Thursday 20 November 2014

အင်ဒိုနီးရှားတွင် လောင်စာဆီဈေးနှုန်း တိုးမြှင့်မှုကြောင့် ဆန္ဒပြ

Photo: အင်ဒိုနီးရှားတွင် လောင်စာဆီဈေးနှုန်း တိုးမြှင့်မှုကြောင့် ဆန္ဒပြ
Thursday, November 20, 2014

အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီဈေးနှုန်းကို မြှင့်တင်လိုက်တာကို မကျေနပ်သူတွေဟာ နိုင်ငံ အနှံ့မှာ စုရုံး ဆန္ဒပြနေကြပါတယ်။ ဂျာကာတာမြို့က သမ္မတအိမ်တော်ရှေ့မှာ ဆန္ဒပြအဖွဲ့ ၂ ဖွဲ့ စုရုံးပြီး အလံတွေ နဖူးစည်းစာတမ်းတွေကို ဝှေ့ယမ်း၊ သီချင်းတွေဆိုရင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ဆန္ဒပြကြပါတယ်။

Indonesia2အလုပ်သမား အဖွဲ့အစည်းတွေက အဖွဲ့ဝင် ၁၀၀ လောက်ကလည်း လောင်စာဆီ ဈေးနှုန်းကို ချပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။

ဆန္ဒပြနေတဲ့ အဒီ ၀ီဘိုဝိုက လောင်စာဆီ ဈေးနှုန်းကို ကျားကန်ပေးထားတာကို ရုပ်သိမ်းမယ့် သမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့မူဝါဒကို လက်မခံနိုင်ဘူး။ လောင်စာဆီဟာလည်း ပြည်သူတွေ ရသင့် ရထိုက်တဲ့ အခြေခံအခွင့်အရေး ဖြစ်တယ်။ လောင်စာဆီ ဈေးနှုန်းမတက်အောင် နိုင်ငံတော်က ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အရင်အတိုင်းပဲ ဆက်ထောက်ပံ့ပေးပါလို့ တောင်းဆိုလိုက် ပါတယ်။

ဂျာကာတာမြို့မှာသာမက တခြား ဒေသတွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာကို ရုပ်မြင်သံကြားလိုင်းတွေမှာ ပြသပါတယ်။

အစိုးရ ကျားကန်ပေးထားတဲ့ ဓာတ်ဆီနဲ့ ဒီဇယ် ဈေးနှုန်းတွေကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစလို့ သမ္မတ ၀ီဒိုဒိုက မြှင့်တင်လိုက်ပါတယ်။ လောင်စာဆီ ဈေးနှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်သွားပါ တယ်။ ဒါဟာ သမ္မတ ၀ီဒိုဒိုလက်ထက် ဘဏ္ဍာငွေကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး နောက်နှစ်ကျရင် အစိုးရဘက်ဂျက်ငွေ ၁၁ ဒသမ ၅ ဘီလီယံအထိ သက်သာမယ်လို့ မျှော်လင့်ထားပါတယ်။ ဗဟိုအစိုးရ ဘက်ဂျက်ရဲ့ ၉ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ငွေပမာဏဖြစ်ပါတယ်။

လောင်စာဆီအတွက် ထောက်ပံ့ပေးနေတာကို ရပ်လိုက်လို့ အပိုထွက်လာမယ့် ငွေတွေကို အခြေခံ အဆောက်အဦတည်ဆောက်ဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ အသုံးပြုဖို့ သမ္မတ ၀ီဒိုဒိုက ကတိပြုထားပါတယ်။

ဒီဗွီဘီ
အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီဈေးနှုန်းကို မြှင့်တင်လိုက်တာကို မကျေနပ်သူတွေဟာ နိုင်ငံ အနှံ့မှာ စုရုံး ဆန္ဒပြနေကြပါတယ်။ ဂျာကာတာမြို့က သမ္မတအိမ်တော်ရှေ့မှာ ဆန္ဒပြအဖွဲ့ ၂ ဖွဲ့ စုရုံးပြီး အလံတွေ နဖူးစည်းစာတမ်းတွေကို ဝှေ့ယမ်း၊ သီချင်းတွေဆိုရင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ဆန္ဒပြကြပါတယ်။

Indonesia2အလုပ်သမား အဖွဲ့အစည်းတွေက အဖွဲ့ဝင် ၁၀၀ လောက်ကလည်း လောင်စာဆီ ဈေးနှုန်းကို ချပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။

ဆန္ဒပြနေတဲ့ အဒီ ၀ီဘိုဝိုက လောင်စာဆီ ဈေးနှုန်းကို ကျားကန်ပေးထားတာကို ရုပ်သိမ်းမယ့် သမ္မတ ဂျိုကို ၀ီဒိုဒိုရဲ့မူဝါဒကို လက်မခံနိုင်ဘူး။ လောင်စာဆီဟာလည်း ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခြေခံ အခွင့် အရေး ဖြစ်တယ်။ လောင်စာဆီ ဈေးနှုန်းမတက်အောင် နိုင်ငံတော်က ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အရင်အတိုင်းပဲ ဆက်ထောက်ပံ့ပေးပါလို့ တောင်းဆိုလိုက် ပါတယ်။

ဂျာကာတာမြို့မှာသာမက တခြား ဒေသတွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာကို ရုပ်မြင်သံကြား လိုင်းတွေမှာ ပြသပါတယ်။

အစိုးရ ကျားကန်ပေးထားတဲ့ ဓာတ်ဆီနဲ့ ဒီဇယ် ဈေးနှုန်းတွေကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစလို့ သမ္မတ ၀ီဒိုဒိုက မြှင့်တင်လိုက်ပါတယ်။ လောင်စာဆီ ဈေးနှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်သွားပါ တယ်။ ဒါဟာ သမ္မတ ၀ီဒိုဒိုလက်ထက် ဘဏ္ဍာငွေကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး နောက်နှစ်ကျရင် အစိုးရဘက်ဂျက်ငွေ ၁၁ ဒသမ ၅ ဘီလီယံအထိ သက်သာမယ်လို့ မျှော်လင့်ထားပါတယ်။ ဗဟိုအစိုးရ ဘက်ဂျက်ရဲ့ ၉ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ငွေပမာဏဖြစ်ပါတယ်။

လောင်စာဆီအတွက် ထောက်ပံ့ပေးနေတာကို ရပ်လိုက်လို့ အပိုထွက်လာမယ့် ငွေတွေကို အခြေခံ အဆောက်အဦ တည်ဆောက်ဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ အသုံးပြုဖို့ သမ္မတ ၀ီဒိုဒိုက ကတိပြုထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment