Thursday 20 November 2014

အပြိုင်အဆိုင်များသည့်မိဘများကြောင့် ကလေးငယ်များစိတ်ဖိစီးမှုဒဏ်ခံရ

မြို့ပြများတွင်နေထိုင်ကြသည့်မိဘများက သားသမီးများကို ပညာရေး၌ အပြိုင်အဆိုင်ပြုလုပ်ခိုင်းခြင်း ကြောင့် ကလေးငယ်များ စိတ်ဖိစီးမှုဒဏ်ခံနေရကြောင်း စိတ်ပညာရှင်များကပြောသည်။

မိဘများ၏ဖိအားကြောင့် ကလေးငယ်များသည် စာမေးပွဲ နီးကပ်၍ကြောက်ခြင်း၊ မျိုသိပ်မှု များခြင်းကြောင့် တစ်ကိုယ်တည်း နေသောစိတ်ခံစားမှုများဖြစ်လာသည်။ မိဘများအနေဖြင့် သားသမီးများကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ရန် ကလေးငယ်များနှင့် ပိုမိုကစားပေးရန် လိုအပ်ကြောင်း၊ ဒေါက်တာမြင့်လွင်(စိတ်ပညာ) က လည်း အကြံပြု ထားသည်။

‘‘မိဘတွေက အပြိုင်အဆိုင် လုပ်ကြတယ်။ ကလေးတွေက ကစားချိန်မရှိတော့ဘူး။ ကျောင်း မှာစာသင်ရ တယ်။ ကျူရှင်တက် ရတယ်။ လွတ်လပ်စွာနေခွင့်တွေ လျော့လာတယ်’’ဟု မြန်မာနိုင်ငံ စိတ်ပညာအသင်း၏ အတွင်းရေး မှူးဦးလှမြင့်ကဆိုသည်။

ကလေးငယ်များ၏ စိတ်ဒဏ်ရာတွင် တအုံနွေးနွေးဖြစ်နေပြီး ကလေးငယ်မှာ ကြီးလာသည့်အခါ တစ်ယူသန် စိတ်ဖြစ်ကာ မိဘ၏ထိန်းကျောင်းမှုကို လက်မခံတော့ဘဲ ပျက်စီးတတ်ကြောင်း၊ မြန်မာနိုင်ငံ စိတ်ပညာ အသင်း အတွင်းရေးမှူး ဦးလှမြင့်က ပြော သည်။

‘‘ကလေးတွေစိတ်ဖိစီးမှုများ လာတယ်။ ပထမရရမယ်ဆိုပြီး ဖိအားပေးတာရှိတယ်။ စိတ်ဓာတ် ကျလို့ သတ်သေကြတာရှိလာပြီ။ သူတို့ခံစားချက်ကို ဘယ်လိုပြောရမလဲ မသိကြဘူး။ လွတ်လပ်စွာ ပြောနိုင်ရ မယ်။ မိဘကိုလည်း မပြောရဲဘူး။ မိဘနဲ့အဆင်မပြေ တာရှိလာတယ်’’ဟု ၎င်းကဆို သည်။

နိုဝင်ဘာ ၁၇ ရက်ညနေက မှော်ဘီနည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားတစ်ဦး စာမေးပွဲကျရှုံးခဲ့ သဖြင့် မိမိကိုယ် ကိုယ် သေကြောင်းကြံစည်မှုဖြစ် ပွားခဲ့သည်။

‘‘ခေတ်ကပြောင်းလဲလာပြီ။ မိဘတွေက ပညာရေးမှာ ကိုယ့် ကလေးကို တော်စေချင်တဲ့စိတ် များတော့ ဖိအားပေးတာရှိတယ်။ ကလေးတွေက ကျူရှင်တွေ၊ အချိန်ပိုတွေ တက်နေရတယ်။ အလုပ်နဲ့ဝင်ငွေကြောင့် အားလပ် ရက်တွေမှာလည်း သူတို့အတွက် အပန်းဖြေဖို့နေရာတွေမသွားနိုင် ပါဘူး’’ဟု ကလေးနှစ်ဦး၏ ဖခင်ဦးဟန်ကြည်ကပြောသည်။

ယခုအခါ စီးပွားရေး၊ လူမှု ရေးများကြောင့် စိတ်ဓာတ်ကျ ဆင်းနေသူများအတွက် နှစ်သိမ့် ဆွေးနွေး ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာ နိုင်ငံစိတ်ပညာအသင်းက စိတ် ပညာအရ စိတ်ဓာတ် ကျဆင်းသူ၏ပြောစကားများကို နားထောင်ပေးခြင်း၊ ၎င်း၏အားနည်းချက်ကို ကိုယ်တိုင်မြင်၍ လက်ခံတတ် စေ ရန် မိသားစုက အကြံပြုခြင်းများ ပြုလုပ်ပေးသင့်သည်။

စိတ်ကျရောဂါ ခံစားနေရသူများ၊ မျိုးရိုးကြောင့်စိတ်ရောဂါ ဖြစ်ပွားသူများ၊ ယာမ (စိတ်ကြွ ဆေး)သုံးစွဲ၍ စိတ်ရောဂါဝေဒနာခံစားနေရသူများ၊ အရက်အလွန်အကျွံသုံးစွဲ၍ စိတ်ရောဂါဖြစ်ပွားသူများရှိကြောင်း စိတ် ကျန်းမာ ရေးဆေးရုံမှသိရသည်

7Day Daily

No comments:

Post a Comment