်ရှိသည့် ကုမ္ပဏီများ ၏စွန့်ပစ်မြေစာပုံသည် ဇန်နဝါရီ ၆ ရက်ည ရနာရီ ၁၅မိနစ်ခန့်တွင် ပြိုကျလာသဖြင့် ရေမဆေးကျောက်ရှာဖွေသူများနှင့်ဈေးရောင်းချသူများ ထွက်ပြေးခဲ့ကြရပြီး လေးဦး ပိမိခဲ့ ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြေစာပိမိနေသူများ အား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ရရက် ညနေပိုင်းထိ အမျိုးသားနှစ်ဦးအ လောင်း ကိုသာ ရှာဖွေတွေ့ရှိခဲ့ရ ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ သိရသည်။

ယခုပြိုကျခဲ့သည့် မြေစာပုံမှာ အဆိုပါကျေးရွာအတွင်း လုပ်ကိုင် လျက်ရှိသည့်ကုမ္ပဏီ၊ ယူနတီ ကုမ္ပဏီ၊ ကချင်တိုင်းရင်းသားများဖွံ့ ဖြိုးတိုး တက်ရေးကုမ္ပဏီ၊ နဂါးကိုး ကောင်ကုမ္ပဏီ၊ နယူး ရတနာကုမ္ပဏီ နှင့် သိန်းအောင်ကုမ္ပဏီ စသည်တို့မှ စုပေါင်းစွန့်ပစ်လျက်ရှိသည့်မြေစာ ပုံဖြစ်ကြောင်း တောင်ပြိုကျေးရွာ ရာအိမ်မှူးဦးသန်းရွှေက ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြော သည်။

''ဒီမှာက ရေမဆေးကျောက်ရှာ တဲ့သူတွေကော၊ ရွာသားတွေကောရှိ တော့ တကယ်လို့ လူအပျောက်အ ရှတွေရှိရင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး တွေကိုလာ အကြောင်း ကြား ဖို့ပြော ထားတယ်။ လောလောဆယ်တော့ လူပျောက်လေးဦးပဲ လာပြောထား တယ်''ဟု ဦးသန်းရွှေက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

အဆိုပါပျောက်ဆုံးနေသည့် လေးဦးမှာ ဗလခကျေးရွာနေ မောင် နေလင်း ၂ဝနှစ် အဘဦးမောင် သောင်း၊ မောင်မျိုးနိုင် ၂၃နှစ် အဘ ဦးသာထွန်းစိန်၊ မသီတာစိုး ၂၁နှစ်၊ အဘဦး နေအောင် တို့နှင့် တောင်ပြို ကျေးရွာနေ မစိန်ဌေး ၃၅နှစ် အဘဦး အောင်ထွန်းကျော် တို့ဖြစ်ကြောင်း သိရသည်။ ပြန်လည်ရှာတွေ့ရှိခဲ့သည့် အလောင်းနှစ်လောင်းမှာ မောင်နေ လင်းနှင့် မောင်မျိုးနိုင် တို့ ဖြစ်ကြောင်း သိရသည်။

''ကျန်တဲ့သူတွေကတော့ ပြေး တာလွတ်သွားတယ်လို့သိရတယ်။ အဲဒီ့လူလေးယောက်ကတော့ ပျောက် ဆုံးနေတယ်ပေါ့။ အခုတော့ အမျိုး သားနှစ်ဦးကိုတွေ့ပါပြီ။ ကျန်တဲ့သူ တွေကို တော့ ဆက်ရှာနေဆဲပါ''ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် မော်မောင်း  ချောင်းနှင့်ဥရုချောင်းမတိမ်ကောရေး အတွက် မော်မောင်းဘွမ်ကျေးရွာ အနီး ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီများအနေဖြင့် ယင်းလုပ်ကွက် များနှင့်ငါးမိုင်ခန့် ကွာသောနေရာ သို့ ကျောက်မျက်တူးဖော်သည့်မြေစာ များ သွားရောက်စွန့်ပစ် ရကြောင်း သိ ရသည်။

ယင်းမြေစာပုံပြိုကျမှုကြောင့် ယင်းမြေစာပုံအနီးဈေးရောင်းချ နေသည့် ယာယီဈေးဆိုင် ကိုးဆိုင်၊  ဆိုင်ကယ်များနှင့်လူအချို့မြေစာ ပုံ အောက် နစ်မြုပ်သွားကြောင်း မိုးညှင်း မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဦးကျော်စိုးလေးက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ရတနာ ဆင်သီရိကုမ္ပဏီ၊ ဝေကုမ္ပဏီနှင့်ယူန တီကုမ္ပဏီတို့မှ ဘက်ဟိုးစက်များဖြင့် ရှာဖွေမှုများပြုလုပ်ခဲ့သလို နယ်မြေ ခံတပ်ရင်းမှ စစ်သည်အရာရှိများက လည်း ကူညီ ရှာဖွေပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Democracytoday

မြေပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာတွင် ရှင်းလင်းနေမှုကိုဒေသခံများ ဝိုင်းဝန်း ကြည့်ရှု နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - စိုးနိုင်ဦး (ဖားကန့်)
မြေပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာတွင် ရှင်းလင်းနေမှုကိုဒေသခံများ ဝိုင်းဝန်း ကြည့်ရှု နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - စိုးနိုင်ဦး (ဖားကန့်) 
ဖားကန့်မြို့နယ်တွင် လုပ်ကိုင်နေသည့် ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းများမှ ကုမ္ပဏီများ၏စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူလေးဦးမြေစာများပိမိကာ သေဆုံး မှုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ်ရှိ တောင်ပြိုကျေးရွာ၏အနောက် ဘက်၊ ဗလခရွာနှင့် မှော်မောင်းဘွမ်ကျေးရွာ အနီးရှိကျောက် စိမ်းတူးဖော်ရေးလုပ်ငန်းခွင် တွင် အမြင့်ပေ ၁ဝဝဝ ခန့်ရှိသည့် ကုမ္ပဏီများ ၏စွန့်ပစ်မြေစာပုံသည် ဇန်နဝါရီ ၆ ရက်ည ရနာရီ ၁၅မိနစ်ခန့်တွင် ပြိုကျလာသဖြင့် ရေမဆေး ကျောက်ရှာဖွေသူများနှင့်ဈေးရောင်းချသူများ ထွက်ပြေးခဲ့ကြရပြီး လေးဦး ပိမိခဲ့ ကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရသည်။

အဆိုပါ မြေစာပိမိနေသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ရရက် ညနေပိုင်း ထိ အမျိုးသားနှစ်ဦးအ လောင်း ကိုသာ ရှာဖွေတွေ့ရှိခဲ့ရ ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ သိရသည်။

ယခုပြိုကျခဲ့သည့် မြေစာပုံမှာ အဆိုပါကျေးရွာအတွင်း လုပ်ကိုင် လျက်ရှိသည့်ကုမ္ပဏီ၊ ယူနတီ ကုမ္ပဏီ၊ ကချင်တိုင်းရင်းသားများဖွံ့ ဖြိုးတိုး တက်ရေးကုမ္ပဏီ၊ နဂါးကိုး ကောင်ကုမ္ပဏီ၊ နယူး ရတနာကုမ္ပဏီ နှင့် သိန်းအောင်ကုမ္ပဏီ စသည်တို့မှ စုပေါင်းစွန့်ပစ်လျက်ရှိသည့်မြေစာ ပုံဖြစ်ကြောင်း တောင်ပြိုကျေးရွာ ရာအိမ်မှူးဦးသန်းရွှေက ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြော သည်။

''ဒီမှာက ရေမဆေးကျောက်ရှာ တဲ့သူတွေကော၊ ရွာသားတွေကောရှိ တော့ တကယ်လို့ လူအပျောက်အ ရှတွေရှိရင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး တွေကိုလာ အကြောင်း ကြား ဖို့ပြော ထားတယ်။ လောလောဆယ် တော့ လူပျောက်လေးဦးပဲ လာပြောထား တယ်''ဟု ဦးသန်းရွှေက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

အဆိုပါပျောက်ဆုံးနေသည့် လေးဦးမှာ ဗလခကျေးရွာနေ မောင် နေလင်း ၂ဝနှစ် အဘဦးမောင် သောင်း၊ မောင်မျိုးနိုင် ၂၃နှစ် အဘ ဦးသာထွန်းစိန်၊ မသီတာစိုး ၂၁နှစ်၊ အဘဦး နေအောင် တို့နှင့် တောင်ပြို ကျေးရွာနေ မစိန်ဌေး ၃၅နှစ် အဘဦး အောင်ထွန်းကျော် တို့ဖြစ်ကြောင်း သိရသည်။ ပြန်လည်ရှာတွေ့ရှိ ခဲ့သည့် အလောင်းနှစ်လောင်းမှာ မောင်နေ လင်းနှင့် မောင်မျိုးနိုင် တို့ ဖြစ်ကြောင်း သိရသည်။

''ကျန်တဲ့သူတွေကတော့ ပြေး တာလွတ်သွားတယ်လို့သိရတယ်။ အဲဒီ့လူလေးယောက်ကတော့ ပျောက် ဆုံးနေတယ်ပေါ့။ အခုတော့ အမျိုး သားနှစ်ဦးကိုတွေ့ပါပြီ။ ကျန်တဲ့သူ တွေကို တော့ ဆက်ရှာနေဆဲပါ''ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ် မော်မောင်း  ချောင်းနှင့်ဥရုချောင်းမတိမ်ကောရေး အတွက် မော်မောင်းဘွမ်ကျေးရွာ အနီး ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီများအနေဖြင့် ယင်းလုပ်ကွက် များနှင့်ငါးမိုင်ခန့် ကွာသောနေရာ သို့ ကျောက်မျက် တူးဖော်သည့်မြေစာ များ သွားရောက်စွန့်ပစ် ရကြောင်း သိ ရသည်။

ယင်းမြေစာပုံပြိုကျမှုကြောင့် ယင်းမြေစာပုံအနီးဈေးရောင်းချ နေသည့် ယာယီဈေးဆိုင် ကိုးဆိုင်၊  ဆိုင်ကယ် များနှင့်လူအချို့မြေစာ ပုံ အောက် နစ်မြုပ်သွားကြောင်း မိုးညှင်း မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ရတနာဆင်သီရိကုမ္ပဏီ၊ ဝေကုမ္ပဏီနှင့်ယူန တီကုမ္ပဏီတို့မှ ဘက်ဟိုးစက်များဖြင့် ရှာဖွေမှုများပြုလုပ်ခဲ့သလို နယ်မြေ ခံတပ်ရင်းမှ စစ်သည်အရာရှိများက လည်း ကူညီ ရှာဖွေပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Democracytoday

No comments:

Post a Comment