Thursday 20 November 2014

ဗလီ ၃ ခုတွင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုဖြင့် လူ ၁၀၉ ဦးကို ကင်ညာရဲဖမ်းဆီး

Photo: ဗလီ ၃ ခုတွင် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုဖြင့် လူ ၁၀၉ ဦးကို ကင်ညာရဲဖမ်းဆီး
Thursday, November 20, 2014

ကင်ညာရဲတွေဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မွမ်ဘာဆာက ဗလီ ၃ ခုကနေ ဖောက်ခွဲရေး ပစ္စည်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရှာတွေ့ခဲ့တဲ့ အတွက် သံသယရှိတဲ့ စစ်သင်တန်းတက်နေဆဲ လူ ၁၀၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

မြို့တော် နိုင်ရိုဘီနဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက် တိုက်ခိုက်မှုအတွဲလိုက် အတွက် ပြစ်တင်ခံနေရတဲ့ အစ္စလာမ္မစ် စစ်သွေးကြွကွန်ရက်ကို ဖြိုခွဲဖို့ ကင်ညာအစိုးရက ကြိုးစားနေတာပါ။

အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုမာလီ အယ်လ်ရှာဘတ်အုပ်စုက တပ်သားသစ်တွေ အများအပြား စုဆောင်းနေတယ်လို့လည်း ပြောပါတယ်။

ရဲတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဗလီ ၂ ခုကို စီးနင်းခဲ့ပြီး စစ်သွေးကြွ လှုပ်ရှားမှု သက်သေတွေလို့ သူတို့က ပြောတဲ့ စာတွေနဲ့ လက်နက်တွေကို သိမ်းဆည်းခဲ့ပါတယ်။

နောက်နေ့မှာပဲ ဓားတွေ၊ တောခုတ်ဓားတွေ ကိုင်ဆောင်ထားတဲ့ လူငယ်တစုက လူ ၃ ယောက်ကို သတ်ခဲ့ပါတယ်။

.ဒေသခံရဲအုပ် ရစ်ချတ် ငါတီယာကတော့ စုံစမ်းစစ်ဆေးသူတွေက မွန်ဘာဆာရဲ့ မီနာဗလီမှာ တောခုတ်ဓား ၃ ချောင်းနဲ့ လက်ပစ်ဗုံးတလုံး တွေ့ပြီး ဆွာဖာဗလီမှာ ဗုံးတလုံးနဲ့ ဆယ်လီတာ ဓာတ်ဆီဗုံး ၂ လုံး တွေ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က စတဲ့ စီးနင်းမှုတွေအတွင်း လူ ၃၇၆ ယောက်ကို ဖမ်းခဲ့ပြီး ၉၁ ယောက်ကိုတော့ သက်သေမရှိလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။

တရားသူကြီးတွေက လူ ၁၅၈ ယောက်ကို အယ်လ်ရှာဘတ်သူပုန်အဖွဲ့ဝင်တွေအဖြစ် စီရင်ချက်ချမယ်လို့ ပြောပြီး တခြားထိန်းသိမ်းခံတွေကို ဘာလုပ်ရမယ်ဆိုတာ စဉ်းစားနေဆဲလို့ ရဲတွေက ပြောပါတယ်။

အရှေ့အာဖရိကရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံမှာ မလုံခြုံမှုတွေ ထိုးနှက်နေပြီး မနှစ်ကတော့ အနောက်နိုင်ငံတွေက ကင်ညာမြို့တော်နဲ့ ကမ်းရိုးတန်းဒေသကို ခရီးသွားသတိပေးချက် ထုတ်ပြန်ခဲ့လို့ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေရင်းမြစ်ကြီးဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။

DVB
ကင်ညာရဲတွေဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မွမ်ဘာဆာက ဗလီ ၃ ခုကနေ ဖောက်ခွဲရေး ပစ္စည်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ရှာတွေ့ခဲ့တဲ့ အတွက် သံသယရှိတဲ့ စစ်သင်တန်းတက်နေဆဲ လူ ၁၀၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

မြို့တော် နိုင်ရိုဘီနဲ့ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက် တိုက်ခိုက်မှုအတွဲလိုက် အတွက် ပြစ်တင်ခံနေရတဲ့ အစ္စလာမ္မစ် စစ်သွေးကြွကွန်ရက်ကို ဖြိုခွဲဖို့ ကင်ညာအစိုးရက ကြိုးစားနေတာပါ။

အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆိုမာလီ အယ်လ်ရှာဘတ်အုပ်စုက တပ်သားသစ်တွေ အများ အပြား စုဆောင်းနေတယ်လို့လည်း ပြောပါတယ်။ ရဲတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဗလီ ၂ ခုကို စီးနင်းခဲ့ပြီး စစ်သွေးကြွလှုပ်ရှားမှု သက်သေတွေလို့ သူတို့ကပြောတဲ့ စာတွေနဲ့ လက်နက်တွေကို သိမ်း ဆည်းခဲ့ပါတယ်။

နောက်နေ့မှာပဲ ဓားတွေ၊ တောခုတ်ဓားတွေ ကိုင်ဆောင်ထားတဲ့ လူငယ်တစုက လူ ၃ ယောက်ကို သတ်ခဲ့ပါတယ်။ .ဒေသခံရဲအုပ် ရစ်ချတ် ငါတီယာကတော့ စုံစမ်းစစ်ဆေးသူတွေက မွန်ဘာဆာရဲ့ မီနာဗလီမှာ တောခုတ်ဓား ၃ ချောင်းနဲ့ လက်ပစ်ဗုံးတလုံး တွေ့ပြီး ဆွာဖာဗလီမှာ ဗုံးတလုံးနဲ့ ဆယ်လီတာ ဓာတ်ဆီဗုံး ၂ လုံး တွေ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က စတဲ့ စီးနင်းမှုတွေအတွင်း လူ ၃၇၆ ယောက်ကို ဖမ်းခဲ့ပြီး ၉၁ ယောက် ကိုတော့ သက်သေမရှိလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။ တရားသူကြီးတွေက လူ ၁၅၈ ယောက်ကို အယ်လ်ရှာ ဘတ်သူပုန်အဖွဲ့ဝင်တွေအဖြစ် စီရင်ချက်ချမယ်လို့ ပြောပြီး တခြားထိန်းသိမ်းခံတွေကို ဘာလုပ်ရမယ်ဆိုတာ စဉ်းစားနေဆဲလို့ ရဲတွေက ပြောပါတယ်။

အရှေ့အာဖရိကရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံမှာ မလုံခြုံမှုတွေ ထိုးနှက်နေပြီး မနှစ်က တော့ အနောက်နိုင်ငံတွေက ကင်ညာမြို့တော်နဲ့ ကမ်းရိုးတန်းဒေသကို ခရီးသွားသတိပေးချက် ထုတ်ပြန်ခဲ့ လို့ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေရင်းမြစ်ကြီးဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။

DVB

No comments:

Post a Comment