Thursday 20 November 2014

တရားရုံးချုပ် အဆောက်အအုံကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဟိုတယ်အဖြစ် တွေ့ရမည်

Photo: တရားရုံးချုပ် အဆောက်အအုံကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဟိုတယ်အဖြစ် တွေ့ရမည်
Thursday, November 20, 2014

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နေပြည် တော်တွင် တည်းခိုခဲ့သော Kem-pinski ဟိုတယ်အုပ်စုက ရန်ကုန် မြို့ရှိ တရားရုံးချုပ်ကို ပြန်လည်ပြုပြင်ခွင့်ရရှိထားပြီး ဒုတိယမြောက်ဟိုတယ်အဖြစ် ၂၀၁၆ နှောင်းပိုင်း ၌ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုလိုနီခေတ်ပုံစံ ရှေးဟောင်း State House အဆောက်အအုံကို ပြန်လည်ဆန်းသစ်မွမ်းမံထား သော အဆိုပါဟိုတယ်သစ်တွင် အခန်းပေါင်း ၂၂၉ ခန်း၊ စားသောက်ဆိုင်သုံးဆိုင်၊ ဧည့်ကြိုဆောင်၊ ခေါင်မိုးပေါ်တွင် ဖွင့်လှစ်ထားသည့် ဘား၊ ခန်းမဆောင်တစ်ခု၊ ရေကူးကန်နှင့် Kempinski The Spa တို့ ပါဝင်မည် ဖြစ်သည်။

တရားရုံးချုပ်ကို ပြန်လည်ပြု ပြင်ခွင့်နှင့် ဟိုတယ်ဆောက်လုပ် ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၄ စက်တင်ဘာလတွင် လက် မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Kempinski ဟိုတယ်ရန် ကုန်သည် နေပြည်တော်ဟိုတယ် ကဲ့သို့ပင် ကြယ်ငါးပွင့် အဆင့်ရှိ မည်ဖြစ်ပြီး ဟိုတယ်ကို Prime Residence Company က ပိုင် ဆိုင်ကာ Kempinski ဟိုတယ် အုပ်စု၏ စီမံခန့်ခွဲမှုဖြင့် ဖွင့်လှစ် မည်ဖြစ်ကြောင်း Kempinski ဟို တယ် အထွေထွေမန်နေဂျာကပြောကြားသည်။

Kempinski သည် နိုင်ငံ ပေါင်း ၃၁ နိုင်ငံ၌ ကြယ်ငါးပွင့် အဆင့်ဟိုတယ် ၇၃ ခုဖွင့်လှစ်ထား ရှိပြီး ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှဒေသရှိ နိုင်ငံ များတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ပြီးခဲ့သည့် လဆန်းက Ke-mpinski ဟိုတယ် (နေပြည်တော်) သည် ၎င်း၏ Royal Pavilion ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်သစ်တွင် ဗီလာ သုံးခုပါရှိကာ အခန်းပေါင်း ၁၄၁ ခန်း ပါဝင်ပါသည်။

နေပြည်တော် Kempinski ဟိုတယ်ကို ပြည်တွင်းကုမ္ပဏီနှစ် ခုဖြစ်သော ကမ္ဘောဇကုမ္ပဏီအုပ် စုနှင့် Jewellery Lucky Group of Companies တို့က အမေရိကန် ဒေါ်လာ ၄၅ သန်းရင်းနှီးမြှုပ်နှံမှု ဖြင့် တည်ဆောက်ဖွင့်လှစ်ထား ခြင်း ဖြစ်သည်။

7Day DAILY 

တရားရုံးချုပ်အဆောက်အအုံ (ဓာတ်ပုံ − ကျော်ဇင်သန်း)

အမေရိကန်သမ္မတ ဘားရက်အိုဘားမား နေပြည် တော်တွင် တည်းခိုခဲ့သော Kem-pinski ဟိုတယ် အုပ်စုက ရန်ကုန် မြို့ရှိ တရားရုံးချုပ်ကို ပြန်လည်ပြုပြင်ခွင့်ရရှိထားပြီး ဒုတိယမြောက်ဟိုတယ်အဖြစ် ၂၀၁၆ နှောင်းပိုင်း ၌ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုလိုနီခေတ်ပုံစံ ရှေးဟောင်း State House အဆောက်အအုံကို ပြန်လည်ဆန်းသစ်မွမ်းမံထား သော အဆိုပါဟိုတယ်သစ်တွင် အခန်းပေါင်း ၂၂၉ ခန်း၊ စားသောက်ဆိုင်သုံးဆိုင်၊ ဧည့်ကြိုဆောင်၊ ခေါင်မိုး ပေါ်တွင် ဖွင့်လှစ်ထားသည့် ဘား၊ ခန်းမဆောင်တစ်ခု၊ ရေကူးကန်နှင့် Kempinski The Spa တို့ ပါဝင်မည် ဖြစ်သည်။

တရားရုံးချုပ်ကို ပြန်လည်ပြု ပြင်ခွင့်နှင့် ဟိုတယ်ဆောက်လုပ် ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၄ စက်တင်ဘာလတွင် လက် မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Kempinski ဟိုတယ်ရန် ကုန်သည် နေပြည်တော်ဟိုတယ် ကဲ့သို့ပင် ကြယ်ငါးပွင့် အဆင့်ရှိ မည်ဖြစ်ပြီး ဟိုတယ်ကို Prime Residence Company က ပိုင် ဆိုင်ကာ Kempinski ဟိုတယ် အုပ်စု၏ စီမံခန့်ခွဲမှုဖြင့် ဖွင့်လှစ် မည်ဖြစ်ကြောင်း Kempinski ဟို တယ် အထွေထွေမန်နေဂျာကပြောကြားသည်။

Kempinski သည် နိုင်ငံ ပေါင်း ၃၁ နိုင်ငံ၌ ကြယ်ငါးပွင့် အဆင့်ဟိုတယ် ၇၃ ခုဖွင့်လှစ်ထား ရှိပြီး ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှဒေသရှိ နိုင်ငံ များတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ပြီးခဲ့သည့် လဆန်းက Ke-mpinski ဟိုတယ် (နေပြည်တော်) သည် ၎င်း၏ Royal Pavilion ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်သစ်တွင် ဗီလာ သုံးခုပါရှိကာ အခန်းပေါင်း ၁၄၁ ခန်း ပါဝင်ပါသည်။

နေပြည်တော် Kempinski ဟိုတယ်ကို ပြည်တွင်းကုမ္ပဏီနှစ် ခုဖြစ်သော ကမ္ဘောဇကုမ္ပဏီအုပ် စုနှင့် Jewellery Lucky Group of Companies တို့က အမေရိကန် ဒေါ်လာ ၄၅ သန်းရင်းနှီးမြှုပ်နှံမှု ဖြင့် တည်ဆောက်ဖွင့်လှစ်ထား ခြင်း ဖြစ်သည်။

7Day DAILY

No comments:

Post a Comment