Thursday 20 November 2014

စီမံချက်ကြောင့် မလေးရှားရောက် မြန်မာလုပ်သားတစ်သိန်းကျော် ပြန်လာရဖွယ်ရှိ

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သော မြန်မာအပါအ၀င် နိုင်ငံခြားသားများအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား နေရပ်ပြန်ရန် ကြေညာလိုက်၍ တရားမ၀င် နေထိုင် သည့် မြန်မာလုပ်သားတစ်သိန်း ကျော် ပြန်လာရဖွယ်ရှိနေကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ အသစ်ရောက်ရှိ လာသော ညွန်ကြားရေးမှူးသည် နိုင်ငံအတွင်း တရားမ၀င်နေထိုင်သော နိုင်ငံခြားသားများ များပြားနေခြင်း၊ ပြစ်မှုဆိုင်ရာ မှုခင်းများ  များပြားနေခြင်း တို့ကြောင့် ရှင်း လင်းဆောင်ရွက်မည်ဟု ပြောကြားလိုက်ကြောင်း မလေးရှား The Starသတင်းဌာနက ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် တရား မ၀င်နေထိုင်သူများအတွက် တရားစီရင်ရေး၌လည်း ကုန်ကျစရိတ် များပြားလာသောကြောင့် အဆိုပါညွှန်ကြားရေးမှူးလက်ထက်တွင် အထူးကိုင်တွယ်သွားမည်ဟု The Star သတင်းဌာနက ဖော်ပြထား သည်။ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သောသူများကို ယခု နှစ်အတွင်း ဖမ်းဆီးမှုများပြုလုပ် ရာ ၁၄ ရာခိုင်နှုန်းထိ ဖမ်းဆီးမိထားပြီး အဆိုပါ ဖမ်းဆီးမှုအတွက် မလေးရှား ရင်းဂစ် ၂၂ သန်းကျော် အသုံးပြုထားကြောင်း သိရသည်။

တရားမ၀င် နေထိုင်သူများအား ငှားရမ်းအသုံးပြုထားသော အလုပ်ရှင်များကိုလည်း လူဝင်မှု ကြီးကြပ်ရေး ဌာနသို့ လာရောက် သတင်းပေးအပ်နှံရန် ကြေညာထားသည်။ မလေးရှားနိုင်ငံတွင် တရားမ၀င်နေ ထိုင်သော ရွှေ့ပြောင်းမြန်မာလုပ်သား တစ်သိန်းကျော်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ခန့်မှန်းထားပြီး မြန်မာနိုင်ငံသို့ ပြန်သွားရဖွယ်ရှိကြောင်း မလေးရှားရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသော အဖွဲ့အစည်းများက ပြောသည်။

‘‘ဒီညွှန်ကြားရေးမှူးအသစ် က တရားမ၀င်တွေအားလုံးကို ဖယ်ရှားမယ်လို့ ပြောလိုက်တယ်။ သူတို့နိုင်ငံက ဒီတရားမ၀င်တွေကို အရင်ကတည်းက လက်ခံထားတာ မဟုတ်ဘူး။ အခုလည်း လက်ခံမထားဘူး။ အခုတော့ အားလုံး ပြန်ပို့မယ်လို့ ပြောထားတယ်။ တရားမ၀င် မြန်မာလုပ်သားတွေ လည်း CI လျှောက်ပြီး ပြန်လို့ရပါ တယ်’’ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံအရာရှိ ဦးမင်းမင်းဝင်း က ပြောသည်။

 တရားမ၀င်နေထိုင်သော မြန်မာလုပ်သားများ ပြန်မည်ဆိုပါ က မြန်မာသံရုံးတွင် နိုင်ငံသားဖြစ် ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်၍ လူဝင်မှုကြီးကြပ်ရေး တွင် အထူးလျှောက်ထားခွင့် (Special Pass)အတွက် ရင်းဂစ် ၁၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းတို့ ချိန်းဆိုသောနေ့တွင် လက်မှတ်ခ ရင်းဂစ် ၄၀၀ ပေးဆောင်ရမည် ဖြစ်သည်။

‘‘ဒီရက်ပိုင်းအတွင်း အဖမ်းစိပ်လာမယ်။ အိမ်တွေဝင်ရှာနိုင်တယ်။ ပိတ်ဆို့တာတွေရှိလာမယ်။ လတ်တလော တော့ ပုံမှန် ဖမ်းနေတုန်းပဲ။ အကြီးအကျယ် ကြီးတော့ မစသေးပါဘူး။ အလုပ် သမားတွေ အလုပ်ခွင်ကနေ အိမ် အပြန်သတိထားပြန်ကြပါလို့ မှာ ချင်တယ်။ ဖမ်းဆီးခံရရင်တော့ ထောင်ကျမှာပဲ’’ဟု မလေးရှားနိုင် ငံ အိုဖာစတေးဖောင်ဒေးရှင်းမှ ဦး ချစ်ကောင်းက ပြောသည်။

မလေးရှားနိုင်ငံ၌ ပီနန်မြို့ တစ်မြို့တည်းတွင် ၂၀၁၄ ခုနှစ်အ တွင်း မြန်မာလုပ်သား ၂၀ ဦးအ သတ်ခံရ ကြောင်း မလေးရှားအစိုး ရက နိုဝင်ဘာ ၁၁ ရက်တွင် တရားဝင်ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ် အတွင်းက မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သော နိုင်ငံခြားသားများအား ဖမ်းဆီးမှုများ ဆက် တိုက်ပြုလုပ်ရာ တရားမ၀င်မြန်မာ လုပ်သား တစ်ထောင်ကျော်ဖမ်း ဆီးခံရပြီး မြန်မာလုပ်သား ၃,၀၀၀ကျော် ပြန်ရောက် လာခဲ့သည်။

7Day DAILY

No comments:

Post a Comment